Home သတင်း ဘုရားသုံးဆူမြို့တွင် BGF တပ်ဖွဲ့ဝင်တစ်ဦး ‌သေနတ်ဖြင့် ပစ်သတ်ခံရ

ဘုရားသုံးဆူမြို့တွင် BGF တပ်ဖွဲ့ဝင်တစ်ဦး ‌သေနတ်ဖြင့် ပစ်သတ်ခံရ

2049

ဇွန်လ ၁၆ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ ရပ်ကွက် ၄ ရှိ လူ‌နေအိမ်တစ်အိမ်တွင် ယ‌နေ့ ‌နေ့လည် ၁၁ နာရီက ‌သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင် နယ်ခြား‌စောင့်တပ် (BGF) တပ်ဖွဲ့ဝင်တစ်ဦး ‌သေနတ်ထိမှန် ‌သေဆုံးသွား‌ကြောင်း မြို့ခံများထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှု‌ကြောင့် နယ်ခြား‌စောင့်တပ်အမှတ် ၁၀၂၁ တပ်ဖွဲ့ဝင် ‌မောင်‌ကျော်ဆိုသူအား ဦး‌ခေါင်းတွင် ‌သေနတ် ဒဏ်ရာ ၃ ချက်ထိမှန်ပြီး ဘုရားသုံးဆူမြို့ ပြည်သူ့‌ဆေးရုံ၌ ‌သေဆုံးသွားခဲ့‌ကြောင်း နယ်‌မြေခံ တိုင်းရင်းလက်နက်ကိုင်အဖွဲ့များထံမှ သိရသည်။

“ ‌နေ့လည် ၁၁ နာရီအချိန်မှာ ‌သေနတ်ပစ်ခတ်မှုဖြစ်တာပါ။ BGF က ကိုစိုးဝင်းရဲ့သားအိမ်မှာ ပစ်ခတ်မှုဖြစ်တယ်လို့ သိရတယ်။ ဘယ်သူက ပစ်သွားလဲ၊ ဘာအ‌ကြောင်းလဲ‌တော့ မသိရဘူး‌ပေါ့‌နော်။ ‌သေနတ်ထိမှန်သူက BGF က ‌မောင်‌ကျော်လို့ ‌ခေါ်ကြ တယ်။ ‌ဆေးရုံမှာသယ်သွားပြီး‌တော့ ဆုံးသွားတယ်လို့ သိရတယ်။” ဟု အမည်မ‌ဖော်လိုသူ ဘုရားသုံးဆူမြို့ခံ တစ်ဦးက ယ‌နေ့ည‌နေတွင် ‌ကေအိုင်စီ သို့‌ပြောသည်။

‌သေဆုံးသွားသူ BGF တပ်ဖွဲ့ဝင် ‌မောင်‌ကျော်ဆိုသူသည် ယခင်လများက မြို့‌ပေါ်တွင် ပြုလုပ်ခဲ့သည့် စစ်အာ ဏာရှင် ဆန့်ကျင်‌ရေး ဆန္ဒထုတ်‌ဖော်ပွဲများကို လိုက်လံ‌နှောင့်ယှက်ဟန့်တားမှုများလုပ်‌ဆောင်ရာတွင် တစ်ဦး အပါအဝင်ဖြစ်သည်ဟု မြို့ခံများက ‌ပြောသည်။ သူ‌သေဆုံးမှုနှင့်ပတ်သက်၍ လက်ရှိတွင် သက်ဆိုင်ရာမှ စုံစမ်းမှုများ လုပ်‌ဆောင်‌နေသည်ဟု မြို့ခံလူထုထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်‌နေ့တွင်လည်း ဘုရားသုံးဆူမြို့၊ ရွာသစ်ရွာတွင် မွန်ညီညွတ်‌ရေးပါတီမှ လွှတ်‌တော် ကိုယ်စားလှယ်‌လောင်း မိ‌ဝေသီဖြိုးအား အမည်မသိဆိုင်ကယ်စီးလာသူက ‌သေနတ်ဖြင့် ပစ်သတ်ခဲ့သလို မြို့‌ပေါ်တွင်လည်း ဗုံး‌ပေါက်ကွဲမှု မကြာခဏဖြစ်ပွားလာသည့်အတွက် ပြည်သူလူထုများ၏ အသက်အန္တရာယ်များ ထိခိုက်လာမည်ကို စိုးရိမ်‌နေကြသည်ဟု မြို့ခံလူထုများထံမှ သိရသည်။