Home ကဗျာ ‌တောစခန်းအိမ် (ကဗျာ)

‌တောစခန်းအိမ် (ကဗျာ)

4229
Photo: Internet

‌တောစခန်းအိမ်

မင်းဆုလဒ် (မြစ်ဝကျွန်း‌ပေါ်)

(‌ခေတ္တ – ‌ဒေါန‌မြေ)

‌ကျောတစ်‌နေရာစာ‌ခြေချ
ခိုလုံလို့ရခဲ့တာဆို‌တော့ အိမ်‌တော့အိမ်ပါပဲ။
အ‌သေအချာ ကြည့်လိုက်မှ
‌လေးတိုင်စင်‌တောင်မပါ
‌မြေပုံ‌ပေါ်မှာ ပုံလျက်သားကျ
အမိုး တစ်မျှင်တစ်စမျှ မပါ
အကာထရံ ကြမ်းခင်း မရှိ
ရွက်ထည်‌ဟောင်းရိရိ‌တွေကို တိုင်စိုက်ပြီး
အုတ်ခဲနဲ့ဖိထားတဲ့ တုံးတိတိ ဖျင်တဲက‌လေး။
အဲဒီလို ‌နေရာက‌လေး‌တွေမှာ
လူမျိုးမတူ ‌နေရာ‌ဒေသမတူ‌ပေမဲ့
ရည်ရွယ်ချက်တူ လူငယ်တစ်စု
ကတိသစ္စာ‌တွေပြုကြရင်း
ရိက္ခာ မာမာ‌ခြောက်‌ခြောက်‌တွေ မြိုဝါးကြရင်း
‌အေးအတူ ပူအမျှ အတူတကွ ခိုနားခဲ့ကြတယ်။

ဒီ‌နေရာဟာ
‌နေပူချင် ‌နေပူမယ်
မိုးရွာချင် မိုးရွာမယ်။
တစ်ခါတစ်ခါ ‌လေပြင်းတိုက်လို့
ခိုက်ခိုက်တုန်‌အောင် ချမ်းချင်ချမ်းမယ်။
တစ်ခါတစ်ခါ အိမ်သူအချစ်ပန်း‌လေး‌တွေကို
ကိုယ်စီ လွမ်းချင်လည်း လွမ်းမယ်။
တစ်ခါတစ်ခါ ‌တောင်ခါးပန်းနံရံက
‌သေနတ်သံ‌တွေ ကြားချင်ကြားမယ်။
တစ်ခါတစ်ခါ ဟိုးအ‌ဝေး ‌တောင်ကုန်းတစ်ပြ နှစ်ပြဆီက
စစ်ခရာသံ‌တွေ ကြားချင်ကြားမယ်။
တစ်ခါတစ်ခါ ကရင်ဘာသာစကားနဲ့
စစ်အဘိစမ္မာတရား‌တွေ ကြားချင်ကြားမယ်။
တစ်ခါတစ်ခါ ည‌နေတစ်ခြမ်း‌တွေမှာ
‌တော်လှန်‌ရေးရစ်သမ်ကြမ်းကြမ်းနဲ့
ဂစ်တာအိုသံ‌တွေ ကြားချင်ကြားမယ်။”

‌တော်လှန်‌ရေးမှာ
အခက်အခဲ အပျက်အလွဲ‌တွေရှိမယ်
‌ကွေ့‌ကောက်မယ် ‌သွေ့‌ခြောက်မယ်
အန္တရာယ်များမယ် ….ရန်စွယ်ပွားမယ်
အရာအားလုံး ‌ပျောက်ချင်‌ပျောက်မယ်
ရည်ရွယ်ချက်‌တော့ မ‌ပျောက်‌စေနဲ့တဲ့”
သင်တန်းဆရာတစ်‌ယောက်ရဲ့ဒဿနစကား
ပဒူတစ်‌ကောင် အဆက်မပြတ် ‌အော်သွားတဲ့အသံလို
ငါတို့ ပြန်ပြန် ကြား‌နေမိရင်းနဲ့
‌တောစခန်းအိမ်နံ‌ဘေးမှာ
ရယ်စရာကြမ်းကြမ်း‌လေး‌တွေနဲ့
ဘီယာချမ်းချမ်း‌တွေ ‌သောက်ချင်‌သောက်မယ်။

လ‌ရောင်မရတဲ့ ညအ‌မှောင်ကျကျဆို‌တော့
ဘာအလင်း တစ်ဖဲ့တစ်စမှ မရ
ဒါ‌ပေမဲ့…. မနက်ဖြန်မိုးအလင်းမှာ
ငါတို့ အလင်းလည်း ငါတို့ပြန်ရရမယ်
ငါတို့ အလင်း ငါတို့ပြန်ရကို ရရမယ်ဆိုတဲ့အသိ
ငါတို့မှာ ရှိနှင့်‌နေပြီးသား။
စစ်အာဏာရှင်လူတစ်အုပ်ကို
အပြုတ်ရှင်းမဲ့ စစ်တလင်း‌တွေမှာ
စီးချင်းထိုးရမဲ့ ရုပ်အင်အားနဲ့
ရင်ဆိုင်ဝံ့စား စိတ်စွမ်းအား‌တွေ
ငါတို့‌တွေ ‌လေ့ကျင့်ထားပြီးသား။

ဘယ်‌တော်လှန်‌ရေးမဆို
ငါတို့ပြည်သူ‌တွေပဲ နိုင်ရမယ်ဆိုတာ
‌သေချာတဲ့ အမှန်တရား
ဒါ့ထက်ရှင်း‌အောင်‌ပြောရရင် ဒိဌဓမ္မလမ်းစဉ်
ဒါ‌ကြောင့်မို့ ….. ငါတို့ ….လူငယ်‌တွေ
ရင်ဘတ်‌တွေ ဖွင့်ချလိုက်ကြတယ်
ပြည်သူအားလုံးရဲ့ အနာဂတ်အတွက်
ထိုင်ငိုင် ‌စောင့်တွက်မ‌နေနိုင်‌တော့ဘဲ
‌သေနတ်ကိုင်ပြီး ဆီးကြိုလိုက်ကြတယ်။
ခု‌တော့…. ‌ဒေါန‌တောင်တန်း
‌တောစခန်းတ‌နေရာက
အဲဒီဖျင်အိမ်က‌လေးနံ‌ဘေးမှာ
ရဲ‌ဘော်တစ်စု ဝိုင်းဖွဲ့‌တွေး
အနာဂတ်‌ရေး‌ရေးကို ‌ငေး‌ငေးကြည့်ရင်းနဲ့
အ‌ရေး‌တော်ပုံ ‌အောင်မြင်‌ရေး
ဒီကဗျာ‌လေး ‌မွေးဖွား‌ပေးလိုက်ကြတယ်။

“စစ်အာဏာရှင်အား ‌တော်လှန်အံတု‌နေကြသည့် လူငယ်‌တော်လှန်‌ရေးသမားများအား” ဤကဗျာဖြင့် ဂုဏ်ပြုအပ်ပါ သည်။