Home တွေ့ဆုံမေးမြန်းခန်း ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာနတာဝန်ခံနှင့် ‌မေးမြန်းချက်

ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာနတာဝန်ခံနှင့် ‌မေးမြန်းချက်

2471

“ဒီအ‌ခြေအ‌နေ‌တွေအရ စိုးရိမ်စရာ‌ကောင်းတဲ့ အ‌ခြေအ‌နေပဲ။ ဒါကို ထိန်းလို့မရဘူးဆိုရင် ဒီ‌ရောဂါက ပိုကျယ်ပြန့်လာရင်‌တော့ ကျ‌နော်တို့ ပြည်သူ‌တွေ အင်မတန် ထိခိုက်ခံစားလာရလိမ့်မယ်” ‌စောဒိုင်းမွန်းခင် (KNU) ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာနတာဝန်ခံနှင့် ‌မေးမြန်းချက်

၉ ဇူလိုင် ၂၀၂၁

လတ်တ‌လော ကိုဗစ်တတိယလှိုင်း ပြန်လည်ဖြစ်ပွားလာမှုမြှင့်တင်လာခြင်းနှင့် အတူ KNU -ကရင်အမျိုးသားအစည်းအရုံး နယ်‌မြေအတွင်း ပြည်တွင်း နိုင်ငံ‌ရေး မတည်ငြိမ်မှုမှတဆင့် ပြင်ပလူများဝင်‌ရောက် ခိုလှုံလာမှုများပြားလာမှု‌ကြောင့် KNU နယ်‌မြေအတွင်း ကိုဗစ်ဖြစ်ပွားနိုင်မှုအ‌ခြေအ‌နေ၊ ကာကွယ်တားဆီး‌ရေးနှင့် စိန်‌ခေါ်မှုများကို ကရင်ကျန်းမာ‌ရေး နှင့် ကယ်ဆယ်‌ရေးဌာန-KDHW တာဝန်ခံ ပဒို ‌စောဒိုင်းမွန်းခင်နှင့် ဆက်သွယ်‌မေးမြန်းထားပါသည်။

‌မေး – ကိုဗစ်တတိယလှိုင်းပြန်လည်ဖြစ်ပွားလာမှုနဲ့ပတ်သက်ပြီး KNU နယ်‌မြေထဲမှာ ဘယ်လိုအ‌ခြေအ‌နေ‌တွေ ရှိ‌နေလဲ။
‌ဖြေ – ကျ‌နော်တို့က ဌာနတစ်ခု ဖြစ်တာနဲ့အညီ ဒီတပ်မဟာ (၇) ခုစလုံးအတွက် တာဝန်ရှိတာ‌ပေါ့။ အစကနဦးဖြစ်တာက ဒီ ‌လေး‌ကေ‌ကော်မြို့သစ်မှာပဲ။ ‌လေး‌ကေ‌ကော်မှာအခုဆိုရင် positive ဖြစ်တာ တစ်ဆယ်‌ကျော်‌လောက် ပြီး။ ပြီး‌တော့ မြဝတီ။ ဒီစစ်အာဏာသိမ်းပြီးတဲ့ ‌နောက်မှာ Health Provider ‌တွေက အလုပ်မလုပ်‌တော့ဘူး။ CDM ‌တွေ လုပ်ကြတာ‌ပေါ့။ ကာကွယ်တား ဆီး‌ရေး‌တွေ မရှိကြဘူး။ ပြီး‌တော့ ‌ကော့ကရိတ်ဘက်မှာလည်း ဝင်းက မှာ နှစ်‌ယောက်ဖြစ်တယ်။ အဲ့လို ၂ ‌ယောက်ဖြစ်လို့‌သေချာမကာကွယ်ဘူးဆိုရင် ကူးစက်ပျံ့နှံ့ကုန်မှာပဲ။ ပြီး‌တော့ ဘုရား သုံးဆူနဲ့ နီးတဲ့ ထီး‌ဟေး ဘက်မှာလည်းဖြစ်‌နေတယ်။ အခုက ဖားအံမှာလည်း ဖြစ်‌နေသလို လှိုင်းဘွဲမှာ လည်း ဖြစ်‌နေတာ အ‌ယောက် ၂ဝ ‌ကျော်ပြီ။ အဲ့ဒါ‌ကြောင့် ဒီအ‌ခြေအ‌နေ‌တွေအရ စိုးရိမ်စရာ‌ကောင်းတဲ့ အ‌ခြေအ‌နေပဲ။ ဒါကို ထိန်းလို့မရဘူးဆိုရင် ဒီ‌ရောဂါက ပိုကျယ်ပြန့်လာရင်‌တော့ ကျ‌နော်တို့ ပြည်သူ‌တွေ အင်မတန် ထိခိုက်ခံစားလာရလိမ့်မယ်။

‌မေး – ပြည်တွင်းထဲက CDM လို ဝန်ထမ်း‌တွေ တခြားအပြင်လူ‌တွေ ဝင်‌ရောက်လာတာ‌တွေလည်းရှိတဲ့အ‌ပေါ် ကြိုတင်ကာကွယ်မှု အပိုင်းမှာက‌ကော ဘယ်လို‌တွေ ‌ဆောင်ရွက်ထားလဲ။
‌ဖြေ – ကာကွယ်မှုအပိုင်းမှာကျ‌တော့ ကျ‌နော်တို့ Covid Pandemic Emergency Team ရဲ့ ဗဟိုကို ကျ‌နော်တို့ ဒီ ကလို‌ယော်‌လေးမှာ ထိုင်ထားတယ်။ အဲ့မှာ စီမံခန့်ခွဲမှုစင်တာ တစ်ခုကိုပါ ကျ‌နော်တို့ ဖွဲ့စည်းလိုက်တယ်။ အဲ့မှာ Risk Area လို့‌ခေါ်တဲ့ ‌နေရာ အထူးသဖြင့် ကူးစက်မှုကို ထိန်းချုပ်ဟန့်တားမှုမရှိတဲ့ မြို့‌ပေါ် ‌နေရာက‌နေ က‌နေလာတဲ့ သူ‌တွေနဲ့ Mix Area ကိုလည်း ကျ‌နော်တို့က Risk area အ‌နေနဲ့ သတ်မှတ်ပြီး‌တော့မှ အဲ့ကလာတဲ့သူမှန်သမျှကို ကလို့‌ယော်‌လေးမှာ ရှိတဲ့ ကျ‌နော်တို့ရဲ့ screening point မှာ စစ်‌ဆေးမှု တစ်‌နေရာ ပြုလုပ်တယ်။

ပြီး‌တော့ အဲ့မှာက ကျ‌နော်တို့ Registration ဌာနပါ ထားပြီး ကရင်အမျိုးသား ရဲတပ်ဖွဲ့( KNPF) က‌နေ ဦးစီးပြီး မှတ်တမ်းယူတယ်။ အဲ့ဒါပြီးရင် ကျ‌နော်တို့ရဲ့ ‌မော်ပဲခို့က Quarantine Center မှာ ၃ရက် ‌နေခိုင်းပြီး စမ်းသပ်စစ်‌ဆေးတယ်။ Negative ထွက်ရင်‌တော့ ၇ ရက်ကြာမှ တခြားလူ‌တွေနဲ့ အတူ ပြန်‌နေခိုင်းတယ်။ Positive ဆိုရင်‌တော့ ကျ‌နော်တို့က Isolation အခန်းမှာ ထား‌ပေးတယ်။ အဲ့မှာက အစားအ‌သောက် ကအစ ‌ရေချိုးခန်းအိမ်သာထား‌ပေးပြီး ၁၇ ရက်ကြာရင်‌တော့ ကျ‌နော်တို့ ပြန်ထွက်ခိုင်းတယ်။ အခု က ကူးစက်မှုက ကျယ်ပြန့်လာတဲ့အတွက် ကလို‌ယော်‌လေးမှာပဲ ကျ‌နော်တို့ ဒီကိုဗစ် စီမံခန့်ခွဲမှုဌာနက‌နေ ၃လ တစ်ကြိမ် ပြန်လည် သုံးသပ်တဲ့ အစည်းအ‌ဝေး လုပ်တယ်။

ကျန်တဲ့ တပ်မဟာ ‌ဒေသ‌တွေမှာလည်း Positive ‌တွေ ‌တွေ့လာရတဲ့အတွက် ခုနက ‌ပြောတဲ့ ဒူးပလာယာနယ်‌မြေ၊ ဝင်းကဘက်က ‌တော‌နော် Training Hospital မှာ ဖားအံခရိုင် ဌာနနဲ့ ပူး‌ပေါင်းပြီး Myanmar @ Malaria Acting Myanmar ပါ ပါဝင်ပြီး တကယ်လို့ ပိုး‌တွေ့လူနာရှိလာရင် ကုသတဲ့ ‌ဆေးမရှိရင်‌တော့ ‌စောင့်‌ရှောက် ကုသထားဖို့ တာဝန်ယူ‌ပေးထားတယ်။ ပြီး‌တော့ ‌လေး‌ကေ‌ကော်မြို့သစ် က နယ်စပ်နဲ့ နီးတဲ့အတွက် တကယ်လို့ ကိုဗစ်ပိုး‌တွေ့လူနာရှိရင် SMRU (Shoklo Malaria Research Unit) ကို ကြည့်ရှု‌စောင့်‌ရှောက်‌ပေးဖို့ အကူအညီ‌တောင်းထားတယ်။

ပြီး‌တော့ တပ်မဟာ (၁)ဘက်မှာကျ‌တော့ ကြားမှာရှိ‌နေတဲ့အတွက် ဖြစ်ပွားမှု ကြီးကြီးမားမား‌တော့ မ‌တွေ့ရ‌သေးဘူး။ တပ်မဟာ (၂) ဘက်မှာကျ‌တော့ ကျ‌နော်တို့က ရန်ကုန်က KBC ကို အကူအညီ‌တောင်းပြီး‌တော့ နည်းပညာ ပိုင်း နဲ့ ‌ဆေးဝါးအကူအညီလိုအပ်ရင်လည်း ပို့‌ပေးဖို့ အကူအညီ‌တောင်းထားတယ်။ တပ်မဟာ (၃)ဘက်မှာကြ‌တော့ ‌ဆေးခန် ၂ခု သွားထိုင်ခိုင်းထားတယ်။ အဲ့မှာ သင်တန်းပိုင်း‌ရော ကာကွယ်မှုပိုင်း‌ရော အကူအညီ‌ပေးခိုင်း ထားတယ်။ ဒါ‌ပေမဲ့ တပ်မဟာ (၄) ဘိတ်-ထားဘက်မှာကြ‌တော့ CDM ‌တွေ လက်မခံတဲ့အတွက် ပိုး‌တွေ့ လူနာ‌တော့ မရှိဘူး။ ဒါ‌ပေမဲ့ အခုက ကူးစက်မှု မြှင့်လာပြီးဖြစ်တဲ့အတွက် ကြိုတင်ကာကွယ်ဖို့ သူတို့ လုပ်‌နေပြီးဖြစ်တယ်။ တပ်မဟာ (၅) ဘက်ကျ‌တော့ ‌တော‌တောင်ထဲမှာ ရှိ‌နေတဲ့အတွက် အသွားအလာမရှိကြသလို ဒီဘက် ထိုင်းနဲ့နီးတယ်ဆို‌ပေမဲ့ သံလွင်မြစ်ခံထားတာ‌ကြောင့်ရယ်၊ ထိုင်းဘက်ကလည်း ကိုဗစ်ကို ‌သေချာ ကာကွယ်မှု‌တွေ လုပ်‌နေတဲ့အတွက် အဲ့ဘက်ကျ‌တော့ စိုးရိမ်စရာမရှိဘူး။

‌မေး – နယ်‌မြေအတွင်း မတည်ငြိမ်မှု‌တွေ၊ ပြင်ပလူ ဝင်‌ရောက်ခိုလှုံလာမှု များလာတဲ့ ကာလမှာ ထိန်းချုပ် ကာကွယ်တားဆီး‌ရေးပိုင်းမှာ ဘယ်လို စိန်‌ခေါ်မှု‌တွေ ‌တွေ့ရလဲ။
‌ဖြေ – ကျ‌နော်တို့ အကြံပြုတာက အပြင်လူ ဝင်‌ရောက်မှု များ‌နေရင် ဒါကို ‌လျှော့ချဖို့ လိုတယ်။ တကယ်လို့ ကားတစ်စီးက ၂‌ခေါက် လာ‌နေကြဆိုရင် တစ်‌ခေါက်ပဲ ‌ပေးလာဖို့ ပြီး‌တော့ စမ်းသပ်စစ်‌ဆေးခံပြီးမှ ရွာ‌တွေထဲ ဝင်ဖို့ လိုတယ်။ တစ်ခုရှိတာက နယ်‌မြေထဲ ‌ရောက်လာတယ်။ ‌နေလို့မ‌ပျော်လို့ ပြန်သွားတယ်။ ဟိုဘက်မှာက နာမည်ထွက်‌နေလို့ လိုက်အဖမ်းခံ‌နေရရင် ပြန်ဝင်လာတယ်။ ဒါ‌တွေကျ‌တော့ ကျ‌နော်တို့အတွက် စိန်‌ခေါ်မှု ဖြစ်‌စေတာ‌ပေါ့။

‌မေး – တခြား‌သော စိန်‌ခေါ်မှု‌တွေအ‌နေနဲ့ ဝန်ထမ်းအင်အား၊ ‌ဆေးဝါး အ‌ဆောက်အဦးအတွက်လုံ‌လောက်မှု ရှိလား ။ ဘာ‌တွေ လိုအပ်ချက်‌တွေ ရှိ‌နေ‌သေးလဲ။
‌ဖြေ – အ‌ဆောက်အအုံလို့‌ပြောရင် ကျ‌နော်တို့က အ‌ဆောက်အအုံ အခိုင်အမာ ‌ကောင်း‌ကောင်းကြီး ‌ဆောက်ဖို့က ဘတ်ဂျက်မရှိဘူး။ ၁၇ ရက်‌လောက်ပဲ ထားမှာဖြစ်တဲ့အတွက် ‌နေလို့ ထိုင်လို့ရ‌လောက်တဲ့ အ‌ဆောက်အအုံဖြစ်‌အောင် ‌တော့‌ဆောက်‌ပေးထားတာပဲ။ အခက်အခဲက‌တော့ ရှိတာ‌ပေါ့။ ‌နောက်တစ်ခုက လူဦး‌ရေ က များလာတာနဲ့ လိုအပ်မှုက များလာတာပဲ။ ဥပမာ ‌ရေတို့ အိမ်သာတို့ အစားအ‌သောက်တို့ လိုလာတာ‌ပေါ့။ မြို့‌ပေါ်မှာ လာတဲ့ သူ‌တွေကျ‌တော့ အစားအ‌သောက်က ဒီကလူ‌တွေ စားသလို မစားနိုင်ကြဘူး‌လေ။ ပြီး‌တော့ ဒီ ‌ရောဂါမျိုး ကလည်း တစ်ဦးတစ်‌ယောက်ချင်းရဲ့ သိနားလည်မှုနဲ့ ဆိုင်တာ‌ပေါ့။ ကိုယ့်မှာ အပူချိန်များတယ် အဖျားတက်တယ်ဆိုရင်‌တော့ သက်ဆိုင်ရာ‌ဆေးခန်းကို သွားပြသင့်တာ‌ပေါ့။

‌မေး – နယ်‌မြေထဲမှာ ဝင်‌ရောက်လာတဲ့ သူ‌တွေထဲမှာ ဆရာဝန်‌တွေ ကျန်းမာ‌ရေး ဝန်ထမ်း‌တွေလည်း ပါတယ်လို့ သိရတာ‌ပေါ့။ အဲ့လူ‌တွေနဲ့‌ကော ထိန်းချုပ်ကာကွယ်‌ရေးအတွက် ဘယ်လို ပူး‌ပေါင်းလုပ်‌ဆောင်မှု‌တွေ ရှိ‌နေလဲ။
‌ဖြေ – ဒါကျ‌တော့ နှစ်ပိုင်းရှိတာ‌ပေါ့။ ‌ဒေါက်တာ‌တွေကိုကျ‌တော့ လူနာ‌တွေကို ကြည့်ခိုင်းတာ‌ပေါ့။ ပြီး‌တော့ Public Health နဲ့ ပြီးထားတဲ့ သူ‌တွေကျ‌တော့ ကာကွယ်‌ရေးအပိုင်းမှာ ကူညီခိုင်းထားတယ်။

‌မေး – ‌နောက်ဆုံးအ‌နေနဲ့ လက်ရှိ ကိုဗစ် တတိယလှိုင်းနဲ့ပတ်သက်ပြီး ပြည်သူလူထုကို ဘယ်လို အသိ‌ပေး ‌ပြောကြား ချင်တာမျိုးရှိလဲ။
‌ဖြေ – ပြည်သူ‌တွေကို အသိ‌ပေးချင်တာက ရွာတစ်ရွာမှာ ဒီလို‌ရောဂါမျိုးဖြစ်ပြီး ဆိုတာနဲ့ ကျန်းမာ‌ရေး ဝန်ထမ်‌တွေချည်းပဲ မဟုတ်ဘဲ ‌ပြောချင်တာက ဒီ‌ရောဂါမျိုးက ‌ကျောင်းသား‌တွေလည်း ဖြစ်နိုင်တယ်၊ အမျိုးသမီး အစည်းအရုံး လည်း ဖြစ်နိုင်တယ်၊ လူငယ်အစည်းအရုံး ဆိုတာမျိုးလည်း ဖြစ်နိုင်တာ‌ကြောင့် တစ်ဦးချင်း ကဏ္ဍအလိုက် တာဝန်အတူတကွယူပြီး‌တော့ ကျန်းမာ‌ရေး တက်ကျွမ်းနားလည်တဲ့ သူ‌တွေနဲ့ ပူး‌ပေါင်းလုပ်‌ဆောင်ဖို့ လိုတာ‌ပေါ့။ ဒီ ကိုဗစ်‌ရောဂါက ကျန်းမာ‌ရေး ဝန်ထမ်‌တွေနဲ့ပဲ ဆိုင်တယ်ဆိုတာမျိုး မဖြစ်ဖို့လိုတယ်။ ကဏ္ဍအသီးသီးက ပူး‌ပေါင်း လုပ်‌ဆောင်နိုင်မှ ရည်မှန်းချက်က ပြည့်‌မြောက်နိုင်မှာ‌ပေါ့။