Home သတင်း အာဏာရှင်ကို တိုက်ထုတ်ရန် KNU၊ DKBAနှင့် BGF တို့ ပူး‌ပေါင်းလိုက်ပြီးဆိုသည့် ရုပ်သံဖိုင်မှာ သတင်းအမှားသာဖြစ်

အာဏာရှင်ကို တိုက်ထုတ်ရန် KNU၊ DKBAနှင့် BGF တို့ ပူး‌ပေါင်းလိုက်ပြီးဆိုသည့် ရုပ်သံဖိုင်မှာ သတင်းအမှားသာဖြစ်

1854
ပြီးခဲ့သည့် ၂၀၂ဝ ခုနှစ်၊ ဒီဇင်ဘာလတွင် မုလအိ‌တောင်‌ပေါ်၌ ‌တွေ့ဆုံကြသည့် KNU၊ DKBAနှင့် နယ်ခြား‌စောင့်တပ်-BGF တပ်ဖွဲ့ဝင်များ

ဧပြီ ၂၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

လတ်တ‌လော လူမှုကွန်ရက်စာမျက်နှာတွင်ပြန့်နှံ့‌နေသည့် အာဏာရှင် စနစ်ကို တိုက်ထုတ်ရန် KNU၊ DKBAနှင့် BGF တပ်ဖွဲ့များ ပူး‌ပေါင်းလိုက်ပြီးဆိုသည့် ရုပ်သံဖိုင်မှာ အာဏာသိမ်းမှုမတိုင်ခင် ရိုက်ကူးထားသည့် ရုပ်သံဖိုင်သာဖြစ်‌ကြောင်း သိရသည်။

၎င်းရုပ်သံဖိုင်မှာ စစ်အာဏာမသိမ်းခင် လွန်ခဲ့သည့် ၂၀၂ဝ ခုနှစ်၊ ဒီဇင်ဘာလ၌ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒီမိုက‌ရေစီ အကျိုးပြု ကရင်တပ်မ‌တော်-DKBAနှင့် နယ်ခြား‌စောင့်တပ်-BGF တပ်ဖွဲ့ဝင်များ မြဝတီခရိုင်ရှိ မုလအိ‌တောင်‌ပေါ်တွင် အစည်းအ‌ဝေးတစ်ရပ်ပြုလုပ်ပြီး ထွက်‌ပေါ်လာသည့် ရုပ်သံဖိုင်သာဖြစ်‌ကြောင်း ၎င်းအစည်းအ‌ဝေးပွဲကို မြင်‌တွေ့ခဲ့သူ မုလအိ‌ဒေသခံတစ်ဦးက ‌ပြောသည်။

“ အရင်တုန်းက မုလအိသစ်‌တောကြိုးဝိုင်းကိစ္စနဲ့လာ‌တွေ့တာရှိတယ်၊ ဒီရုပ်သံကလည်း အဲ့တုန်းကရုပ်သံဖိုင်နဲ့တူ တယ်။ ဒီအာဏာသိမ်းပြီးတဲ့‌နောက်ပိုင်း ဒီလိုအဖွဲ့စုံ ‌တွေ့ကြတာ‌တော့ မ‌တွေ့ရဘူး။ ”ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၂ဝ ခုနှစ်၊ ဒီဇင်ဘာလတွင် မုလအိ‌တောင်‌ပေါ်၌ ‌တွေ့ဆုံကြသည့် KNU၊ DKBAနှင့် နယ်ခြား‌စောင့်တပ်-BGF တပ်ဖွဲ့ဝင်များ

၎င်းရုပ်သံဖိုင်တွင် ယခင်နယ်ခြား‌စောင့်တပ် (BGF) အမှတ် ၄ တပ်နယ်မှူးနှင့် ၁၀၂၂ တပ်ရင်းမှူးဖြစ်ခဲ့သည့် ဗိုလ်မှူး ‌စောမုတ်သုန်၊ ကရင်အမျိုး သားကာကွယ်‌ရေးတပ်ဖွဲ့ (KNDO) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ‌စောနယ်ဒါးမြ၊ DKBA မှ ဗိုလ်‌ရွှေဝ နှင့် KNLA မှ တပ်မှူးတစ်ဦး တို့ပါဝင်ပြီး အမှာစကားအသီးသီး‌ပြောဆိုခဲ့ပြီး ၎င်းတို့ တပ်ဖွဲ့ဝင်အချင်းချင်းကြား လက်ချင်းချိတ်၍ အမှတ်တရ ဓါတ်ပုံများရိုက်ယူခဲ့ကြ‌ကြောင်း‌တွေ့ရသည်။

ထိုသို့ ‌ခေါင်း‌ဆောင်အသီးသီးမှ အမှာစကားများ ‌ပြောဆိုရာတွင် နယ်‌မြေခံတပ်ဖွဲ့ဝင်များအကြား အချင်းချင်း ပစ်ခတ်မှုများ မပြုလုပ် သွားရန် နှင့် စည်းစည်းလုံးလုံး ‌နေထိုင်သွားရန် အဓိက ‌ပြောဆိုသွားသည်ကိုလည်း ‌တွေ့ရသည်။

လတ်တ‌လောဖြစ်‌ပေါ်‌နေသည့် စစ်အာဏာသိမ်းမှုတွင် စစ်‌ကောင်စီ တပ်ဖွဲ့ဝင် များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခံရမှု‌ကြောင့် အကာ အကွယ်မဲ့‌နေသည့်ပြည်သူများမှ တိုင်းရင်းသား လက်နက်ကိုင်များအ‌ပေါ် အား‌ပေး ‌ထောက်ခံမှုများ မြှင့်တက်လာချိန်တွင် ယခုလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပတ်သက်သည့် သတင်း အချက်အလက်အမှားများကို လူမှုကွန်ရက်‌ပေါ် အများအပြားထွက်‌ပေါ်လာသည်ကို ‌တွေ့ရသည်။