Home သတင်း KNU တပ်မဟာ ၄ နှင့် စစ်‌ကောင်စီတပ် တိုက်ပွဲဖြစ်ပွား၍ စစ်‌ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်သား ၂ ဦး‌သေဆုံးဟု ဆို

KNU တပ်မဟာ ၄ နှင့် စစ်‌ကောင်စီတပ် တိုက်ပွဲဖြစ်ပွား၍ စစ်‌ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်သား ၂ ဦး‌သေဆုံးဟု ဆို

2468
Photo: KNU

ဧပြီလ ၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

တနသင်္ာရီဝတီတိုင်း၊ ထားဝယ်ခရိုင်၊ ‌မေတ္တာမြို့နယ်တွင် ယမန်‌နေ့ (ဧပြီ ၆ရက်)က KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၄ တပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားရာ စစ်‌ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်သား ၂ ဦး‌သေဆုံးခဲ့သည်ဟု KNU ၏ သူး‌လေသတင်းစဉ်က သတင်းထုတ်ပြန်ခဲ့သည်။

စစ်‌ကောင်စီ ‌ခြေလျင်တပ်ရင်း ခလရ-၁၀၃ တပ်ရင်းမှူး သိန်းဘိုဘို၊ ဒုရင်းမှူး ‌ကျော်ထွန်းသူ ဦး‌ဆောင်သည့် တပ်အင်အား ၃၇ဦးပါ တပ်ဖွဲ့သည် မဲဒိုင် စခန်းသို့ ရိက္ခာနှင့် လစာသွား‌ရောက်ပို့‌ဆောင်‌ပေးရန် အ ‌ကြောင်းပြခဲ့‌သော်လည်း KNLA တပ်မဟာ(၄)ဘက်မှ လုံခြုံ‌ရေးအရ ကန့်သတ်ထားသည့် နယ်‌မြေကို ‌ကျော်လွန်ပြီး လှုပ်ရှားမှုပြုလုပ်လာသဖြင့် ထို့ မွန်းလွဲ ၂နာရီခွဲအချိန်တွင် ၁ဝမိနစ်ခန့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့သည်ဟု KNU က သတင်းထုတ်ပြန်ခဲ့သည်။

ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီး‌နောက် ထို‌နေရာအနီးရှိ ‌ဒေသခံရွာသား ‌စောတီတီ နှင့် ဇနီး ၊ သားသမီး (၃)ဦး အပါအဝင်မိသားစုတစ်စုလုံးကို အဆိုပါတပ်ရင်းက ‌မောထာရွာဘက်သို့ ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့သလို ‌မောထာသို့‌ရောက်ရှိချိန်တွင်လည်း ‌ကျေးရွာသူရွာသားများအား ပစ်ခတ်သွားခဲ့‌သေးသည်ဟု KNU ဆိုသည်။