Home ကဗျာ “ကိုဗစ်‌ရောဂါ ‌ကြောက်စရာ”

“ကိုဗစ်‌ရောဂါ ‌ကြောက်စရာ”

1672

“ကိုဗစ်‌ရောဂါ ‌ကြောက်စရာ”

တတိယလှိုင်း ကပ်‌ရောဂါ
ကူးစက်လျင်မြန်စွာ
အသွင်‌ပြောင်းကာ ပျံ့နှံ့တိုး
‌ကြောက်ဖွယ် ကပ်‌ဘေးဆိုး… ။

တို့များကြိုးစား တိုက်ဖျက်မည်
အိမ်ထဲ‌နေကြပြီ
လက်‌ဆေးညီညီ ‌ခြောက်‌ပေခြား
မက်စ်တပ်‌နေစို့လား… ။

ကာကွယ်‌ဆေးများ ထိုးကြပါ
ကြိုတင်တားဆီးရာ
ကူးစက်လျှင်ကွာ သက်သာ‌သေး
‌ဝေးကွာ အသက်‌ဘေး… ။

အာဟာရ‌မွေး စားသုံး‌နော်
ကျန်းမာကြံ့ခိုင် ‌ပျော်
ခုခံအား‌နော် တို့ပြည့်ဝ
လွယ်ကူ မကူးကြ … ။

တုပ်‌ကွေးမိကြ ဖျားနာလျှင်
မ‌ပေါ့ဆ‌စေချင်
‌ဆေးဝါးကျွမ်းကျင် သူနာပြု
ဆရာဝန်ပြ ယခု… ။

စု‌ပေါင်းညီလို့ နှိမ်နင်းပါ
ကမာ္ဘ့ကပ်‌ရောဂါ
စည်းကမ်းများစွာ လိုက်နာ‌ပေး
တိုက်ဖျက်ကြစို့‌လေး … … … ။

ဇင်မင်းစိုး (ဗိုလ်က‌လေး)