Home Authors Posts by KIC News

KIC News

6126 POSTS 0 COMMENTS

ကရင်ပြည်နယ်လွှတ်တော်နှင့် မီဒီယာ ထိတွေ့မှုမရှိဟု လွှတ်တော် ဥက္ကဌ ပြောဆို

စက်တင်ဘာ ၃ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း ကရင်ပြည်နယ်တွင် အစိုးရသစ်လက်ထက် ပြည်နယ်လွှတ်တော်ကျင်းပလာခဲ့ရာ ၃နှစ်ကျော်အတွင်း သတင်းမီဒီယာနှင့် ပြည် နယ်လွှတ်တော် ထိတွေ့မှုမရှိဟု ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဖြစ်သူ စောအောင်ကျော်မင်းက စက်တင်ဘာလ ၂ရက်နေ့၌ ကေအိုင်စီသို့ ပြောဆိုလိုက်သည်။ “ကရင်ပြည်နယ်လွှတ်တော်မှာ သတင်းထောက်တွေ သတင်းတက်ရောက်ယူနိုင်ဖို့ဆိုရင် ပြည်နယ် လွှတ်တော်မကျင်းပမှီ ၁၀ ရက်အတွင်း...

ကျန်းမာရေးလုပ်ငန်းစဉ် ၃ရပ်ကို အဓိက လုပ်ဆောင်သွားမည်ဟု BPHWT ဆုံးဖြတ်

စက်တင်ဘာ ၂ ရက်၊၂၀၁၄ ခုနှစ်။ စဖန်းရှောင်း နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့(BPHWT)က ၎င်းတို့၏ အဓိကလုပ်ငန်းစဉ်ကြီးဖြစ်သည့် ဆေးဝါးကုသရေး၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး၊ ကျန်းမာရေးဆိုင်ရာ ပညာပေးရေး စသည့် လုပ်ငန်းစဉ် ၃ရပ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု သြဂုတ်လ ၂၉ရက်မှ ၃၀ရက်နေ့အထိ ကျင်းပသည့် (၆)လပတ် ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင်...

UNFC နှင့် ပူးပေါင်းပါဝင်မှုကို KNU ယာယီရပ်ဆိုင်း

စက်တင်ဘာ ၁ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်းရှောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)၏ ဖွဲ့စည်းပုံသည် ကရင်အမျိုးသားအစည်း အရုံး(KNU)၏ မူများနှင့် ကိုက်ညီမှုမရှိသည့်အတွက် UNFC နှင့် ပူးပေါင်းပါဝင်မှုကို ယာယီရပ်ဆိုင်းထားကြောင်း KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ကေအိုင်စီသို့ ယနေ့ ပြောဆိုလိုက်သည်။ “ကျနော်တို့ UNFC ကနေ နှုတ်ထွက်တယ်ဆိုတာ...

ကရင်ပြည်နယ် လွှတ်တော်တွင် ဥပဒေ ၅ခု ရေးဆွဲထား

သြဂုတ် ၃၀ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း ကရင်ပြည်နယ်တွင် ၂၀၁၂ခုနှစ်မှစတင်၍ ယခုအချိန်အထိ ပြည်နယ်လွှတ်တော်အတွင်းတွင် ဥပဒေ ၅ခု ရေးဆွဲထားကြောင်း ပြည်နယ်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ စောမင်းအောင်လင်းက ကေအိုင်စီသို့ ယမန်နေ့က ပြောသည်။ “ပြည်သူတွေအကျိုးရှိဖို့ ဥပဒေတွေကို ကျနော်တို့ ပြည်နယ်လွှတ်တော်ကနေ ရေးဆွဲထားပါတယ်။ ဒါပေမယ့် ဌာနဆိုင်ရာမှာ ဆက်ရေးဆွဲဖို့ လိုအပ်တဲ့ နည်းဥပဒေတွေ...

ဗဟိုချုပ်ကိုင်မှုစနစ် လျော့ချစေလိုကြောင်း KDP ဥက္ကဌ ပြောကြား

သြဂုတ် ၃၀ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း မြန်မာအစိုးရ၏ ဗဟိုချုပ်ကိုင်မှုစနစ်ကျင့်သုံးခြင်းဖြင့် ကရင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်း လုပ်ငန်းများနှင့်အခြားလုပ်ငန်းများ အောင်မြင်သင့်သလောက် မအောင်မြင်သည်ကို တွေ့ရသည့်အတွက် ဗဟိုချုပ်ကိုင်မှုစနစ် လျော့ချစေလိုကြောင်း ကရင်ဒီမိုကရက်တစ်ပါတီ(KDP) ဥက္ကဌ စောရဲဝင်းနိုင်က သြဂုတ် ၂၈ရက်နေ့က ပြောဆိုလိုက်သည်။ “အုပ်ချုပ်ရေး ဖြစ်ဖြစ်၊...

အလုပ်လုပ်ချိန် အပြည့်ရရန် မဲဆောက်ရှိ မြန်မာစက်ရုံအလုပ်သမား ၈၀ တိုင်ကြားမှုပြုလုပ်

သြဂုတ် ၂၉ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်းရှောင်း ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်မြို့အနီး ဝှေ့မုရွာတွင်ရှိသော JAGUAR စတီး စက်ရုံရှိ မြန်မာစက်ရုံအလုပ်သမား ၈၀ ဦးက အလုပ်ချိန် အပြည့်အ၀ မရရှိသဖြင့် မဲဆောက် ထိုင်းအလုပ်သမား ရုံး(ဆ၀ါဒီကန်)ရုံးသို့ ယနေ့ သြဂုတ် ၂၉...

ကရင်နီအမှတ်(၁) ဒုက္ခသည်စခန်းတွင် မြေပြိကျမှုကြောင့် အိမ်ခြေများပျက်စီးကာ လူသေပျောက်မှုရှိ

သြဂုတ် ၂၈ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီအမှတ်(၁) ဒုက္ခသည်စခန်းတွင် တောင်ကျရေစီးဆင်းကာ မြေ ပြိုမှုကြောင့် ဒုက္ခသည်များနေထိုင်ရာ အိမ်ခြေအလုံး ၁၀၀ကျော် ပျက်စီးပြီး လူ ၁ဦးသေ၊ ၁ဦး ပျောက်ဆုံးနေသည်ဟု ယင်းဒုက္ခ သည်စခန်း တာဝန်ရှိသူများက ပြောဆိုသည်။ ကရင်နီအမှတ်(၁) ဒုက္ခသည်စခန်း ဥက္ကဌ...

အသိမ်းခံလယ်မြေများပြန်ရရန် ဆန္ဒထုတ်ဖော်သူ ၁၀ဦး ခေါ်ယူစစ်ဆေးခံရ

သြဂုတ် ၂၈ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် သိမ်းဆည်းခံခဲ့ရသည့် လယ်မြေများပြန်ရရှိရန် ဆန္ဒပြခဲ့သောကြောင့် လယ်သမားနှင့် ၈၈ မျိုးဆက်ကရင်ကျောင်းသားအစည်းအရုံးမှ ၁၀ဦးကို မြို့မရဲစခန်းက သြဂုတ်လ ၂၆ရက်နေ့၌ ခေါ်ယူစစ်ဆေးခံရသည်ဟု ကာယကံရှင်များက ပြောသည်။ ခေါ်ယူစစ်ဆေးခံရသူများမှာ လယ်သမားများဖြစ်ကြသည့် စောအခလိန်း၊ စောအဲကော်ခူ၊ စောအဘိန်၊ နန်းမူးဖောင်၊...

ဒုက္ခသည်များအတွက် မြေနေရာဝယ်ထားကြောင်း တနသာင်္ရီတိုင်း ကရင်ဝန်ကြီး ပြောဆို

သြဂုတ် ၂၇ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ ထိုင်း-မြန်မာနယ်စပ်ဒေသရှိ ရွာပုန်းရွာရှောင် စစ်ပြေးဒုက္ခသည်များ ပြန်လာအခြေစိုက်ရန် နေရာအတွက် မြေဧက ၂၀၀ ဝယ်ယူ ထားသည်ဟု တနသာင်္ရီတိုင်းဒေသကြီှး၏ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောဟာဗီးက သြဂုတ်လ ၂၇ရက်နေ့တွင် ကေအိုင် စီသို့ ပြောသည်။ ယင်းသို့ ဝယ်ထားသောမြေကွက်များမှာ တနသာင်္ရီတိုင်းဒေသကြီး တနသာင်္ရီမြို့နယ် ဝေါတောင်နယ်စပ်...

အယ်ဒီတာ့အာဘော်

လွှတ်တော်ပြင်ပက ဖက်ဒရယ်အရေးအရာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးနေကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် တိုင်းပြည် ကို ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်ရန် လိုလားကာ အစိုးရနှင့် တစိုက်မတ်မတ် ဆွေးနွေးလာခဲ့ကြသည်။ ယခင် မြန်မာစစ်အစိုးရလက်ထက်က အများပြည်သူဆန္ဒမပါဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ဖက်သတ် အတည်ပြုခဲ့ပြီး ထိုဖွဲ့ စည်းပုံဖြင့်ပင်...