Home Authors Posts by KIC News

KIC News

7199 POSTS 0 COMMENTS

ရာဘာဈေးကျ၍ ခြံပိုင်ရှင်များ လုပ်ငန်းဆက်ရန် ခက်ခဲ

ဇွန် ၁၈ရက်၊၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ ယခုနှစ်တွင် ရာဘာဈေးနှုန်းများ ပိုမို ကျဆင်းသည့်အတွက် မိုးတွင်းပိုင်း ရာဘာပင်များ ပြန်လည်မွမ်းမံမည့် ရာဘာခြံပိုင်ရှင်များ နှင့် လုပ်သားများမှာ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန် အခက်အခဲ ဖြစ်နေသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။ မွန်ပြည်နယ်၊ သထုံမြို့နယ်မှ ရာဘာခြံပိုင်ရှင် နော်မရီဦးက “အခုချိန်မှာ ရာဘာဈေးမရှိတော့လို့ တချို့ခြံတွေက...

ဇွန်လဆန်းတွင် မယ်လဒုက္ခသည်စခန်း၌ စိတ်ကြွဆေးပြား နှစ်ကြိမ် ဖမ်းဆီးရမိ

ဇွန် ၁၈ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ယခု ဇွန်လ ပထမအပတ်က ရာဘ (ခေါ်) စိတ်ကြွ ဆေးပြား ရောင်းဝယ်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးရရှိမှု နှစ်ကြိမ် ဖြစ်ပေါ်ခဲ့ကြောင်း မယ်လစခန်းတာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။ ဇွန်လ ၁၂ရက်နေ့က မယ်လစခန်း ဇုံ...

၁၂ကြိမ်မြောက် ဆီးဂိမ်းကာယအလှမယ် ပြိုင်ပွဲတွင် ကရင်တိုင်းရင်းသူ ဒုတိယဆုရရှိ

ဇွန် ၁၈ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့ စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ၁၂ကြိမ်မြောက် bodybuilding ဆီးဂိမ်း(ကာယအလှမယ်ပြိုင်ပွဲ)သို့ သွားရောက်ယှဉ်ပြိုင်ခဲ့ သည့် မြန်မာနိုင်ငံကိုယ်စားပြု ကရင်တိုင်းရင်းသူ ကာယအလှမယ် နန်းထက်ထက်လင်းက ဒုတိယဆု ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အဖွဲ့ချုပ်ထံမှ သိရသည်။ ဇွန် ၁၅ရက်နေ့က ကျင်းပသည့် ၎င်းပြိုင်ပွဲ၌...

တနင်္သာရီတိုင်းအစိုးရ၏ အမိန့်စာအပေါ် ကေအဲန်ယူ သဘောမတူ

ဇွန် ၁၈ရက်၊၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်/ထားဝယ်ခရိုင်၊ တပ်မဟာ(၄)အနေဖြင့် ၎င်းတို့ လက်အောက်ခံ ကရင်အမျိုးသား ရဲတပ်ဖွဲ့(KNPF)အဖွဲ့အား စနစ်တကျ ကြပ်မတ်ထိန်းသိမ်းရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရမှ ပေးပို့သည့် အမိန့်စာအပေါ် သဘောမတူကြောင်း ယမန်နေ့က ပြောဆိုလိုက်သည်။ KNU ဘိတ်/ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောဘီးလယ်က “ကျနော်တို့ဘက်က နောက်ဆုတ်မှာ မဟုတ်ဘူး။ ကျနော်တို့...

PR စနစ်ကျင့်သုံးပါက နိုင်ငံရေးရှုတ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်ဟု PSDP ပြောဆို

ဇွန် ၁၇ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း မြန်မာနိုင်ငံတွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွင်း Proportional Representative(PR)စနစ် (ခေါ်) မဲအချိုးကျစနစ်ဖြင့် အချိန်တိုအတွင်း ကျင့်သုံးပါက ကရင်ပြည်နယ်တွင် နိုင်ငံရေးရှုတ်ထွေးလာကြောင်း ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP)က ပြောဆိုလိုက်သည်။ ယခု ဇွန် ၁၁ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် အမျိုသားလွှတ်တော်အစည်းအဝေးတွင် PR...

သွားလာရေးနှင့် လုံခြုံရေးခက်ခဲ၍ မယ်တော်ဆေးခန်းတွင် လူနာဦးရေ လျော့ကျ

ဇွန် ၁၇ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် အခမဲ့ ဆေးကုသပေးနေသည့် မယ်တော်ဆေးခန်းတွင် မေ ၂၂ရက်နေ့စ၍ ထိုင်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သွားလာရေးနှင့် လုံခြုံရေးအခက်အခဲကြောင့် ပုံမှန် ဆေးလာရောက်ကုသလျှက်ရှိသော လူနာအရေအတွက်မှာ လျော့နည်းကျဆင်းသွားကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင်း စစ်တပ်အာဏာမသိမ်းမီက ဆေးခန်းလာရောက်မှုနှုန်းတွင် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ...

အစိုးရစစ်တပ် ပစ်ခတ်မှုကြောင့် KNU တပ်မဟာ(၄)မှ ၁ဦးသေ၊ ၁ဦးဒဏ်ရာရ

ဇွန် ၁၆ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်-ထားဝယ်ခရိုင် လက်အောက်ခံ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၏ ဟွေးဖာ့နယ်စပ်စခန်းကို အစိုးရစစ်တပ်က ၀င်ရောက်ပစ်ခတ်ရာ KNLA တပ် ဖွဲ့ဝင် ၁ဦးကျဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။ ၎င်းဒေသရှိ မြန်မာအစိုးရစစ်တပ် ခြေမြန်တပ်ရင်း(ခမရ-၅၅၇)သည်...

မော်တော်ယာဉ်(၅)စီးနှုန်း အခွန်ကင်းလွတ်ခွင့်ကိစ္စ ကရင်ပြည်နယ်မှ ပါတီအများစုလက်ခံ

ဇွန် ၁၅ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း တစ်ပါတီလျှင် မော်တော်ယာဉ်(၅)စီးနှုန်း အခွန်ကင်းလွတ်ခွင့်ဖြင့် ကားတင်သွင်းခွင့်ကို ကရင်ပြည်နယ်အတွင်းရှိ နိုင်ငံရေး ပါတီအများစုမှာ ၎င်းတို့၏လိုအပ်ချက်အရ လက်ခံသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာပါတီ ခေါင်းဆောင်များ၏ ပြောပြချက် များအရ သိရသည်။ နိုင်ငံပါတီများအနေဖြင့် မိမိတို့၏ပါတီဝင်များအား စည်းရုံးရေးနှင့် ပါတီမူဝါဒဆိုင်ရာများ လိုက်လံရှင်းလင်းရာတွင်သော်လည်း ကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အနိုင်ရရှိရေးအတွက်...

ပုဒ်မ ၄၃၆ကို ပြင်ဆင်ရန် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ ဆုံးဖြတ်

ဇွန် ၁၄ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည့် ပုဒ်မ ၄၃၆ကို ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီက ဆုံးဖြတ်လိုက်ကြောင်း ယင်းကော်မတီနှင့် နီးစပ်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အဓိကကျသည့် ပုဒ်မများကို ပြင်ဆင်မည်ဆိုပါက...

၆၅နှစ်မြောက် ကော်သူးလေနေ့ အထိမ်းအမှတ် ကျင်းပ

ဇွန် ၁၄ရက်၊ ၂၀၁၄ခုနှစ်။ (ကေအိုင်စီ) ယနေ့ ကျရောက်သော ၆၅နှစ်မြောက် ကော်သူးလေနေ့ ဖွဲ့စည်းခြင်း အထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးဌာနချုပ် သေ့ဘေထာ့နေရာတွင် ကျင်းပခဲ့သည်။ ကော်သူးလေနေ့သည် ကရင့်သမိုင်းတွင် အရေးကြီးသည့် နေ့ရက်တစ်ရက်ဖြစ်သလို ယနေ့ထိ မျိုးဆက်သစ်လူငယ်များလည်း မမေ့ပျောက်ကြစေရန် ယခုလို...