Home သတင်း လှိုင်းဘွဲမြို့နယ် ‌ကော့မြတ်ကြီးရွာတွင် က‌လေးငယ်နှစ်ဦး‌ရေနစ်‌သေဆုံးမှုဖြစ်ပွား

လှိုင်းဘွဲမြို့နယ် ‌ကော့မြတ်ကြီးရွာတွင် က‌လေးငယ်နှစ်ဦး‌ရေနစ်‌သေဆုံးမှုဖြစ်ပွား

2124
Photo: CJ

ဇူလိုင် ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ‌ကော့မြတ်ကြီး‌ကျေးရွာတွင် ‌ရေကြီးသည့်အတွက် ယ‌နေ့ ဇူလိုင် ၂၉ ရက်၊ ည‌နေ ၃ နာရီခွဲအချိန်ခန့်တွင် က‌လေးငယ်နှစ်ဦး မ‌တော်တဆ ‌ရေနစ်‌သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု ‌ဒေသခံရွာသားထံမှ သိရ သည်။

အဆိုပါ ‌ရေနစ်‌သေဆုံးသည့် က‌လေးငယ်၂ ဦးမှာ အသက် (၄)နှစ်အရွယ်နှင့် အသက် (၁)နှစ်အရွယ် မိန်းက‌လေး များဖြစ်ပြီး မိဘများမှာ ထိုင်းနိုင်ငံတွင် သွား‌ရောက်အလုပ်လုပ်ကိုင်ကြ၍ အဖွားဖြစ်သူနှင့်အတူ ရွာတွင်‌နေထိုင် လျက်ရှိကာ အဖွားဖြစ်သူ အပြင်သွားသည့်အချိန်တွင် ‌ရေနစ်‌သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ‌ကော့မြတ်ကြီး ‌ဒေသခံတစ်ဦးက ‌ပြောသည်။

၎င်းက “ သူတို့‌နေတဲ့အပိုင်းမှာ နည်းနည်းနိမ့်တယ်။ သူ့အဖွားက ရွာထဲမှာ နွားစာ သွား‌ကျွေးရင်း ဆိုင်မှာ စားစရာ‌တွေသွားဝယ်တာ အချိန်‌တော့ နည်းနည်းကြာသွားတယ်။ ပြန်‌ရောက်‌တော့ က‌လေးက ‌ရေထဲမှာ ဆုံးသွားပြီး။ က‌လေး‌တွေဆို‌တော့ သတိမထားမိတဲ့အချိန်မှာ‌ရေထဲဆင်းကစားလို့ဖြစ်မယ်။ သူ့အဖွားလည်း ဒီလိုဖြစ်မယ်လို့မထင်ထားဘူး‌လေ” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

‌ကော့မြတ်ကြီးရွာတွင် ယခုလို ‌ရေကြီးမှုမရှိသည်မှာ ၂ နှစ် ရှိပြီးဖြစ်သလို ယခုနှစ်ကြီးသည့်‌ရေသည် ယခင်နှစ်များထက်ပိုကြီးသည့်အပြင် ၎င်း‌သေဆုံးသည့် က‌လေး၂ ဦး၏ ‌နေအိမ်ကလည်း ‌မြေနိမ့်ပိုင်း ‌နေရာတွင်ရှိသည်ဟု ထို‌ကော့မြတ်ကြီး‌ဒေသခံက ဆက်‌ပြောသည်။

အဆိုပါ‌ကျေးရွာသည် လှိုင်းဘွဲ‌ချောင်းနှင့် မနီးမ‌ဝေးတွင်တည်ရှိပြီး လှိုင်းဘွဲ‌ချောင်းမှတစ်ဆင့် ‌ရေကြီး‌ရေ လျှံသည့်အတွက် ‌ကျေးရွာအတွင်း ယခုလို‌ရေဝင်‌ရောက်ခြင်းဖြစ်သည်ဟု ‌ဒေသခံ ရွာသားများ၏ ‌ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၈ရက်‌နေ့ တွင်လည်း ကရင်ပြည်နယ် ဖားအံမြို့ရှိ ‌ရေကြီးသည့် ရပ်ကွက်ဖြစ်သည့် အမှတ်(၅)ရပ်ကွက် ‌အောင်နန်း(၄)လမ်းတွင် အမျိုးသားတစ်ဦး‌ရေနစ်‌သေဆုံးခဲ့‌သေးသည်ဟု ဖားအံ လူမှုကယ်ဆယ်‌ရေးအဖွဲ့က ထုတ်ပြန်ထားသည်။