Home Authors Posts by poe moo

poe moo

102 POSTS 0 COMMENTS

KNU နှင့် မွန်ပြည်သစ်ပါတီတို့ နှစ်ဖက်စစ်ရေးတင်းမာမှု ပြေလည်မှုရရှိ

မေလ ၄ ရက်၊ ၂ဝ၁၉ ခုနှစ်။ စောမြတ်ဦးသာ ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် မွန်ပြည်သစ်ပါတီ -NMSP တို့ သစ်ထုတ်လုပ်မှုကိစ္စနှင့် နယ်မြေအငြင်းပွားမှုကြောင့် ဖြစ်ပွားခဲ့သည့် နှစ်ဖက် စစ်ရေးတင်းမာမှုကို မေလ ၃ရက်(ယမန်နေ့)က ဘုရားသုံးဆူမြို့နယ်၊ သဘာဝရေတံခွန်နေရာ၌ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုအရ ပြေလည်မှုရရှိသွားပြီဟု သိရသည်။ ဘုရားသုံးဆူမြို့နယ် ဒဒိန်အနီးတစ်ဝိုက်တွင်...

လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့် “အကဲဖြတ်ချက်”

(မေ ၃၊ ၂၀၁၉ခုနှစ်။ စောထွန်းလင်း) မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်းခရီးမှာ ၁၀ စုနှစ်တစ်ခုအတွင်းသို့ ရောက်ရှိလာပြီးဖြစ်သည်။ ဒီမိုကရေစီတွင် အခြေခံ ကျသည့် လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့် အခြေအနေမှာမူ တိုးတက်မှုမရှိဘဲ အချို့ကိစ္စရပ်များတွင် ဆုတ်ယုတ်ကျ ဆင်းသွားသည်ဟု မေ ၂ ရက်နေ့တွင် ပဲန်မြန်မာက ထုတ်ပြန်သည့်...

စပါးဈေးကျဆင်းနေသည့် အတွက် ပန်းတနော်မြို့နယ်ရှိ နွေစပါးစိုက်တောင်သူများ အရှုံးပေါ်နေ

မေလ ၃ ရက်၊ ၂၀၁၉ ခုနှစ်။ နန့်ဖောင်မွီးရှာ ယခုလက်ရှိ နွေစပါး ရိတ်သိမ်းချိန်တွင် စပါးဈေးကျဆင်းနေသည့်အတွက် ကျေးရွာတွင်းသို့ လာရောက် ဝယ်ယူ သည့် ကုန်သည်များ နည်းပါးပြီး ပန်းတနော်မြို့နယ်အတွင်းရှိ နွေစပါးစိုက်တောင်သူများ အရှုံးပေါ်ကာ အခက်အ ခဲများကြုံတွေ့နေကြကြောင်း စပါးစိုက်တောင်သူများက ပြောသည်။ ပန်းတနော်မြို့နယ် ဘုရားနှစ်ဆူ ကျေးရွာရှိ...

NCA လက်မှတ်ထိုးထားသည့် KNU နှင့် မွန်ပြည်သစ်ပါတီတို့ ပစ်ခတ်မှုဖြစ်ပြီး နှစ်ဖက်စစ်ရေးတင်းမာနေ

မေလ ၂ ရက်၊ ၂ဝ၁၉ ခုနှစ်။ စောမြတ်ဦးသာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးထားသည့် ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံးနှင့် မွန်ပြည်သစ်ပါတီ-NMSPတို့အကြား ဧပြီလ ၂၉ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ် ဒဒိန်အနီး တစ်ဝိုက် တွင် ပစ်ခတ်မှုဖြစ်ပြီးခဲ့ပြီးနောက် ယခု စစ်ရေးအခြေအနေ တင်းမာမှုရှိနေဆဲဟု...

ကရင်ပြည်နယ်ရှိ မြို့နယ် ၃ ခုတွင် သဘာဝမြေသြဇာ ထုတ်လုပ်နိုင်ရေးစီမံကိန်းတစ်ခု ဆောင်ရွက်မည်

မေလ ၅ ရက်၊ ၂၀၁၉ ခုနှစ်။ နန်းဝေဖြိုးဇာ တောင်သူလယ်သမားများအတွက် သဘာဝမြေသြဇာများကို နည်းစနစ်မှန်စွာ ထုတ်လုပ်တတ်ရန် ရည်ရွယ်ပြီး အကောင်အထည်ဖော်မည့် ကုန်းမြင့်ဒေသ စိုက်ပျိုးရေးသွင်းအားစုများနှင့် လယ်ယာဝန်ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း တစ်ခုကို စိုက်ပျိုးရေးဦးစီးဌာနနှင့် IFDC တို့မှ ကရင်ပြည်နယ်ရှိ မြို့နယ် ၃ ခုတွင်...

အနန်းကွင်းရွာဖြစ်စဉ် သေဆုံးသူများ၏ ကျန်ရစ်သူများ ဆက်လက် ရပ်တည်ရေးအတွက် ခက်ခဲနေ

မေလ ၂ရက်၊ ၂ဝ၁၉ခုနှစ်။ စောမြတ်ဦးသာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာ ဧပြီလ ၅ ရက်နေ့က တပ်မတော်သား ၂ဦး၏ ပစ်သတ်မှုကြောင့် အရပ်သား ၈ဦးအား သေနတ်နှင့်ပစ်သတ်ခံရသည့်နောက်ပိုင်း ကျန်ရှိခဲ့သူ မိသားစုဝင်အချို့ ဆက်လက် ရပ်တည်ရေးအတွက် အခက်အခဲဖြစ်နေရသည်ဟု သေဆုံးသူများ၏ ကျန်မိသားစုဝင်များက ပြောသည်။ ကျန်ရစ်သူ မိသားစုဝင်...

တပ်မတော်၏ အပစ်ရပ်ကာလ တိုးမြှင့်မှုအပေါ် DKBA ကြိုဆိုထောက်ခံ

မေလ ၂ ရက်၊ ၂၀၁၉ ခုနှစ်။ ကေအိုင်စီ တပ်မတော်၏ စစ်ရေးလှုပ်ရှားမှု နှစ်လတာတိုးမြှင့်ရပ်ဆိုင်းပေးမှုအပေါ် ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)က အပြည့်အဝထောက်ခံကြိုဆိုကြောင်း ယမန်နေ့ (မေလ ၁ ရက်)တွင် DKBA စစ်ဦးစီးချုပ်ရုံးမှ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး စောမိုရှေးလက်မှတ်ဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်...

သောက်ရေခပ်(၁) ရေအားလျှပ်စစ်စီမံကိန်း လုပ်ဆောင်မည်ကို ဒေသခံများ မလိုလား

မေလ ၂ ရက်၊ ၂၀၁၉ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ သောက်ရေခပ်ချောင်းပေါ်တွင် အကောင်အထည်ဖော်ရန် အလားအ လာရှိနေသည့် သောက်ရေခပ်(၁) ရေအားလျှပ်စစ်စီမံကိန်း လုပ်ဆောင်မည်ဆိုပါက ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲပြဿနာများနှင့် ပတ်သက်ပြီး စိုးရိမ်ရသည့်အတွက် ယင်းစီမံကိန်းကို အလိုမရှိကြောင်း ဒေသခံများက ဆိုသည်။ လာမည့် မေလ ၅...

အလုပ်သမားရေးဆိုင်ရာ တောင်းဆိုချက်ပါ အဆိုတင်သွင်းစာကို နှစ်ဖက်အစိုးရထံပေးပို့တောင်းဆို

မေလ ၁ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး မြှင့်တင်ရေးအဖွဲ့(MRPWG )မှ ဦးဆောင်၍ ရွှေ့ပြောင်းအလုပ်သမားရေး ဆိုင်ရာ တောင်းဆိုချက်ပါ အဆိုတင်သွင်းစာတစ်စောင်ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ယနေ့ (မေလ ၁ရက်) ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ မေဒေး (May...

(RISE) ၏ ဒါရိုက်တာ နန်းမြသီတာနှင့် တွေ့ဆုံမေးမြန်းခြင်း

“လောလောဆယ်ဖြစ်နေတဲ့ တိုက်ပွဲတွေတောင် ရပ်ဖို့တောင် မဖြစ်နိုင်တဲ့ဟာ ငြိမ်းချမ်းရေးရဖို့ဆိုတာ ဝေးရောပေါ့။” လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ခြုံငုံသုံးသပ်ပြောဆိုပေးရန်အတွက် ကရင်ပြည်နယ်အခြေစိုက် (Research Institute for Society and Ecology - RISE) ၏ ဒါရိုက်တာ နန်းမြသီတာကို ကေအိုင်စီ သတင်းထောက် စအိုင်ဆူး က...