Home Tags နအဖ

Tag: နအဖ

လှုပ်ရှား စစ်တပ်က ရွာထဲတွင် မီးရှို့ပြီး မိုင်းဗုံးထောင်

ဇူလိုင်လ ၂၄ရက်။ နန်းထူးစံ (ကေအိုင်စီ) ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ သဒါးဒဲကျေးရွာကို ၀င်ရောက်မီးရှို့ဖျက်ဆီးခဲ့သည် နအဖတပ်များသည် ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါ ကျေးရွာမှ မထွက်ခွာခင် ရွာထဲတွင် မိုင်းဗုံးများ ထောင်ထားခဲ့သောကြောင့် ရွာသူရွာသားများ အိမ်ပြန်ရန် ထိတ်လန့်နေကြ သည်။ နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၁၀) ဗျူဟာ(၂)သည်...

၆နာရီကြာ တိုက်ပွဲတွင် ကေအဲန်အယ်လ်အေနှင့် နအဖ ထိခိုက်ကျဆုံးမှုရှိ

မေလ ၁၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဖါးပြဂွင်တွင် ယမန်နေ့မနက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေ အဲန်အယ်လ်အေ)နှင့် နအဖစစ်တပ်တို့အကြား (၆)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိ ရသည်။ ယမန်နေ့မနက်တွင် ကြာအင်းဆိပ်ကြီးမှ ခလယ်တံခွန်တိုင်ဘက်သို့ တက်လာသည့် အင်အား (၄၀)ကျော်ရှိ နအဖ စစ်ကွပ်ကဲ ရေးဌာနချုပ်-စကခ(၈)...

စစ်တပ်မှ ပေါ်တာခေါ်ရာတွင် အမျိုးသမီးများကို ပိုအသုံးပြုလာ

ဇန်န၀ါရီလ ၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ) ကရင်ပြည်နယ်တွင် အခြေချလှုပ်ရှားနေသော နအဖစစ်တပ်များသည် ယခုနှစ်ဆန်းပိုင်းတွင် တပ်ရိက္ခာ ပို့ဆောင်ရေးအတွက် ပေါ်တာခေါ်ရာ တွင် အမျိုးသမီးများကို ပိုမိုအသုံးပြုလာသည်ဟု နယ်စပ်သတင်းများအရ သိရသည်။ ယခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့က ကရင်ပြည်နယ် မြောက်ပိုင်း တောင်ငူခရိုင်တွင် အခြေချလှုပ်ရှားနေသော နအဖစစ်တပ်...

၂၀၀၉ခုနှစ်အတွင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေများ၌ တိုက်ပွဲပေါင်း တစ်ထောင်ကျော် ဖြစ်ပွားခဲ့

ဇန်န၀ါရီလ ၈ရက်။ စောခါးစူးညား (ကေအိုင်စီ) ကရင်ပြည်နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်ရာ နယ်မြေများဖြစ်သည့် တပ်မဟာ(၇)ခု တွင် ၂၀၀၉ခုနှစ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (ကေအဲန်အယ်လ်အေ)နှင့် နအဖ၊ ဒီကေဘီအေတပ်ဖွဲ့ များ တိုက်ပွဲပေါင်း တစ်ထောင်ကျော် ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ကေအဲန်ယူ၏ ၂၀၀၉ခုနှစ် နှစ်ချုပ်တိုက်ပွဲမှတ်တမ်းတွင် ပြီးခဲ့သည့် တနှစ်တာလုံးအတွင်း ပြောက်ကျားနှင့်...

ဖာပွန်မြို့ဗုံးပေါက်ကွဲမှု ကေအဲန်ယူလက်ချက်ဟု နအဖထုတ်ပြန်

ဒီဇင်ဘာလ ၁၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ) ကရင်ပြည်နယ် ဖာပွန်မြို့၌ ဒီဇင်ဘာလ ၁၆ရက်နေ့က ကျင်းပပြုလုပ်သည့် ကရင့်နှစ်သစ်ကူးနေ့ပွဲတော်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ ၎င်းသည် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ လက်ချက်ဖြစ်သည်ဟု နအဖမှ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။ ဖာပွန်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းရှေ့ ကွင်းပြင်၌ ကျင်းပပြုလုပ်သည့် ၂၇၄၉ခုနှစ်မြောက်...

တောင်ငူဒေသတွင်း လုပ်အားခိုင်းစေမှု ပိုများလာ

ဒီဇင်ဘာလ ၃။ နန်းထူးစံ (ကေအိုင်စီ) ယခုလအတွင်း တောင်ငူဒေသအတွင်း ဝင်ရောက်စခန်းချနေသော နအဖ စစ်တပ်များက ဒေသခံ ရွာသူရွာသားများအား ခေါ်ယူခိုင်း စေရာတွင် အမျိုးသမီးများလည်း ပါဝင်သည်ဟု ထိုဒေသမှ လာသည့်သတင်းအရ သိရသည်။ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ဝင်ရောက်အခြေချလှုပ်ရှားသည့် နအဖ စစ်ကွပ်ကဲရေးဌာနချုပ်(၅) လက်အောက်ခံ တပ် ရင်းများက...

KPF ဥက္ကဌ စောသုမုဟဲ ကျန်းမာရေး အလွန်ဆိုးရွားနေ

ဒီဇင်ဘာလ ၃။ စောသိန်းမြင့် (ကေအိုင်စီ) ကရင်ပြည်နယ်၊ ဟောင်သရောအထူးဒေသ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ ကေပီအက်ဖ်တပ်ဖွဲ့၏ ဥက္ကဌဖြစ်သူ စောသုမုဟဲ သည် ကျန်းမာရေး ဆိုးရွားစွာ ခံစားနေရသည်ဟု ကေပီအက်ဖ်သတင်းများအရ သိရသည်။ လွန်ခဲ့သည့် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံ၌ ဆေးကု...

ကားလမ်းပြုပြင်ရေးအတွက် ရွာသားများ အဓမ္မချောဆွဲခံနေရ

နိုဝင်ဘာလ ၂၇ရက်၊ စောသိန်းမြင့် (ကေအိုင်စီ) ကရင်ပြည်နယ်တောင်ပိုင်း၊ ဘိတ်ထားဝယ်ခရိုင်တွင် နအဖစစ်တပ်က ကားလမ်းပြုပြင်ရန်အတွက် လယ်ဒိုစိုးမြို့နယ်ရှိ ရွာသားများကို အဓမ္မချော ဆွဲနေသည်ဟု ဒေသဆိုင်ရာ သတင်းများအရ သိရသည်။ ဒုဗိုလ်မှူးကြီး အောင်အောင်လှိုင် ဦးဆောင်သော နအဖ ခမရ(၄၃၃)တပ်ရင်းသည် ယခုလ နိုဝင်ဘာလ ၂၄ရက်နေ့မှစ၍ ယနေ့အထိ လယ်ဒိုစိုး မြို့နယ်...

တိုက်ပွဲဖြစ်ပွားမှုကြောင့် နအဖ ဒုရင်းမှူးတဦး အပါအဝင် (၅)ဦး ဒဏ်ရာရ တပ်ခွဲမှူးတဦးကျဆုံး

နိုဝင်ဘာ (၂၁)ရက်။ နန်းထူးစံ (ကေအိုင်စီ) ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှ ဝေါ်လေဂွင်အတွင်း ယခုရက်ပိုင်းတွင် အသစ်ဝင်ရောက် လှုပ်ရှားလာသော နအဖတပ်ဖွဲ့နှင့် ကေအဲန်အယ်လ်အေတပ်ဖွဲ့တို့အကြား ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဒုရင်းမှူးတဦးအပါအဝင် တပ်ဗိုလ်တပ်မှူး(၅)ဦး ဒဏ် ရာရရှိခဲ့ပြီး တပ်ခွဲမှူးတဦး ကျဆုံးခဲ့ကြောင်း ထိုဒေသမှ လာသည့်သတင်းရသိရသည်။ ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေရှိ...

နအဖ ထုတ်ပြန်သည့်သတင်း ဖြစ်နိုင်ခြေမရှိဟု ကေအဲန်ယူပြော

နိုဝင်ဘာလ ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ) ခရီးသည်တင်သင်္ဘောအား ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ခရီးသည် သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရသည်ဟု ယနေ့ထုတ် စစ်အစိုးရပိုင် ကြေးမုံသတင်းစာတွင် ထုတ်ပြန်ရေးသားခြင်းသည် ဖြစ်နိုင်ခြေမရှိကြောင်း ကေအဲန်ယူက ပြောသည်။ ကေအဲန်ယူ တွဲဘက်အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက “အဲဒီဂွင်မှာ...