Home သတင်း ထိုင်းနိုင်ငံ မဲ‌ဆောက်ဘက်ခြမ်း‌ရောက်ရှိသည့် ‌နေရပ်ပြန် မြန်မာလုပ်သား ၆၅ဝ ကို နယ်စပ်မှ တဆင့် တစ်ရက်ခြား ၂၀ဝ စီသာ လက်ခံမည်

ထိုင်းနိုင်ငံ မဲ‌ဆောက်ဘက်ခြမ်း‌ရောက်ရှိသည့် ‌နေရပ်ပြန် မြန်မာလုပ်သား ၆၅ဝ ကို နယ်စပ်မှ တဆင့် တစ်ရက်ခြား ၂၀ဝ စီသာ လက်ခံမည်

1023

ဇွန်လ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံ မဲ‌ဆောက်ဘက်ခြမ်းသို့ ပြီးခဲ့သည့် ၃ ပတ်ခန့်ကတည်းက ‌ရောက်ရှိ‌နေ သည့် ‌နေရပ်ပြန် မြန်မာလုပ်သား ၆၅ဝ ခန့်အား ယ‌နေ့ ဇွန်လ ၁၅ ရက်‌နေ့မှစ၍ ထိုင်း-မြန်မာအမှတ် (၂ )တံတား မြဝတီနယ်စပ်မှတဆင့် တစ်ရက်ခြား လူ ၂၀ဝ ဦးစီသာ ကနဦး လက်ခံသွားမည်ဟု သိရသည်။

Covid-19 ကူးစက်မှု မြင့်တက်လာ‌နေမှု‌ကြောင့် ပြီးခဲ့သည့် ဇွန်လ ၁ ရက်မှ ဇွန်လ ၁၄ ရက်‌နေ့ထိ မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ် ၂ တံတားမှတဆင့် ‌နေရပ်ပြန် ကြိုဆိုမှုအား ၂ ပတ်ကြာပိတ်ထားခဲ့ပြီး ယ‌နေ့ ဇွန်လ ၁၅ ရက်‌နေ့တွင် ‌နေရပ်ပြန် ကြိုဆို‌ရေး ပြန်လည်လက်ခံခြင်းဖြစ်သည်။

” ယခင် ၃ ပတ်ခန့် ကတည်းက မြဝတီတဖက်ကမ်း ထိုင်းနိုင်ငံ မဲ‌ဆောက် ဘက်ခြမ်းကို ‌ရောက်ရှိ‌နေတဲ့ ‌နေရပ်ပြန် မြန်မာလုပ်သား ၆၅ဝ ခန့်ကို တစ်ရက်ခြား လူ ၂၀ဝ နှုန်းဖြင့် ကြိုဆိုလက်ခံသွားမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်း ပိုင်းက‌နေ ထပ်ပြီးပြန်လာမယ့် သူ‌တွေကို‌တော့ ‌နောက်ထပ်ညွှန်ကြားချက်ရမှသာ ထပ်မံ လက်ခံသွားမှာဖြစ်တယ်”ဟု မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ် ၂ တံတားမှ ‌နေရပ်ပြန်ကြိုဆိုလက်ခံ‌ရေး တာဝန်ရှိသူ တစ်ဦးက ‌ပြောသည်။

ထို့‌ကြောင့် ယခု ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံအတွင်းပိုင်းမှ ပြန်လာမည့်သူများ အ‌နေဖြင့် မြဝတီနယ်စပ် ကြိုဆိုလက်ခံ‌ရေး သတင်းအား နားစွင့်ပြီး ‌သေချာမှသာ ပြန်လာကြ‌စေလို‌ကြောင်း ထိုင်း‌ရောက် မြန်မာလုပ်သားအ‌ရေး ‌ဆောင်ရွက်သူတစ်ဦး ကလည်း တိုက်တွန်း‌ပြောဆိုသည်။

ယခုကာလတွင် ထိုင်းနိုင်ငံ အတွင်းပိုင်းမှ ‌နေရပ်သို့ ပြန်လာသူများသည် ခရီးစရိတ် ကယ်ရီခ ထိုင်း‌ငွေ ဘတ် ၃,၀၀ဝ မှ ၈,၀၀ဝ အထိ ‌ငွေ‌ကြေးကုန်ကျမှုများ ရှိ‌နေသလို ထိုသို့ပြန်လာစဉ် မြဝတီနယ်စပ်မှ ပြည်ဝင်ခွင့် ကန့်သတ်ချက်များ‌ကြောင့် အခက်အခဲများစွာ ကြုံခဲ့ရ‌ကြောင်း ယ‌နေ့ ‌နေရပ်ပြန်မြန်မာလုပ်သားများ၏ ‌ပြောကြားချက်အရ သိရသည်။