Home တွေ့ဆုံမေးမြန်းခန်း KNU တပ်မဟာ ၅ ‌ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး ‌စောကလယ်ဒို့နှင့် ‌မေးမြန်းခြင်း

KNU တပ်မဟာ ၅ ‌ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး ‌စောကလယ်ဒို့နှင့် ‌မေးမြန်းခြင်း

11690

KNU တပ်မဟာ ၅ ‌ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး ‌စောကလယ်ဒို့နှင့် ‌မေးမြန်းခြင်း

“ကိုယ့်လူမျိုးအချင်းချင်းထိ‌တွေ့ပစ်ခတ်မှုနဲ့ရင်ဆိုင်ရမှာကို မလိုလားတာ‌တော့ အမှန်ပဲ။ ဒါ‌ပေမဲ့ စစ်အာဏာရှင်ရဲ့ အမိန့်ကို နာခံရပြီး နယ်‌မြေလုံခြုံ‌ရေးနဲ့ ပြည်သူလူထု‌တွေကို ထိပါးလာခဲ့ရင်‌တော့ လက်ပိုက်ကြည့်မ‌နေနိုင်ဘူး။”

ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်မဟာ(၅)မှ ‌သောလယ်ထာ့ အ‌ခြေစိုက် စစ်‌ကောင်စီ တပ်စခန်းကို သိမ်းယူလိုက်ပြီး‌နောက် နယ်‌မြေအတွင်း နှစ်ဖက်တင်းမာမှုအ‌ခြေအ‌နေနှင့် စစ်‌ကောင်စီ တပ်များ၏ စစ်‌ရေးလှုပ်ရှားမှုအ‌ခြေအ‌နေများနှင့်ပတ်သက်၍ တပ်မဟာ(၅)‌ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး ‌စောကလယ်ဒို့အား ‌ကေအိုင်စီ-ကရင်သတင်းဌာနက ယ‌နေ့ (‌မေလ ၃ရက်) ဆက်သွယ် ‌မေးမြန်းထားသည်များကို စုစည်း‌ဖော်ပြလိုက်ပါသည်။

‌မေး- စခန်းသိမ်းတိုက်ပွဲအပြီး နယ်‌မြေအတွင်း ထိ‌တွေ့ပစ်ခတ်မှု ‌နောက်ဆုံး အ‌ခြေအ‌နေ‌လေး ‌ပြောပြပါအုံး။
သူတို့(နစက) စခန်းကို တက်ပြီးတဲ့‌နောက်ပိုင်း ‌မြေပြင်မှာ လက်နက်ကြီးနဲ့ ‌နေ့တိုင်းလိုလို ပစ်‌နေတာပဲ။ ‌လေ ယာဉ်နဲ့လည်း ‌နေ့ပိုင်း‌ကော ညပိုင်း‌ကော လာပစ်‌နေတာပဲ။ အနီးဆုံး ‌ပြောရရင် ညတုန်းက ‌လေယာဉ်နဲ့ ပွာဒဲ ‌ကျေးရွာအုပ်စု ‌လေး‌တော်‌ခေါ့၊ ‌လေး‌တော်ခို့ အဲ့ဘက်ခြမ်း‌တွေမှာ ‌ဒေသခံ‌တွေ ထွက်‌ပြေးတိမ်း‌ရှောင်‌နေတယ်လို့ ထင်‌ကောင်းထင်မှာ‌ပေါ့။ အဲ့မှာ ညတုန်းက သွားပစ်တယ်။ ‌နောက်ပြီး ဖာပွန်ဗျူဟာတပ်ကလည်း အဲ့မှာ‌နေ့‌ကော ညပါ လက်နက်ကြီးနဲ့ ပစ်‌နေတာပဲ။ ညတုန်းကဆိုရင် မာ‌ထောအုပ်စု ပို့‌ဘောခို့ရွာဘက်ခြမ်းမှာ ပစ်တယ်။ ဖာပွန်ဘက်မှာရှိတဲ့ ရပ်ကွက်(၃)၊ ရပ်ကွက် (၄)၊ အ‌နောက်ဘက်ကမ်း ရပ်ကွက်မှာရှိတဲ့ လူထု‌တွေကလည်း စိုးရိမ်‌ကြောက်လန့်‌နေရတာ‌ကြောင့် နီးစပ်ရာဘုန်းကြီး‌ကျောင်းတို့၊ ဘုရား‌ကျောင်းတို့မှာသွားစုအိပ်ပြီး‌နေ ကြရတယ်။ အဲ့ကို သွားမအိပ်တဲ့ သူ‌တွေကလည်း သူတို့ ရဲ့ အိမ်‌အောက်‌တွေမှာရှိတဲ့ ဗုံးခိုကျင်း‌တွေမှာ ဝင်အိပ်ကြ တယ်။

အခုတက်လာတဲ့ တပ်‌တွေက အရင်ကနဲ့ မတူဘူး၊ ဖာပွန်မှာရှိတဲ့ ရပ်ကွက် (၁)ကို ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပစ်တာပဲ။ လူထုရဲ့ ‌နေအိမ်တချို့ကိုထိ‌ပေမဲ့ ‌ဒေသခံ လူထု‌တွေကကျင်းထဲမှာ ဝင်ပုန်း‌နေကြတာ‌ကြောင့် အထိ အခိုက်မရှိခဲ့ဘူးလို့ဆိုတယ်။ သူတို့လူ‌တွေ လမ်း‌ဘေးမှာ ဗုံးမှန်ပြီးဆိုရင် ရွာထဲကို လက်နက်ကြီးနဲ့ပစ်‌တော့တာပဲ။ အဲဒါ‌ကြောင့် ‌ဒေသခံ လူထု‌တွေ ‌တော‌တောင်ထဲက လူ‌တွေမကဘူး။ ဖာပွန်မြို့ထဲက လူ‌တွေပါ ‌ကြောက်ရွံ့ စိုးရိမ်မှု‌တွေနဲ့ရင်ဆိုင် ‌နေထိုင်‌နေကြရတယ်။

‌မေး- ဘာဖြစ်လို့ စစ်တပ်က လူ‌နေ‌ကျေးရွာ‌တွေကို လက်နက်ကြီးနဲ့ ပစ်ရတာလဲ။ သူတို့အတွက် အ‌ကြောင်းပြ ချက်က ဘာဖြစ်မလဲ။
သူတို့က တစ်ခုခုဖြစ်လာပြီးဆိုရင် ‌ဒေသခံလူထု‌တွေကိုပဲ ပြန်လုပ်တာပဲ။ သူတို့ကို ဆန့်ကျင်တိုက်ခိုက်‌နေတဲ့ ကျ‌နော်တို့ KNLA တပ်ကို‌တော့ ပြန်လုပ်လို့မရဘူး။ အဲ့လို လုပ်လို့မရတဲ့အခါကျ‌တော့ အဓိကက‌တော့ ရွာသား ‌တွေကို ပြန်လုပ်တယ်ဆိုတာက တနည်းအားဖြင့် KNLA အ‌နေနဲ့ ဒီလိုမျိုး မတိုက်ခိုက်ဖို့ လူထု‌တွေကို ဖိအား ‌ပေး‌စေချင်တဲ့ သ‌ဘောပဲ။ မ‌နေ့က မိုင်းနဲ့ထိတာကို သူတို့ကို ပစ်တယ်ထင်ပြီး စခန်းထဲက‌နေ အပြင်ဘက် ရွာ‌တွေထဲကို လက်နက်ကြီးနဲ့ လှမ်းပစ်တာ‌တွေလုပ်တယ်။

‌မေး- အခုတ‌လော အဲ့ဘက်ခြမ်းမှာ စစ်‌ကောင်စီရဲ့ ညွှန်ကြားမှုနဲ့ နယ်ခြား‌စောင့်တပ်(BGF) ကို ‌စေလွှတ်တာမျိုး ကြားရတယ်။ အဲ့အ‌ခြေအ‌နေကိုလည်း ရှင်းပြ‌ပေးပါအုံး။ ဘယ်သူကဦး‌ဆောင်ပြီး‌တော့ အင်အား ဘယ်‌လောက် ရှိ မလဲ။
စစ်တပ်က သူတို့ အင်အား မလုံမ‌လောက်တဲ့အတွက် BGF ကို အကူအညီ‌တောင်းတာမျိုးရှိတယ်။ သူတို့အတွက် ကမာ‌မောင်းက‌နေ ဖာပွန်အထိ ရိက္ခာသွားပို့‌ပေးဖို့နဲ့ ဖာပွန်က‌နေသူတို့ရဲ့ အ‌ခြေစိုက်စခန်း‌တွေအထိပို့‌ပေးဖို့ BGF ကို ညွှန်ကြားတာမျိုး ရှိတာ‌ပေါ့။ BGF အ‌နေနဲ့လည်း စစ်တပ်လစာ စားတဲ့အတွက် စစ်တပ်ကခိုင်း‌တော့လည်း လုပ်ရတာ‌ပေါ့။ ပြီးခဲ့တဲ့ တစ်ပတ်က ကျ‌နော်တို့ သတင်းရတာက စစ်တပ်နဲ့အတူ သူတို့ အင်အား ၁၅ဝ ‌လောက် တက်လာတယ်လို့ ကြားတယ်။ မ‌နေ့ကလည်းပဲ အင်အား (၄၀၀)‌လောက် ထပ်တက်လာတယ်လို့ သတင်းရတယ်။

ဒါ‌ကြောင့် ဒီမှာ ၅၅ဝ ‌လောက်ရှိတာ‌ပေါ့။ ဒီဘက်မှာ‌တော့ စစ်တပ်အတွက် ရိက္ခာပို့ဖို့အတွက် ကူညီ‌ပေးတာ‌ပေါ့။ တချို့ကျ‌တော့ တပ်မဟာ (၁)ဘက်ကို တက်သွားပြီး စစ်တပ်နဲ့ သွားပူး‌ပေါင်းတာမျိုး လုပ်တယ်။ ကျ‌နော်တို့ ယူဆ တာက စစ်တပ်ရဲ့ လစာစားတဲ့အတွက် စစ်တပ်ခိုင်းတာကို‌တော့ လုပ်ရမှာပဲ‌လေ။ တစ်‌သွေး တစ်သံ တစ်မိန့် ‌အောက်မှာ စစ်တပ်ရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ရတာ‌ပေါ့။ ကိုယ့်ကရင်ပြည်သူ‌တွေ ထိခိုက်‌စေမဲ့ အလုပ်မျိုးကို လုပ်တဲ့‌နေရာမှာ သူတို့လည်းပါ‌နေတာ‌ပေါ့။ ရွာသား‌တွေရဲ့ ကြက်၊ ဝက်၊ ပစ္စည်း‌တွေ ယူတာမျိုး လုပ်တာ လည်းရှိတယ်။ ကျ‌နော်တို့ ‌နောက်ထပ် သတင်းရထားတာတစ်ခုက ကျ‌နော်တို့ သိမ်းယူထားတဲ့ သံလွင်မြစ် ကမ်းန‌ဘေးက မယ့်လာထာ(‌သောလယ်ထာ) စခန်းကို BGF ကို ပြန်သိမ်းယူခိုင်းဖို့ စစ်တပ်က ညွှန်ကြား ထား တယ်လို့ ကြားတယ်။ ဒါ‌ပေမယ့် ဘယ်‌လောက်ထိ တိကျ‌သေချာမှုရှိသလဲ‌တော့ ကျ‌နော်တို့ မသိရ‌သေးဘူး။ အခုက သူတို့က ဖာပွန်‌အောက်ပိုင်းဘက်မှာပဲ ရှိ‌သေးတယ်။ တက်‌တော့ တက်လာ‌နေပြီး။

‌မေး- မ‌နေ့က KNLA ဒုတိယစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက ကရင်လက်နက်ကိုင်‌တွေ ပြန်စုစည်းပြီး စစ်အာဏာရှင်ကို အတူတိုက်ဖို့ တိုက်တွန်းထားတာမျိုးရှိတယ်။ ဒီအ‌ပေါ်မှာ‌ကော ဘယ်လို သ‌ဘောထားရှိလဲ။
ဒုစစ်ဦးစီးချုပ် ထုတ်ပြန်တဲ့စာအရ ကရင့်လက်နက်ကိုင်‌တွေကို စုစည်းပြီး စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ ‌ပြောထားတာ‌ပေါ့။ ကျ‌နော်တို့ မြင်တာက ဒါက လုပ်သင့်တဲ့ အရာပဲ။ ဒီစစ်အာဏာရှင်အုပ်စုက တိုင်းပြည်ရဲ့ အုပ်ချုပ်‌ရေး‌တွေမှာ ပါဝင်ပြီး တိုင်းပြည်ရဲ့ နိုင်ငံ‌ရေးကို စီမံလုပ်‌ဆောင်နိုင်စွမ်းဘာတစ်ခုမှ မရှိခဲ့ဖူးဘူး။ တိုင်းရင်း သား‌တွေရဲ့ လိုလားချက်နဲ့ ကိုက်ညီတဲ့ ပြည်‌ထောင်စုစနစ်မျိုးဖြစ်တဲ့ တိုင်းပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံ ဥပ‌ဒေ‌တွေ‌ပေါ်‌ပေါက်လာရင် သူတို့ရဲ့ ကိုယ်ကျိုးစီးပွားပျက်စီးမှာသိတယ်၊ ‌နောက်ပြီး စစ်တပ်တစ်ခုအ‌နေနဲ့ အစိုးရတစ်ရပ်ဖြစ်လာခဲ့ဖူး‌ပေမယ့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှုတစ်ခါမှ မ‌အောင်မြင်ခဲ့ဘူး။ ဒါ‌ကြောင့် ဒီ စစ်အာဏာရှင် စနစ်က မရှိ‌တော့မှဘဲ နိုင်ငံ‌ရေး ပြဿနာကို ‌ဖြေရှင်းနိုင်မယ်လို့ ကျ‌နော်တို့ တပ်မဟာ (၅) အ‌နေနဲ့ အဲ့လိုပဲ မြင်တယ်။

‌မေး- ခုနက ‌ပြောခဲ့သလိုပဲ BGF က အဲ့ဘက်ကိုတက်လာတယ်‌ပြောတယ်။ သူတို့ အ‌နေနဲ့ တပ်မဟာ (၅) နယ် ‌မြေထဲကို ဝင်လာခဲ့ပြီးဆိုရင် တပ်မဟာ (၅) အ‌နေနဲ့ ဘယ်လို ‌ဖြေရှင်း‌ဆောင်ရွက်သွားမလဲ၊ ‌နောက်ပြီး KNLA ဗဟို ဘက်ကလည်း ဘယ်လို ညွှန်ကြားထားတာမျိုးရှိလဲ။
အဲ့ဒါနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ်မှာရှိတဲ့ BGF အ‌နေနဲ့ကလည်း ကရင်‌တွေပဲဖြစ်သလို အဲ့ထဲမှာလည်း တခြား လူမျိုး‌တွေ ပါနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကရင်ပြည်နယ်မှာ ရှိ‌နေတဲ့ BGF အ‌နေနဲ့က ကရင်လူမျိုး‌တွေနဲ့ ပဲ အဓိက ဖွဲ့စည်းထားတာဖြစ်တယ်။ ကျ‌နော်တို့အ‌နေနဲ့က ကိုယ့်လူမျိုးအချင်းချင်းထိ‌တွေ့ ပစ်ခတ်မှုနဲ့ရင်ဆိုင်ရမှာ ကို မလိုလားတာ‌တော့ အမှန်ပဲ။ ဒါ‌ပေမဲ့ သူတို့အ‌နေနဲ့ စစ်အာဏာရှင်ရဲ့ အမိန့်ကို နာခံရပြီး ကျ‌နော်တို့ရဲ့ နယ်‌မြေလုံခြုံ‌ရေးနဲ့ ပြည်သူလူထု‌တွေကို ထိပါးလာခဲ့ရင်‌တော့ လက်ပိုက်ကြည့်မ‌နေနိုင်ဘူး။ ကျ‌နော်တို့မှာရှိ‌နေတဲ့ အင်အားနဲ့ အဆုံးစွန်ဆုံး ရင်ဆိုင်သွားဖို့က‌တော့ လူတိုင်းနားလည်‌နေတာပဲ။ ‌နေရာဖယ်‌ပေးပြီး ကိုယ့်နယ်‌မြေကို လာအုပ်ချုပ်တာမျိုး‌တော့ ကျ‌နော်တို့ လက်ခံမှာမဟုတ်ဘူး။ ဗဟိုအ‌နေနဲ့‌တော့ ဘာမှ ညွှန်ကြားတာမျိုးမရှိ‌ပေမဲ့ အရင်ကတည်းက တပ်မဟာ တစ်ခုချင်းစီတိုင်းကို ‌ပေးထားတဲ့ လုပ်ပိုင်ခွင့်အတိုင်း‌တော့ လုပ်‌ဆောင်သွား မယ် လို့‌တော့ ‌ပြောချင်တယ်။