Home သတင်း BGF တပ်ဖွဲ့များက ‌ဒေသခံ‌တောင်ယာလုပ်ငန်းခွင်ထဲသို့ လက်နက်ကြီးပစ်ချခဲ့သည်ဟု KNU ထုတ်ပြန်

BGF တပ်ဖွဲ့များက ‌ဒေသခံ‌တောင်ယာလုပ်ငန်းခွင်ထဲသို့ လက်နက်ကြီးပစ်ချခဲ့သည်ဟု KNU ထုတ်ပြန်

2517

ဇူလိုင် ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်(တပ်မဟာ ၅)၊ ဒွယ်လိုးမြို့နယ် ‌လေးဖိုးထာ့‌ကျေးရွာအုပ်စု (နိုခဲထာ့) မို့လို့ပါ ရွာအနီးရှိ နယ်ခြား‌စောင့်တပ် (BGF)များသည် ဇူလိုင်လ ၂၇ ရက်‌နေ့က ‌ဒေသခံများ၏ ‌တောင် ယာလုပ်ငန်းခွင်ထဲသို့ လက်နက်ကြီးပစ်ချမှုများလုပ်‌ဆောင်ခဲ့သည်ဟု KNU မူ‌တြော်ခရိုင်က ယ‌နေ့ (ဇူလိုင် ၂၉ရက်) သတင်းထုတ်ပြန်ထားသည်။

၎င်းနယ်‌မြေတွင် စစ်‌ရေးလှုပ်ရှားမှု ပိုမိုလုပ်‌ဆောင်နိုင်ရန်အတွက် BGF တပ်ရင်း (၁၀၁၄) တပ်ရင်းမှူး ဗိုလ်မှူး ‌မောင်ချစ်က ၎င်း၏လက်‌အောက်ခံတပ်ဖွဲ့ဝင်များအား ‌ဒေသခံများ၏ ‌တောင်ယာလုပ်ငန်းခွင်ထဲသို့ လက်နက်ကြီး ၁၅ လုံး ပစ်ချ‌စေခဲ့သည်ဟု KNU မူ‌တြော်ခရိုင်၏ Mutraw News ‌ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာတွင် ‌ဖော်ပြထားသည်။

ထို့အပြင် ဇူလိုင်လ ၂၈ ရက်‌နေ့တွင်လည်း စစ်‌ကောင်စီတပ်ဘက်မှ စစ်လက်နက်ပစ္စည်းနှင့် စားနပ်ရိက္ခာများ ပို့‌ဆောင်ရန်အတွက် ဖာပွန်မြို့မှ ‌ခေါပုပ်စခန်းအထိ လမ်းကင်းများချထားသလို ယ‌နေ့(ဇူလိုင် ၂၉ ရက်)‌နေ့တွင် လူ‌သောမြို့နယ်၊ ‌ခေးပူ‌ကျေးရွာအုပ်စု ‌ဘော‌လေးဒဲ‌ဒေသတွင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (KNLA) တပ်ဖွဲ့ဝင်များနှင့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့‌ကြောင်းလည်း KNU မူ‌တြော်ခရိုင်ဘက်က ‌ပြောသည်။

KNU မူ‌တြော်ခရိုင်ထဲတွင် နယ်‌မြေခံ KNLA တပ်ဖွဲ့ဝင်များနှင့် စစ်‌ကောင်စီ ၊ BGF ပူး‌ပေါင်းတပ်ဖွဲ့တို့အကြား ‌နေ့စဉ်နီးပါးပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သလို ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်‌နေ့ကလည်း ဒွယ်လိုးမြို့နယ် ကူးဆိပ်‌ကျေးရွာအနီးတွင် ပစ်ခတ်မှုဖြစ်ပွားပြီး‌နောက် စစ်‌ကောင်စီတပ်က ‌ကျေးရွာတွင်းသို့ ဝင်‌ရောက်ကာ ‌ဒေသခံ‌နေအိမ် ၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု KNUက ထုတ်ပြန်ထားသည်။