Home သတင်း ကျန်းမာ‌ရေးလမ်းညွှန်ချက်နှင့်အညီ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ‌ကျောင်းဖွင့်လှစ်နိုင်ဟု KNU ဝင်း‌ရေးမြို့နယ် ပညာ‌ရေးဌာန ထုတ်ပြန်

ကျန်းမာ‌ရေးလမ်းညွှန်ချက်နှင့်အညီ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ‌ကျောင်းဖွင့်လှစ်နိုင်ဟု KNU ဝင်း‌ရေးမြို့နယ် ပညာ‌ရေးဌာန ထုတ်ပြန်

2181

‌မေလ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်း‌ရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်)တွင် COVID-19 ကျန်းမာ‌ရေး လမ်းညွှန်ချက်နှင့်အညီ ‌ကျေးရွာများတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် စာသင်‌ကျောင်းများ ဖွင့်လှစ်နိုင် သည်ဟု မြို့နယ် ကရင်ပညာ‌ရေးနှင့် ယဉ်‌ကျေးမှုဌာန(KECD)က ယမန်‌နေ့‌မေလ ၁၃ ရက်‌နေ့တွင် သ‌ဘော ထားထုတ်ပြန်ခဲ့သည်။

KNU ဝင်း‌ရေးမြို့နယ်အတွင်း မည်သည့်လူပုဂ္ဂိုလ် အဖွဲ့အစည်းများမှ ပြည်သူလူထု၏ ဆန္ဒသ‌ဘောထားမပါဘဲ စာသင်‌ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် နည်းအမျိုးမျိုးဖြင့် ဖိအား‌ပေး ခြိမ်း‌ခြောက်မှုများကို မိမိတို့ လက်ခံ မည်မဟုတ်ဘဲ လူ့ဂုဏ်သိက္ခာ ယဉ်‌ကျေးမှုနှင့်အညီသာ ပြုမူ‌ဆောင်ရွက်သွားကြရန် ၎င်းတို့သ‌ဘောထားထုတ်ပြန် ချက်တွင် ‌ဖော်ပြထားသည်။

ဝင်း‌ရေးမြို့နယ် KECD ပညာ‌ရေးမှူး ပဒိုမန်းရှထူး‌ဝေါ က “ ‌ကျောင်းပြန်ဖွင့်ဖို့ ဖိအား‌ပေးခြိမ်း‌ခြောက်တာမျိုး လုံးဝ လက်မခံဘူး‌ပေါ့‌နော်။ မတရားနည်းနဲ့ သွားမယ့်ပညာ‌ရေးစနစ်ကိုလည်း ခွင့်မပြုထားပါဘူး။ အမှား အမှန်ဆုံးဖြတ် နိုင်ဖို့ ပညာ‌ရေးက အ‌ရေးကြီးတယ်။ ပညာ‌ရေးခါးပြတ်သွားရင် မျိုးဆက်တစ်ခုလုံး ‌နောက်ကျကျန်ခဲ့မယ်။ လူထု‌တွေရဲ့ ဆန္ဒအ‌ပေါ်မှာပဲ ပူး‌ပေါင်း‌ဆောင်ရွက်သွားမယ်” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး၏ ကရင်ပညာ‌ရေးနှင့် ယဉ်‌ကျေးမှုဌာန ထိန်းချုပ်မှု‌အောက်ရှိ စာသင်‌ကျောင်းများကို လာမည့် ဇွန်လ ပထမအပတ်တွင် ‌ကျောင်းအပ်နှံရမည်ဖြစ်ပြီး ‌ကျေးရွာလူထုများမှ ဖွင့်လှစ်မည့် ကိုယ်ထူကိုယ်ထ ‌ကျောင်းများကို ဇွန်လ တတိယအပတ်တွင် ဖွင့်လှစ်အပ်နှံနိုင်‌ကြောင်း ထုတ်ပြန်ထားသည်။

“ ‌ကျောင်းက‌တော့ ပြန်ဖွင့်သင့်တယ်ထင်တယ်။ အစိုးရ‌ကျောင်းမှာသင်တဲ့စာက အရင်ကချမှတ်ထားတဲ့ သင်ရိုး‌တွေပဲ‌လေ။ ခုလိုနိုင်ငံ‌ရေးရှုတ်‌ထွေး‌နေတဲ့အချိန်မှာ ပညာ‌ရေးရပ်တန့်ထားပြန်ရင်လည်း က‌လေး ‌တွေအတွက် အဆင်မ‌ပြေဘူး‌ပေါ့‌နော်။ ပညာသင်ယူခွင့်က ‌စောင့်ဆိုင်း‌နေရမယ့်ဆိုတာ ဖြစ်သင့်သလား‌ပေါ့။ ပြန်ဖွင့်‌ပေးသင့်တယ်လိုမြင်တယ်” ဟု ဝင်း‌ရော်‌ဒေသမှ အမည်မ‌ဖော်လိုသူ အထက်တန်းပြ ‌ကျောင်းဆရာ တစ်ဦးက ‌ကေအိုင်စီ သို့‌ပြောသည်။

KNU ဝင်း‌ရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) တွင် ‌မေလ ၁၁ ရက်‌နေ့က ပညာ‌ရေးဝန်ထမ်း ၂ဝဝ ‌ကျော် တာဝန်မှ ယာယီရပ်ဆိုင်းခံရပြီး အာဏာဖီဆန်မှု- CDM ဝင်ထားသူ ဆရာ ဆရာမဦး‌ရေ ၅ဝဝ ‌ကျော်နှင့် ဖမ်းဝရမ်း ထုတ်ခံထားရသူနှင့် ထွက်‌ပြေတိမ်း‌ရှောင်‌နေကြရသည့် ပညာ‌ရေးဝန်ထမ်းများလည်းရှိ‌ကြောင်း CDM ဝင်ထားသူကူညီ‌ရေးအဖွဲ့ထံမှ သိရသည်။