Home Tags နအဖ

Tag: နအဖ

More than 200 flee from KNU Brigade 5 clashed

https://www.youtube.com/watch?v=VQIOjgckXXg

နအဖနှင့် ဒီကေဘီအေကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

ဒီဇင်ဘာလ ၁၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ) ကရင်ပြည်နယ် ဝေါ်လေဒေသနှင့် ချူကလီးဒေသဘက်တွင် နအဖနှင့် ဒီကေဘီအေတို့ကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွား ခဲ့ရာ တိုက်ပွဲအခြေအနေမှာ ယနေ့အထိ ပြင်းထန်လျှက်ရှိသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။ ယနေ့ နေ့လည်တွင် ချူကလီးဒေသ၌ အသစ် ၀င်ရောက်လှုပ်ရှားလာသည့် စကခ(၁၉)လက်အောက်ခံ ခလရ(၂၉၉)၊ ခမရ...

တက်လာသည့် နအဖတပ် ချုံခို တိုက်ခိုက်ခံရ

ဒီဇင်ဘာ ၁၀ရက်။ စောသိန်းမြင့် (ကေအိုင်စီ) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် မုလအိတောင်နှင့်ကပ်လျှက် ချူကလီးဒေသသို့ တက်လာသည့် နအဖစစ်ကြောင်း အား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ)မှ ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၃ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။ တပ်အင်အား ၂၀၀ကျော်ရှိ အဆိုပါ နအဖ စစ်ကြောင်းမှာ...

နအဖစစ်တပ် ကျေးရွာအနီးတ၀ိုက် နှစ်ညဆက်တိုက် လက်နက်ကြီးငယ် ဖြင့် လိုက်လံပစ်ခတ်

နိုဝင်ဘာလ ၂၀ရက်။ စောသိန်းမြင့် (ကေအိုင်စီ) ဒီကေဘီအေ တပ်ဖွဲ့ဝင်များ လှုပ်ရှားလျှက်ရှိသော ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထီးတပလယ်ကျေးရွာ အနီးတ၀ိုက် တွင် နအဖစစ်တပ်က နိုဝင်ဘာလ ၁၈ရက်နေ့ညကတည်းက နှစ်ညဆက်တိုက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လိုက်လံ ပစ်ခတ်လျှက်ရှိသည်ဟု ဒီကေဘီအေတပ်ဖွဲ့က ပြောသည်။ ဒီကေဘီအေ တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ် စောလားပွယ်က...

အင်အား အလုံးအရင်း တိုးချဲ့လာ သည့် နအဖတပ်များကြောင့် ဒေသခံရွာသားများ စိုးရိမ်ထိတ်လန့်

နိုဝင်ဘာလ ၁၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ) ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ခွဲတွင် ယခုရက်ပိုင်းအတွင်း နအဖ စစ်တပ်များ အင်အား အလုံးအရင်းဖြင့် တိုးချဲ့လာပြီး ကေအဲန်ယူနှင့် တိုက်ပွဲဖြစ်ပွားလာနိုင်သည့်အရေးကို ရွာသားများ အလွန်စိုးရိမ်ထိတ်လန့်ကြသည်ဟု သိရသည်။ နိုဝင်ဘာလ ၁၄ရက်နေ့နှင့် ၁၅ရက်နေ့တွင် မြိုင်ကလေး၊ သက်ကယ်၊ ကျောက်ခွဲ၊ ကျောက်ပူ၊ တာ့ဒေး၊ အပလုံ...

မြ၀တီမြို့အတွင်း ပစ်ခတ်မှုဆက်တိုက်ဖြစ်ပွားပြီ

နိုဝင်ဘာလ ၈ရက်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)နှင့် နအဖ စစ်တပ်တို့ ကြား ယနေ့မနက် မြန်မာစံတော်ချိန် ၉နာရီမှစ၍ ယခုနေ့ခင်းပိုင်းအချိန်ထိ မြ၀တီမြို့တွင်း၌ ဒီကေဘီအေနှင့် နအဖ စစ်တပ်များ ပစ် ခတ်မှု သုံးနေရာ ဆက်တိုက် ဖြစ်ပွားခဲ့ရာ...

နအဖ၏ နိုင်ငံတော် အလံသစ် NCGUB အလံနှင့် တထပ်တည်း တူနေ

အောက်တိုဘာလ ၂၅ရက်။ ကေအိုင်စီ နအဖ စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရေးဆွဲသတ်မှတ်လိုက်သည့် မြန်မာနိုင်ငံတော်အလံသစ်သည် ပြည်ပအ ခြေစိုက် မြန်မာနိုင်ငံအမျိုးသားညွှန့်ပေါင်းအစိုးရ(NCGUB)၏ အလံနှင့် တထပ်တည်းတူနေသည်ဟု သတင်းများ ထွက်ပေါ်လျှက် ရှိသည်။ နအဖ စစ်အစိုးရသည် အောက်တိုဘာလ ၂၁ရက်၊ မွန်းလွဲ ၃း၃၀နာရီအချိန်တွင် အ၀ါရောင်၊ အစိမ်းရောင်၊...

နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၀ဦးကျော် ကေအဲန်ယူနှင့် ပူးပေါင်းခဲ့

စက်တင်ဘာ ၁၀ရက်။ နန်းဖော့ဂေ (ကေအိုင်စီ) သြဂုတ်လအတွင်း ကရင်ပြည်နယ်တွင် နအဖ၏ နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲ ကျင်းပပြုလုပ်အပြီး ဒီကေဘီအေမှ နယ်ခြား စောင့်တပ် ဖြစ်သွားကြသည့်နောက်ပိုင်း ယနေ့အထိ ၎င်းတပ်ဖွဲ့ဝင် ၁၃ဦးသည် ကေအဲန်ယူ တပ်မဟာ(၇)ထံ လာရောက်ပူး ပေါင်းခဲ့ကြောင်း သိရသည်။ ကေအဲန်ယူ လက်အောက်ရှိ ကေအဲန်အယ်လ်အေ တပ်မဟာ(၇)မှ...

ကေအဲန်ယူနှင့် ရင်ဆိုင်တိုက်ပွဲတွင် နအဖ ၂ဦး ကျဆုံး

သြဂုတ်လ ၂၉ရက်။ ကေအိုင်စီ ကေအဲန်ယူ တပ်ရင်း(၂၀၁)နှင့် နအဖ ခမရ(၄၀၇)တို့ မြ၀တီခရိုင် ဝေါ်လေဒေသတွင် ယနေ့မနက် ၆နာရီက ရင်ဆိုင်တိုက်ပွဲဖြစ် ပွားရာ နအဖဘက်မှ ၂ဦးကျဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့သည်။ အချိန် ဆယ်မိနစ်ခန့် ကြာမြင့်သည့် အဆိုပါတိုက်ပွဲတွင် ကေအဲန်ယူဘက်မှ ထိခိုက်မှုမရှိဘဲ နအဖဘက်မှသာ ထိခိုက်ကျဆုံးမှု ရှိကြောင်း...

ပြန်လည်တိုက်ခိုက်ရန် ဒီကေဘီအေ စစ်ရေးအဆင်သင့်ဖြစ်နေပြီ

ဇူလိုင်လ ၂၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ) နအဖစစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းရေးကို လုံးဝငြင်းဆန်သည့် ဗိုလ်မှူးကြီးစောလားပွယ် (ဗိုလ်နှုတ်ခမ်း မွှေး) ဦးဆောင်သော ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း စစ်ရေးပြင်ဆင်ထားမှုများ အဆင်သင့်ရှိပြီ ဖြစ်ကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။ ဒီကေဘီအေ တပ်မဟာ(၅)မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက “နယ်ခြားစောင့်တပ်ကို ကျနော်တို့ လုံးဝ...