Home ကဗျာ “‌သွေးလွန်တုပ်‌ကွေး ကာကွယ်‌ရေး” (ကဗျာ)

“‌သွေးလွန်တုပ်‌ကွေး ကာကွယ်‌ရေး” (ကဗျာ)

2668

“‌သွေးလွန်တုပ်‌ကွေး ကာကွယ်‌ရေး”

မိုးဦးရာသီ ‌ရောက်ချိန်ခါ
ခြင်ယင်‌ပေါက်ဖွားလာ
ကျန်းမာ‌ရေးကို အ‌လေး‌ပေး
ကာကွယ်ကြစို့‌လေး… ။

‌သွေးလွန်တုပ်‌ကွေး အန္တရာယ်
ခြင်မှ ကူးစက်ကွယ်
နှိမ်နင်း‌ပေးမယ် စု‌ပေါင်းလို့
တိုက်ဖျက်‌ကျော်လွှားစို့… ။

‌ရေဖြည့်ထားလို့ အချိန်ကြာ
သွန်ပစ်လဲလှယ်ပါ
သုံးစွဲလျှင်ကွာ သန့်စင်‌ရေး
အဘိတ်‌ဆေး ခပ်‌ပေး… ။

ပိုး‌လောက်လန်း‌ဝေး ကင်းစင်‌အောင်
ဖုံးအုပ်လုပ်ငန်း‌ဆောင်
‌ရေတင်ကျန်‌ရှောင် ဗူးခွက်များ
သွန်၍ ‌မှောက်လို့ထား… ။

အနီးနားက ခြုံနွယ်‌တွေ
ခုတ်ထွင်ရှင်းလင်း‌ပေ
ခြင်ကျား‌ပေါက်‌နေ ‌ရေပုပ်‌မြောင်း
ဆည်ယူစီး‌စေ‌ကြောင်း… ။

စု‌ပေါင်း‌ဆောင်လို့ ‌အောင်ရမည်
ကျန်းမာ‌စေဖို့ရည်
ဖုံး စစ် သွန်မည် လဲလှယ်လို့
‌သွေးလွန်တုပ်‌ကွေး ကာကွယ်စို့ … … … ။

ဇင်မင်းစိုး (ဗိုလ်က‌လေး)