Home သတင်း KNLA တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် ‌စော‌ဂျော်ဖြူ ဈာပန လူ‌ထောင်ချီနီးပါး လိုက်ပါပို့‌ဆောင်

KNLA တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် ‌စော‌ဂျော်ဖြူ ဈာပန လူ‌ထောင်ချီနီးပါး လိုက်ပါပို့‌ဆောင်

2782

ဇွန်လ ၂၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ယမန်‌နေ့(ဇွန် ၂ဝ ရက်)တွင် လူကြီး‌ရောဂါဖြင့် ကွယ်လွန်သွားသည့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (KNLA) တပ်မဟာ(၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် ‌စော‌ဂျော်ဖြူ၏ ဈာပနအခမ်းအနားကို ယ‌နေ့ ဖားအံခရိုင်ရှိ တပ်မဟာ ၇ ဌာနချုပ်တွင် ပြုလုပ်ခဲ့ရာ လူ‌ထောင်ချီနီးပါး လိုက်ပါပို့‌ဆောင်ခဲ့ကြသည်။

ယ‌နေ့ ဈာပနအခမ်းအနားသို့ KNU-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၊ ဒုဥက္ကဌ ပဒို‌စောကွယ်ထူးဝင်း နှင့် အ‌ထွေ‌ထွေအတွင်း‌ရေးမှူးအဖွဲ့ဝင်များ၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီနှင့် ဗဟိုစစ် ဌာနချုပ်မှ ‌ခေါင်း‌ဆောင်များ၊ ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ် (BGF) မှ ဗိုလ်မှူးကြီး ‌စောချစ်သူနှင့် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (DKBA) မှ အရာရှိ‌ခေါင်း‌ဆောင်အချို့တို့ တက်‌ရောက်ခဲ့ကြသည်။

ဗိုလ်မှူးချုပ်‌စော‌ဂျော်ဖြူကွယ်လွန်သွားခြင်းနှင့်ပတ်သက်ပြီး KNLA တပ်မဟာ ၇ ဗျူဟာမှူး ‌စော‌ဖောဒိုက ” ဒီအချိန်မျိုးမှာက‌တော့ အ‌ရေးကြီးတဲ့အချိန်ဖြစ်တဲ့အတွက်‌ကြောင့် ကျ‌နော်တို့ တပ်မဟာမှူး၊ ကျ‌နော်တို့‌ခေါင်း ‌ဆောင် ဒီလိုဖြစ်သွားတာက‌တော့ ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ ယူဆပါတယ်‌နော်။ ကျ‌နော်တို့က‌တော့ ဦး‌ဆောင်မှု ‌ခေါင်း‌ဆောင်‌တွေရှိတဲ့အတွက်‌ကြောင့် ကျ‌နော်တို့ အဖွဲ့အစည်းတစ်ခုမှာ ဦး‌ဆောင်မှုအစီအစဉ်အတိုင်း ကျ‌နော် တို့ဆက်သွားမှာပါ။ “ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ နံနက် ၁၁ နာရီမှ မွန်းလွဲ (၃)နာရီခွဲအထိ ပြုလုပ်သည့် ဗိုလ်မှူးချုပ် ‌စော‌ဂျော်ဖြူ၏ ဈာပန အခမ်းအနားတွင် ဘုရားဝတ်ပြုဆု‌တောင်းခြင်း၊ ‌ပေးပို့လာသည့် သဝဏ်လွှာများကို ဖတ်ကြားခြင်းနှင့် အမိန့်‌တော်ပြန်ကြားခြင်းဖြင့် ပြုလုပ်ခဲ့ကြသည်။

ဗိုလ်မှူးချုပ် ‌စော‌ဂျော်ဖြူသည် ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ တဒွီးခို‌ကျေးရွာတွင် ၁၉၅၁ ခုနှစ်၊ ဧပြီလ ၁ဝ ရက်တွင် ‌မွေးဖွားပြီး ၁၉၆၇ ခုနှစ်၊ ဇွန်လ ၁ ရက်‌နေ့တွင် ကရင့်အမျိုးသား‌တော်လှန်‌ရေးထဲသို့ ဝင်‌ရောက်ခဲ့သည်။ သူသည် ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်(KNLA) တပ်မဟာ ၇ တွင် တပ်ကြပ်ကြီး၊ ဒုရင်းမှူး၊ တပ်ရင်းမှူး စသည့် ရာထူးအဆင့်ဆင့်ကို တာဝန်ထမ်း‌ဆောင်ခဲ့ပြီး တပ်မဟာမှူးအဖြစ် တာဝန်ထမ်း‌ဆောင်‌နေရင်း ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၇ဝ ရှိပြီဖြစ်သည့် ဗိုလ်မှူးချုပ်‌စော‌ဂျော်ဖြူသည် လက်ရှိ KNLA စစ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီး ‌စော‌ဂျော်နီ၏ညီဖြစ်သူလည်း ဖြစ်သည်။ သူကွယ်လွန်ချိန်တွင် ဇနီး‌နော်ဘူဘိုးနှင့် သားသမီး ၆ ဦးကျန်ရစ်ခဲ့သည်။