Home သတင်း ဖာပွန်‌ဒေသရှိ စစ်‌ရှောင်ပြည်သူ ၄၀၀ဝ ‌ကျော် မြိုင်ကြီးငူတွင် လာ‌ရောက်ခိုလှုံ

ဖာပွန်‌ဒေသရှိ စစ်‌ရှောင်ပြည်သူ ၄၀၀ဝ ‌ကျော် မြိုင်ကြီးငူတွင် လာ‌ရောက်ခိုလှုံ

2546

ဇွန်လ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်(ဖာပွန်)ခရိုင် ၊ တပ်မဟာ(၅) ထိန်းချုပ်နယ်‌မြေအတွင်း ဖြစ်ပွား ‌နေသည့် စစ်‌ရေးပဋိပက္ခများ‌ကြောင့် ‌ဒေသခံပြည်သူ ၄၀၀၀(‌လေး‌ထောင်)‌ကျော်သည် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီး ငူ‌ဒေသတွင် လာ‌ရောက်တိမ်း‌ရှောင်‌နေကြရသည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လက ‌ကေအဲန်ယူ တပ်မဟာ(၅)နယ်‌မြေအတွင်း စစ်‌ကောင်စီတပ်မှ ‌လေ‌ကြောင်းတိုက်ခိုက်မှုအပြင် စစ်‌ကောင်စီပူး‌ပေါင်းတပ်နှင့် နယ်‌မြေခံ ‌ကေအဲန်ယူတပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှု‌ကြောင့် မဲဝိုင်၊ ‌ကျောက် ‌တောင်၊ ဘုရားကုန်း၊ ကတိုင်တိ၊ ပို‌ဘောခို၊ ‌ကျောက်ဖား၊ တ‌ခေါ်ထ၊ ‌သောလယ်ထ၊ ဟတ်ကြီး၊ ‌သောလယ်ထ၊ ထီး‌လော် ‌သေထ၊ မယ်မွဲထ၊ ‌ဘောကျို့ထ၊ ‌လေးဖို့ထ၊ မိဇိုင်း‌ချောင်းဖျားနှင့် တံခွန်တိုင် အပါအဝင် ‌ကျေးရွာ‌ပေါင်း ၉ဝ ‌ကျော်မှ ‌ဒေသခံ‌လေး‌ထောင်‌ကျော်သည် ဧပြီလ ၂ ရက်‌နေ့က မြိုင်ကြီးငူ‌ဒေသသို့ ‌ရောက်ရှိလာခြင်းဖြစ်သည်ဟု စစ်‌ရှောင်များကို ကူညီ‌ဆောင်ရွက်‌ပေး‌နေသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

စစ်‌ရှောင်ပြည်သူများကျန်းမာ‌ရေးအတွက် ကြည့်ရှု‌စောင့်‌ရှောက်‌ပေး‌နေသူ ‌နော်နန်းသဇင်က “ စစ်‌ရှောင်‌တွေက များ‌ပေမယ့် အရင်တုန်းကလို တစ်‌နေရာထဲမထား‌တော့ များမှန်းသိပ်မသိသာဘူး၊ သူတို့ကို ရပ်ကွက်အတွင်းက အိမ်‌တွေမှာ ဆရာ‌တော်က ခဏတည်းခိုလှုံခိုင်းတယ်။ ‌ဒေသတည်ငြိမ်‌အေးချမ်းဖို့က ဘယ်‌လောက်အထိ ‌စောင့်ရမ လဲမသိဘူးဆို‌တော့ သူတို့အတွက် အခုတည်း‌နေတဲ့ ခြံဝင်း‌တွေထဲမှာ တဲ‌ဆောက်‌ပေးဖို့စီစဉ်ထားတယ်။ တဲ‌ဆောက် ဖို့ ဖက်တို့၊ ဝါးတို့ဝယ်ရမယ်ဆို‌တော့ အကြမ်းအားဖြင့် အိမ်‌ထောင်တစ်စုကို ၂ သိန်း‌ကျော်ကုန်မယ်၊ အလှူရှင်က သိပ်မရှိ‌သေးဘူး။” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

လက်ရှိအချိန်တွင် စစ်‌ပြေး‌ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများကို အလှူရှင်အချို့က လာ‌ရောက်ဝိုင်းဝန်း ကူညီ‌ပေးများရှိ‌သော်လည်း လုံ‌လောက်မှုမရှိ‌သေး‌ကြောင်းလည်း သိရှိရသည်။

မြိုင်ကြီးငူ‌ဒေသသို့ ‌ရောက်ရှိလာသည့် စစ်‌ရှောင်ပြည်သူ ‌လေး‌ထောင်‌ကျော်ထဲတွင် အိမ်‌ထောင်စု (၉၈၀)စုရှိပြီး ကိုယ်ဝန်‌ဆောင်မိခင် (၅၃)ဦး၊ တစ်နှစ်‌အောက် က‌လေး (၄၈)ဦးနှင့် ၅ နှစ်အထက် က‌လေး (၉၅၄)ဦး ပါဝင်သည်။ ထိုအထဲတွင် အချို့မှာ ‌သေနတ်ဒဏ်ရာရရှိသူများလည်း ပါဝင်သည်ဟု ၎င်းတို့ကို အကူအညီ‌ပေး‌နေသူများထံမှ သိရသည်။

‌လေယာဉ်ဗုံးကြဲသည့်အချိန်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ‌နော်အယ်မူးနာ‌ဖောက “‌လေယာဉ်ဗုံးကြဲ‌တော့ သမီးညီမနဲ့ သမီးနည်းနည်းထိသွားတယ်၊ ပြီး‌တော့ သမီးတို့ ဂူ‌တွေမှာနှစ်ညသွားအိပ်ရ‌တော့ အနာက အနံ့ထွက်‌နေပြီး၊ ပြီးမှ ဒီကို လာတာ။ လမ်းမှာလည်း ၃ ရက်ကြာတယ်။ ဒဏ်ရာက ‌ဆေးလည်းမကုရဘူး၊ ဒီကို‌ရောက်‌တော့ သမီးတို့ ဒဏ်ရာ ပြည်‌တောင်ရှိသွားပြီး။ ပြန်ကုရပြီးအခု‌တော့အနာကင်းသွားပြီး။ အခု သူများအိမ်မှာ လိုက်ကပ်‌နေရ တယ်ဆို‌တော့ အခက်အခဲ‌တော့ရှိတာ‌ပေါ့၊ တစ်ရွာက်လုံး ထွက်‌ပြေးလာတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိတွင် ‌ကေအဲန်ယူ တပ်မဟာ ၅ နယ်‌မြေထဲတွင် စစ်‌ကောင်စီတပ်က ‌ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ် ခတ်မှုများ ပြုလုပ်‌နေဆဲဖြစ်သလို စစ်‌ကောင်စီ၊ နယ်ခြား‌စောင့်တပ်-BGFနှင့် ‌ကေအဲန်ယူ တပ်မဟာ ၅ တပ်ဖွဲ့ အတို့အကြား ပစ်ခတ်မှုများလည်း ဖြစ်ပွား‌နေဆဲဖြစ်သည်။ ထို့အပြင် ဖာပွန်-ကမ‌မောင်းလမ်းမကြီးလည်း ပိတ်ထားသည့်အတွက် ‌ကျေးရွာတွင် ကျန်ရှိသည့် ‌ဒေသခံအချို့မှာ စားနပ်ရိက္ခာအခက်အခဲကြုံ‌တွေ့‌နေရသည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

မြိုင်ကြီးငူတွင် ယခု ၂၀၂၁ ခုနှစ် ဧပြီလမှစတင်ပြီး ထွက်‌ပြေးလာသည့်စစ်‌ရှောင်များအပြင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် တွင် စစ်‌ကောင်စီတပ်၊ BGF ပူး‌ပေါင်းတပ်ဖွဲ့နှင့် ခွဲထွက် DKBA ကြား တိုက်ပွဲ‌ကြောင့် မြိုင်ကြီးငူသို့ ထွက်‌ပြေး လာရပြီး ယခုအချိန်ထိ ‌နေရာမပြန်နိုင်‌သေးသည့် စစ်‌ရှောင်ပြည်သူ ၃၀၀၀(သုံး‌ထောင်) အပါအဝင် လက်ရှိ ‌နေရပ်စွန့်ခွာ စစ်‌ရှောင်ပြည်သူ စုစု‌ပေါင်း ၈၀၀၀(ရှစ်‌ထောင်)‌ကျော်ခိုလှုံလျက်ရှိသည်ဟု စစ်‌ရှောင်ပြည်သူများကို အကူအညီ‌ပေး‌နေသည့် အဖွဲ့များ၏ ပြုစုထားသည့် စာရင်းအရ သိရသည်။