Home Authors Posts by KIC News

KIC News

6126 POSTS 0 COMMENTS

အင်တာဗျူး

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအရေးနှင့် ပတ်သက်၍ ကရင်ဒုက္ခသည်ကော်မတီ(ကေအာရ်စီ) တွဲဖက်အတွင်းရေးမှူး နော်ဘလူးမင်းနိုက်ဇန်အား ၂၀၁၄ခုနှစ်၊ ဇွန်လ ၂၀ရက် ကမ္ဘာ့ဒုက္ခသည်များနေ့တွင် ကေအိုင်စီသတင်းထောက် စဖန်းရှောင်း ဆက်သွယ်မေးမြန်းထားချက်ဖြစ်သည်။ - ကမ္ဘာ့ဒုက္ခသည်နေ့မှာ ကေအာရ်စီအနေနဲ့ ဒုက္ခသည်တွေကို ဘာမက်ဆေ့ခ်ျပေးချင်ပါသလဲ။ ပထမတစ်ချက်အနေနဲ့ ကျမတို့ဒုက္ခသည်တွေအတွက် ဒုက္ခသည်နေ့ ကျင်းပပေးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ကျေးဇူး တင်ပါတယ်။...

ဝန်ထမ်းတဦး အလိုရှိသည်။

ကရင်သတင်းဌာနတွင် စာရင်းကိုင်တစ်ဦး လိုအပ်နေပါသဖြင့် စိတ်ပါဝင်စားသူများ နန်းဖော့ဂေ (087-2099772) နှင့် နန်းထူးထူးစံ (080-8434088) ထံသို့ ဆက်သွယ်နိုင်ပါသည်။

မြွေပွေးခါးပိုက်

(လင်္ကာဒီပ) ချဲ့ကားလိုက် ရှုံ့တွလိုက်ကြ ပုပ်ပွတဲ့ စစ်ယုတ်ကမ်းတွေ ပန်းခြွေတဲ့လက်တွေ သွေးပေ သက်ခြွေတဲ့ လက်တွေနဲ့ နှုတ်ဆက်တဲ့အပြု ယုံကြည်မှုအတုကို ဖန်တီး ရမ်းသမ်းပြီး ယုံပစ်လိုက်တဲ့ဖထီး မီးစကို ရေခဲချောင်းအမှတ်လုပ် စုပ်ကာပြတော့မတဲ့ဗျို့။ ဒင်းတို့ကြောင့် ဦးတည်ရာမဲ့နေ ပြည်သူတွေခမျာ မှုန်ဝါးဝါး မိထွေးလား အမေရင်းလား နင်းပြားတို့ရဲ့ မရေရာဘဝ ဒေါနရေ ပြောပါအုံးလေ အမှန်တွေ မချွင်းမချန်ပေါ့။ တစ်ဖက်မှာလည်း သူ့လူကိုယ့်ဘက်သားဖြစ် ကွန်ကရစ်ညီညွှတ်ရေးဆိုလိုဆို သီအိုရီတွေချပြ ဖရိုဖရဲလုပ်ချင်ရာလုပ်တဲ့ လူစား အားမနာလျှာမကျိုး မထူးဇာတ်ပျိုး အမျိုးကို ရောင်းစားရေး အကြံပေးတွေလည်းရှိဆဲ ဇွဲကပင်ကြီးရေ ကယ်ပါအုံး လူ့ပိုင်းလုံးကြီးကို ဖော်ထုတ်ပေးပါတော့။ မိခင်ကိုကျောနင်း မိခင်ရင်းကို ခြေစုံကန် တနိုင်ငံကို ခုန်ပျံစွန့်ခွာ ပကာသနကြား ရောက်ရှိခြင်းများ ဘုရားသခင်ကြောင့်သာဖြစ်ပေ ကေအဲန်ယူကြောင့်မဟုတ်လို့ ဟောပြော စောဒကတက်တဲ့ လိုင်းမှောင် ခပ်ကြောင်ကြောင်...

တရားမ၀င် ၀င်ရောက်လာသော မြန်မာ ၁၈ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

ဇွန် ၁၉ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ ကရင်ပြည်နယ်၊ မြ၀တီမြို့မှတဆင့် မဲဆောက်မြို့သို့ လူပွဲစား(ကယ်ရီ)မှတဆင့် တရားမ၀င် ၀င်ရောက်လာသူ မြန်မာနိုင်ငံသား ၁၈ဦးကို ဇွန် ၁၈ရက်နေ့တွင် ထိုင်းတာဝန်ရှိသူ အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ အဆိုပါ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အထိ တာဝန်ယူ ပို့ဆောင်ရန် ထိုင်းလူမျိုးတစ်ဦး...

ဆဌမနှစ်မြောက် ကေအဲန်ယူ မျိုးဆက်သစ်ကျောင်း စတင်ဖွင့်လှစ်

ဇွန် ၁၉ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က ဆဌမနှစ်မြောက် မျိုးဆက်သစ်သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ကေအဲန် ယူ၏ ဗဟိုဌာနချုပ်နေရာ၌ ဇွန်လ ၁၇ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ကေအဲန်ယူ အရပ်ဖက်၊ တပ်ဖက်အရာရှိများ၊ ကျောင်းသူ ကျောင်းသားများနှင့် စစ်သင်တန်းတက်ရောက်သည့် သင်တန်းသားများ စုစုပေါင်း (၂၀၀)နီးပါး တက်ရောက်ခဲ့ကြသည်။ အဆိုပါသင်တန်းကျောင်းကို ကျောင်းကော်မတီ၏...

ဆန့်ကျင်ပယ်ဖျက်ရမည့် PR စနစ်

မောင်ကျော်စွာ (၂၀၁၄ခုနှစ်၊ ဇွန်လ ၁၉ရက်) သမ္မတဦးသိန်းစိန်ရဲ့ ကြံ့ဖွံ့အစိုးရဟာ ပြည်သူတွေ အမြင်ရှင်းလင်း ကြည်လင်နေစေချင်တဲ့ စေတနာရှိပုံမရတာတော့ သိပ်ကို သေချာပါတယ်။ ဒါကြောင့်ပဲ ပြည်သူတွေ အချင်းချင်းအကြားမှာ မယုံကြည်မှုတွေ၊ မသင်္ကာမှုတွေ၊ ရှုတ်ထွေးမှုတွေကို နိုင်ငံရေး၊ စစ်ရေး၊ ဘာသာရေး၊ လူမျိုးရေး၊ တစ်ခုပြီးတစ်ခု မရိုးရအောင် ဖန်တီးနေပါတယ်။ “မစားရတဲ့အမဲ...

လက်ရှိ နိုင်ငံရေးအပေါ် အချက် (၅)ချက်ပါ ကြေညာချက် PSDP ထုတ်ပြန်

ဇွန် ၁၉ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့ လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေးအပေါ် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် အခြေစိုက်လျှက်ရှိသည့် ကရင်နိုင်ငံရေး ပါတီကြီးတစ်ခုဖြစ်သော ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)က အချက် (၅)ချက်ပါ သဘောထား ကြေညာချက် တစ်စောင်ကို ဇွန် ၁၆ရက်နေ့က ထုတ်ပြန်လိုက်သည်။ ၎င်းထုတ်ပြန်ချက်အရ ၂၀၀၈ ဖွဲ့စည်းပုံတွင် ပြင်လိုသည့်အချက်များကို အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ...

ရာဘာဈေးကျ၍ ခြံပိုင်ရှင်များ လုပ်ငန်းဆက်ရန် ခက်ခဲ

ဇွန် ၁၈ရက်၊၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ ယခုနှစ်တွင် ရာဘာဈေးနှုန်းများ ပိုမို ကျဆင်းသည့်အတွက် မိုးတွင်းပိုင်း ရာဘာပင်များ ပြန်လည်မွမ်းမံမည့် ရာဘာခြံပိုင်ရှင်များ နှင့် လုပ်သားများမှာ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန် အခက်အခဲ ဖြစ်နေသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။ မွန်ပြည်နယ်၊ သထုံမြို့နယ်မှ ရာဘာခြံပိုင်ရှင် နော်မရီဦးက “အခုချိန်မှာ ရာဘာဈေးမရှိတော့လို့ တချို့ခြံတွေက...

ဇွန်လဆန်းတွင် မယ်လဒုက္ခသည်စခန်း၌ စိတ်ကြွဆေးပြား နှစ်ကြိမ် ဖမ်းဆီးရမိ

ဇွန် ၁၈ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ယခု ဇွန်လ ပထမအပတ်က ရာဘ (ခေါ်) စိတ်ကြွ ဆေးပြား ရောင်းဝယ်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးရရှိမှု နှစ်ကြိမ် ဖြစ်ပေါ်ခဲ့ကြောင်း မယ်လစခန်းတာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။ ဇွန်လ ၁၂ရက်နေ့က မယ်လစခန်း ဇုံ...

၁၂ကြိမ်မြောက် ဆီးဂိမ်းကာယအလှမယ် ပြိုင်ပွဲတွင် ကရင်တိုင်းရင်းသူ ဒုတိယဆုရရှိ

ဇွန် ၁၈ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့ စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ၁၂ကြိမ်မြောက် bodybuilding ဆီးဂိမ်း(ကာယအလှမယ်ပြိုင်ပွဲ)သို့ သွားရောက်ယှဉ်ပြိုင်ခဲ့ သည့် မြန်မာနိုင်ငံကိုယ်စားပြု ကရင်တိုင်းရင်းသူ ကာယအလှမယ် နန်းထက်ထက်လင်းက ဒုတိယဆု ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အဖွဲ့ချုပ်ထံမှ သိရသည်။ ဇွန် ၁၅ရက်နေ့က ကျင်းပသည့် ၎င်းပြိုင်ပွဲ၌...