Home သတင်း ‌ဝေါ်‌လေသတ်ဖြတ်မှုဖြစ်စဉ်အတွက် အ‌ရေးယူ‌ပေးရန် KNU ဗဟိုကို စစ်‌ကောင်စီတိုင်းမှူး ကန့်ကွက်စာပို့

‌ဝေါ်‌လေသတ်ဖြတ်မှုဖြစ်စဉ်အတွက် အ‌ရေးယူ‌ပေးရန် KNU ဗဟိုကို စစ်‌ကောင်စီတိုင်းမှူး ကန့်ကွက်စာပို့

32212

ဇွန်လ ၁၆ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မြဝတီမြို့နယ်၊ ‌ဝေါ်‌လေ‌ဒေသတွင် ဖြစ်‌ပေါ်ခဲ့သည့် သတ်ဖြတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အ‌ရေးယူနိုင်ရန် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုသို့ စစ်‌ကောင်စီ၏ အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်(ရတခ)က ဇွန်လ ၁၃ရက် ‌နေ့စွဲ ဖြင့် ကန့်ကွက်အ‌ကြောင်းကြားစာ ‌ပေးပို့ခဲ့‌ကြောင်း သိရှိရသည်။

တိုင်းမှူးကိုယ်စား လက်မှတ်‌ရေးထိုးထားသည့် ယင်းကန့်ကွက်စာအရ ၎င်းသတ်ဖြတ်မှုဖြစ်စဉ်တွင် ကရင်အမျိုးသား ကာကွယ်‌ရေးတပ်မ‌တော်(KNDO)အ‌နေဖြင့် အပစ်ရပ်သ‌ဘောတူစာချုပ်(NCA)ပါအချက်များကို ချိုး‌ဖောက်‌နေ‌ကြောင်း၊ ၎င်းအ‌ပေါ် ကန့်ကွက်‌ကြောင်းနှင့် လူသတ်မှု ကျူးလွန်ခဲ့သူများကို တရားဥပ‌ဒေနှင့်အညီ အ‌ရေးယူနိုင်‌ရေး၊ အမှုဖွင့် ထားမှုအ‌ပေါ် ဖမ်းဆီးအ‌ရေးယူနိုင်‌ရေး လိုအပ်သလို ကူညီ‌ဆောင်ရွက်‌ပေးရန် အသိ‌ပေး အ‌ကြောင်းကြားထား‌ကြောင်း ‌တွေ့ရှိရသည်။

‌မေလ ၃၁ရက်‌နေ့က KNDO ဘက်မှ အင်အား ၃၅ဦးခန့်သည် ကနဲ‌လေး-‌မော်ခီး ကားလမ်း‌ပေါ်တွင် အိုဟိုး‌ချောင်း တံတားတည်‌ဆောက်‌နေသည့် အရပ်သား ၄၇ဦးကို ဖမ်းဆီးပြီး ၂၅ဦးကို သတ်ဖြတ်ခဲ့‌ကြောင်း ‌ဖော်ပြထားပြီး ၎င်းလုပ် ရပ်သည် NCA ပါ အခန်း(၃)၊ စာပိုဒ်(၉)၊ အပိုဒ်ခွဲ(ခ)ကို ‌ဖောက်ဖျက်ကျူးလွန်‌နေသဖြင့် လက်‌အောက်ခံ တပ်ဖွဲ့ဝင်များ အား စာချုပ်ပါအတိုင်း လိုက်နာ‌ဆောင်ရွက်မှုရှိ‌စေ‌ရေး ကြပ်မတ်‌ဆောင်ရွက်ရန် စစ်‌ကောင်စီ၏ ကန့်ကွက်စာ၌ ဆိုထား သည်။

ဆက်လက်ပြီး ၎င်း‌ဆောင်ရွက်မှုအ‌ပေါ် ကန့်ကွက်‌ကြောင်းဆိုထားပြီး လူသတ်မှု ကျူးလွန်ခဲ့သူများကို တရားဥပ‌ဒေနှင့် အညီ အ‌ရေးယူနိုင်‌ရေးအတွက် အမှုဖွင့်လှစ် ‌ဆောင်ရွက်ထားပြီးဖြစ်‌ကြောင်းနှင့် တရားခံများကိုလည်း တရားဥပ‌ဒေနှင့် အညီ ဖမ်းဆီးအ‌ရေးယူနိုင်‌ရေး လိုအပ်သလို ကူညီ‌ဆောင်ရွက်‌ပေးရန်လည်း ‌ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်အ‌ပေါ် ပြီးခဲ့သည့် ဇွန်လ ၁၃ရက်‌နေ့ကလည်း စစ်‌ကောင်စီ၏ သတင်းစာထဲတွင် အထက်ပါစာသားကဲ့သို့ အပြစ်မဲ့ အရပ်သား ၂၅ဦးကို KNDO ဘက်မှ သတ်ဖြတ်ခဲ့‌ကြောင်းဆိုထားပြီး KNDO ဘက်မှလည်း ထို‌ဆောက်လုပ်‌ရေး အလုပ်သမားများသည် အရပ်သားများမဟုတ်ဘဲ အသွင်ယူထားသည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသာဖြစ်‌ကြောင်း ပြန် လည်‌ပြောဆိုထားသည်။

လတ်တ‌လောတွင် ‌ဒေသတည်ငြိမ်‌အေးချမ်းမှုမရှိသည့် ကာလတွင် ၎င်း‌ဒေသ၌ ဖွံ့ဖြိုး‌ရေး လုပ်ငန်းဝင်‌ရောက်လုပ်ကိုင် ခြင်း မပြုလုပ်ရန် KNDO ဘက်မှ မကြာခဏ သွား‌ရောက် သတိ‌ပေး‌ပြောဆို‌သော်လည်း စစ်‌ကောင်စီဘက်မှ ‌ဆောက် လုပ်‌ရေးလုပ်သားအသွင်ဖြင့် နယ်‌မြေစိုးမိုးမှုနှင့် ‌ဒေသအတွင်းရှိ သတင်းအချက်အလက်များ ပို့‌ဆောင်ရန်အတွက် ‌စေလွှတ်ခြင်းဖြစ်သည်ဟု စစ်‌ဆေး‌တွေ့ရှိရ‌ကြောင်းလည်း KNDO ဘက်က ‌ပြောဆိုထားသည်။

အဆိုပါကန့်ကွက်အ‌ကြောင်းကြားစာနှင့်ပတ်သက်ပြီး KNU ဗဟိုကို ဆက်သွယ်‌မေးမြန်းနိုင်ခြင်းမရှိ‌သေးသလို လတ်တ ‌လောတွင်လည်း ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအကြား အချင်းချင်း ပစ်ခတ်မှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး ‌တွေ့ဆုံ‌ဆွေး‌နွေး‌နေကြ‌ကြောင်း သိရသည်။

ဇွန်လ ၁ရက်နှင့် ၉ရက်‌နေ့တို့တွင် KNDOက ဖမ်းဆီး‌ခေါ်‌ဆောင်ခံရသူများထဲတွင် အမျိုးသား ၆ဦး၊ အမျိုးသမီး ၆ဦး၊ က‌လေး ငယ် ၁ဝဦး စုစု‌ပေါင်း ၂၂ဦး ပြန်လည်လွတ်‌မြောက်လာခဲ့ပြီး ‌သေဆုံးသူ ၂၅ဦး၏ အ‌လောင်းကို ပြန်လည်‌တွေ့ရှိ သည့်အတွက် အပြစ်မဲ့ပြည်သူများကို အ‌ကြောင်းမဲ့ သတ်ဖြတ်မှု‌ကြောင့် တပ်မ‌တော် စစ်‌ကြောင်းများမှ လိုက်လံ ရှာ‌ဖွေ ‌ဖော်ထုတ်‌ချေမှုန်းနိုင်‌ရေးအတွက် လိုအပ်သည့် လုံခြုံ‌ရေးလုပ်ငန်းများ ဆက်လက်လုပ်‌ဆောင်လျက်ရှိ‌ကြောင်း စစ် ‌ကောင်စီပိုင် သတင်းဌာနက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ‌မေလကုန်ပိုင်းနှင့် ဇွန်လဆန်းပိုင်းတွင် အဆိုပါသတ်ဖြတ်မှု ဖြစ်စဉ်ဖြစ်ပွားရာ ‌ဝေါ်‌လေ‌ဒေသတွင် ခွဲထွက် (DKBA)တပ်ဖွဲ့ဝင်များအပြင် အခြား‌သော လက်နက်ကိုင်အဖွဲ့များနှင့် KNDO တပ်ဖွဲ့ဝင်များပါဝင်၍ စစ်‌ကောင်စီနှင့် နယ်ခြား‌စောင့်တပ်(BGF) ပူး‌ပေါင်းတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး ၎င်းကာလအတွင်း အဆိုပါသတ် ဖြတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။