Home ကဗျာ ‌တောင်းပန်ပါရ‌စေ… အ‌မေ

‌တောင်းပန်ပါရ‌စေ… အ‌မေ

2530

‌တောင်းပန်ပါရ‌စေ… အ‌မေ

သတ္တိရှိတာနဲ့ မိုက်ရူးရဲဆန်တာ
ပြဒါးတစ်လမ်း သံတစ်လမ်းဆိုတဲ့တရား
သားတို့ သိပြီးသားပါ… အ‌မေ ။

အ‌မေ မကြိုက်တဲ့အလုပ်
သားတို့လုပ်မိခဲ့ပြီ
စစ်ဖိနပ်‌အောက်
ဒူးမ‌ထောက်ချင်လို့ပါ..အ‌မေ ။

အ‌မေ မကြိုက်တဲ့လမ်းစဉ်
သားတို့ကိုင်စွဲ တိုက်ပွဲဝင်ခဲ့ရပြီ
မတရား‌သေ‌နေတဲ့ ပြည်သူ‌တွေကို မမြင်ရက်လို့ပါ…အ‌မေ ။

‌ဖေ‌ဖေထူ‌ထောင်ခဲ့တဲ့ စစ်တပ်က
‌ဖေ‌ဖေချစ်တဲ့ပြည်သူ‌တွေကို ပြန်သတ်‌နေတာက
ကဗျာတစ်ပုဒ်လို မလှဘူး‌လေ…အ‌မေ.။

ဒါ့‌ကြောင့်…
ပြည်သူအတွက်
‌အောင်ပွဲရတဲ့တစ်‌နေ့
အ‌မေ့‌ရှေ့မှာ ဒူး‌ထောက်
အ‌မေ့ဉီး‌ဆောင်မှု‌အောက်
ဒီမိုက‌ရေစီ ခရီး‌ပေါက်ဖို့
လက်နက်‌တွေ ‌အောက်ချ‌ပေးမှာပါ အ‌မေ။

ခု‌တော့
‌ရှောင်လွဲမဖြစ် ခုခံစစ်နဲ့
ပြည်သူ့နယ်‌မြေ
ပြည်သူ‌တွေ ‌အေးချမ်းစွာပြန်‌နေဖို့
မုချမလွဲ တိုက်ပွဲဆင်နွဲရမှာမို့
သားတို့လုပ်ခဲ့သမျှအတွက်
‌တောင်းပန်ပါရ‌စေ..အ‌မေ..။

မင်းဆုလဒ် (မြစ်ဝကျွန်း‌ပေါ်)
(၂၃ ဇူလိုင် ၂၀၂၁)
‌ခေတ္တ ‌ဒေါန‌မြေ