Home သတင်း မြဝတီမြို့ မှ ရာအိမ်မှူးတစ်ဦး ‌သေနတ်ဖြင့်ပစ်သတ်ခံရ

မြဝတီမြို့ မှ ရာအိမ်မှူးတစ်ဦး ‌သေနတ်ဖြင့်ပစ်သတ်ခံရ

832

ဇွန်လ ၂၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၂ ရပ်ကွက် မြို့ပတ်လမ်း သဲပုံဂိတ်အနီး ‌နေထိုင်သူ ရာအိမ်မှူးတစ်ဦး ယ‌နေ့နံနက်အ‌စောပိုင်းက ‌သေနတ်ဖြင့်ပစ်သတ်ခံရ‌ကြောင်း သိရသည်။

ယ‌နေ့ ဇွန်လ ၂၃ ရက် နံနက် ၆နာရီခွဲ အချိန်ခန့်က ရာအိမ်မှူး ဦးသန်း‌ဌေး (၅၈)နှစ်သည် ၎င်း၏‌နေအိမ်‌ရှေ့တွင် ရှိ‌နေစဉ် ကားအမဲ‌ရောင်ဖြင့် အမည်မသိ ‌သေနတ်သမားများမှ ၂ ချက်တိတိ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ မိသားစုနှင့် နီးစပ်သူများက ‌ပြောသည်။

အဆိုပါ ပစ်ခတ်မှု‌ကြောင့် ရာအိမ်မှူး ဦးသန်း‌ဌေးတွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သဖြင့် မြဝတီ‌ဆေးရုံမှတဆင့် ‌မော်လမြိုင်‌ဆေးရုံသို့ အ‌ရေး‌ပေါ်ပို့‌ဆောင်စဉ် လမ်းတွင် ‌သေဆုံးခဲ့၍ မြဝတီမြို့သို့ ပြန်လည်သယ်‌ဆောင်လာပြီး ဖြစ်‌ကြောင်းနှင့် မည်သည့် အ‌ကြောင်း‌ကြောင့် ယခုလို ပစ်သတ်ခံရခြင်းကို‌တော့ မသိရ‌သေးပါ။