Home သတင်း ဖာပွန်မြို့နှင့်အနီးနားရှိရွာများတွင် တိုက်ပွဲ‌ကြောင့် ‌ဒေသခံများပိတ်မိ‌နေ

ဖာပွန်မြို့နှင့်အနီးနားရှိရွာများတွင် တိုက်ပွဲ‌ကြောင့် ‌ဒေသခံများပိတ်မိ‌နေ

3138
ပြီးခဲ့သည့် ဧပြီလက စစ်‌ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှု‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ကြရသည့် ဖာပွန်‌ဒေသခံများ။

‌မေလ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ဖာပွန်မြို့နယ်တွင် စစ်‌ကောင်စီတပ်နှင့် ကရင်အမျိုးသားတပ်မ‌တော်-KNLA တပ်မဟာ(၅)တို့အကြားတိုက်ပွဲများ ‌နေ့စဉ်ဖြစ်ပွား‌နေသည့်အတွက် ဖာပွန်မြို့နှင့်အနီးနားရှိ ‌ကျေးရွာများတွင် ‌ဒေသခံများ ပိတ်မိ‌နေပြီး စာနပ်ရိက္ခာများလည်း ပြတ်လုနီးပါးရှိ‌နေပြီဖြစ်သည်ဟု ‌ဒေသခံများထံမှ သိရသည်။

ဖာပွန်မြို့ တွင်‌နေထိုင်သည့် ‌ဒေသခံလူထုများသည် တိုက်ပွဲ‌ကြောင့် ပြီးခဲ့သည့် မတ်လကုန်ကတည်းက စတင်၍ အပြင်ထွက်သွားလာခွင့် မရ‌တော့သည့်အပြင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွား‌နေဆဲရှိသည့်အတွက် လူထုများမှာ ယခုလို စားနပ်ရိက္ခာ ပြတ်လုနီးပါး ရင်ဆိုင်ကြုံ‌တွေ့‌နေရခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိအချိန်တွင် ‌ဒေသအတွင်းရှိ လူထုများသည် တိုက်ပွဲ‌ကြောင့် အပြင်ထွက်ခွင့်မရသည့်အပြင် မြို့ပြင်နှင့် ရွာအပြင်တွင်လည်း ‌မြေမြုပ်မိုင်းများ ‌ထောင်ထားသည့်အတွက် အပြင်ထွက်သည့် လူနှင့် တိရိစာ္ဆန်အချို့ ထိခိုက်မှုများလည်းရှိသည်ဟုသိရသည်။

“ဒီလိုမျိုးပဲဆက်သွားရင် ‌နောက်လမှာ ကျ‌နော်တို့ ဆန်ပြုတ်‌သောက်ရမယ့် အ‌ခြေအ‌နေ‌ရောက်ပြီ။ ဘာမှ လုပ်လို့မရဘူး ပိတ်ဆံရှိရင်လည်း ဆန်၊ ဆီ၊ ဆား ရှာဝယ်လို့မရ‌တော့ဘူး။ ခြံထဲမှာ သွားရှာစားဖို့လည်း ‌ခြေ‌ထောက်အပိုမပါ‌တော့ မသွားရဲ‌တော့ဘူး။ သွားတဲ့အချိန် တိုက်ပွဲဖြစ်ရင်လည်း မလွယ်ဘူး။ ‌နေ့တိုင်းပဲ ‌သေနတ်ကြီး‌တွေနဲ့ ပစ်‌နေကြတယ်”ဟု အမည်မ‌ဖော်လိုသည့် ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီသို့‌ပြောသည်။

ယခုအချိန်တွင် ဖာပွန်၏အဓိက ကုန်သွယ်‌ရေးလမ်း‌ကြောင်းဖြစ်သည့် ဖာပွန်-ကမ‌မောင်း လမ်းမကြီးလည်း ပိတ် ထားသည့်အတွက် ကုန်ပစ္စည်း သယ်‌ဆောင်‌နေသည့် ကားများမထွက်ရဲ‌တော့သည့်အတွက်‌ကြောင့် မြို့အတွင်းရှိ အ‌ခြေခံစား‌သောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ အဆမတန် ‌ဈေးတက်သွားပြီး‌ရောင်းချ‌ပေး‌နေသည့် ဆိုင်လည်း နည်းသွား‌ကြောင်း ဖာပွန်မြို့‌ဒေသခံထံမှ သိရသည်။

ထို့အပြင် ဖာပွန်မြို့နယ်တွင် အခြား‌ဒေသနည်းတူ မိုဘိုင်း‌ဒေတာအင်တာနက်လိုင်းဖြတ်‌တောက်ခံရသည့်အပြင် ဖုန်းလိုင်းအချို့လည်း ဖြတ်ထားသည့်အတွက် ယခုအချိန်တွင် MPT ဖုန်းလိုင်းတစ်ခုတည်းကိုသာ ဖုန်း‌ပြောခွင့်ရသလို အိမ်သုံး အင်တာနက် WiFi လည်း မရှိ‌ကြောင်း သိရသည်။

ဖာပွန်မြို့နယ်တွင် ရွာအပြင်မထွက်ရဲသည့် ‌ကျေးရွာအ‌မြောက်အမြားရှိပြီး မြစ်‌ကြောင်းနှင့် နီးသည့် အချို့‌ကျေးရွာလူထုများသည် ထွက်‌ပေါက်လမ်း‌ကြောင်းရှာ‌ဖွေကာ သံလွင်မြစ်တစ်ဖက်ကမ်း မြိုင်ကြီးငူတွင် သွား‌ရောက်ခိုလှုံ‌နေသည့်သူများလည်းရှိသည်ဟု ‌ဒေသခံထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီ၁၇ ရက်‌နေ့တွင်လည်း KNU မူ‌တြော်ခရိုင်၊ တပ်မဟာ(၅)မှ လူထုများကို သတိ‌ပေးစာတစ်‌စောင်ထုတ်ပြန်ထားကာ ‌ခေါပုတ်-ဖာပွန်-ကမ‌မောင်းလမ်းမကြီးတစ်ဖက်တစ်ချက်စီရှိ သွားလာ‌နေကြလူ ဖြတ်လမ်း မှ ‌ဘေးသို့ မသွားရန်နှင့် စစ်‌ကောင်စီတပ်များ လှုပ်ရှားမှုနှင့်ကင်းပုန်းဝပ်‌လေ့ရှိသည့် ‌နေရာများကို သွားလာခြင်း မပြုရန် သတိ‌ပေးထားသည့်အပြင် အခြားမြို့ရွာများသို့ သွားလာပါက အသိ‌ပေး အ‌ကြောင်းကြား ခွင့်‌တောင်းပြီးမှသွားလာရန် သတိ‌ပေးညွှန်ကြားထားခြင်းလည်းရှိသည်ဟု သိရသည်။

အလားတူ ဖာပွန်ရှိမြို့အဝင်အထွက်ရှိ စစ်‌ကောင်စီတပ်စခန်းသည်လည်း လူထုများ ဝင်ထွက်သွားလာပါက ၎င်းတို့တပ်စခန်းထံ အသိ‌ပေးအ‌ကြောင်းပြီးမှ ဝင်ထွက်ခွင့်‌ပေး‌ကြောင်းလည်း သိရသည်။