Home သတင်း ကရင်နိုင်ငံ‌ရေးပါတီများကို ပြည်ထဲ‌ရေးက စစ်‌ဆေး‌နေ

ကရင်နိုင်ငံ‌ရေးပါတီများကို ပြည်ထဲ‌ရေးက စစ်‌ဆေး‌နေ

1364

ဇွန် ၁၆ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်နိုင်ငံ‌ရေး ပါတီများကို ပြည်ထဲ‌ရေးဌာန တာဝန်ရှိသူများက လာ‌ရောက်စစ်‌ဆေးမှုများ ပြုလုပ်လျက် ရှိ‌ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။

ထိုသို့ စစ်‌ဆေးရာတွင်အချို့ ပါတီများကို ပါတီအလုပ်အမှု‌ဆောင်အဖွဲ့ စာရင်းနှင့် ကိုယ်‌ရေးအချက် အလက်များ ‌တောင်းယူခြင်းများရှိ သလို အချို့ပါတီများကို အမျိုးသား ညီညွတ်‌ရေးအစိုးရ (NUG)အား ‌ထောက်ခံသည့် စာထုတ်ပြန်ထားခြင်းရှိမရှိ ‌မေးမြန်းမှုရှိ‌ကြောင်း ပါတီတာဝန် ရှိသူများက ‌ပြောသည်။

” ကျ‌နော်တို့ ကရင်ပြည်သူ့ပါတီရုံးကို ဒီ‌နေ့ (ဇွန် ၁၆) ရက်‌နေ့မှာ အ‌ထွေ‌ထွေအုပ်ချုပ်‌ရေး ဦးစီးဌာနနဲ့ အဖွဲ့စုံ အဖွဲ့က လာစစ်ပါတယ်။ ထူးထူးခြားခြား မရှိဘူး။ ပါတီအလုပ်အမှု‌ဆောင် စာရင်းကို ‌တောင်းယူသွားပါတယ်” ဟု ကရင်ပြည်သူ့ပါတီ (KPP)တာဝန်ရှိသူတဦးက ‌ပြောသည်။

အလားတူ ကရင်ပြည်နယ်၊ ဖားအံမြို့ အ‌ခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP)ထံသို့ လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လာ‌ရောက်စစ်‌ဆေးခဲ့ပြီး ပါတီအလုပ်အမှု‌ဆောင်အဖွဲ့၏ ကိုယ်‌ရေး အချက်အလက်များ စသည်ဖြင့်‌တောင်းယူသွားသည်ဟု ပါတီဥက္ကဋ္ဌ မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

ထို့အပြင် ကရင်အမျိုးသားပါတီ(KNP)တာဝန် ရှိသူတဦးကလည်း” ကျ‌နော်တို့ ပါတီက အင်အားနည်း‌တော့ ရုံးခန်းမဖွင့်နိုင်ဘူး၊ အဲ့‌တော့ ပါတီတာဝန်ရှိသူတဦကို ‌ထွေအုပ်ရုံးမှာ ‌ခေါ်စစ်တယ်၊ NUG ကို ‌ထောက်ခံတဲ့ စာထုတ်ထားလား‌မေးတယ်။ ပါတီက အဲ့လိုစာထုတ်ထားတာ မရှိဘူး။ သွား‌တွေ့တဲ့သူက မရှိ‌ကြောင်း လက်မှတ် ထိုး‌ပေးခဲ့တယ်လို့သိရတယ်” ဟု ‌ပြောသည်။

လက်ရှိပြည်တွင်း၌ ကရင်ပြည်သူ့ ပါတီ၊ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသား ဒီမိုကရက် တစ်ပါတီနှင့် ကရင်အမျိုးသားပါတီတို့ တရားဝင် ရပ်တည်လျက်ရှိ‌ကြောင်း သိရသည်။