Home သတင်း ဝင်း‌ရော်‌ဒေသ KNU နှင့် စစ်‌ကောင်စီတပ် ပစ်ခတ်မှုအတွင်း ရွာသား ၁ ဦး‌သေဆုံးပြီး တစ်ဦးဒဏ်ရာရ

ဝင်း‌ရော်‌ဒေသ KNU နှင့် စစ်‌ကောင်စီတပ် ပစ်ခတ်မှုအတွင်း ရွာသား ၁ ဦး‌သေဆုံးပြီး တစ်ဦးဒဏ်ရာရ

2170

ဧပြီ ၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်း‌ရေးမြို့နယ် (မွန်ပြည်နယ်၊ ‌ရေးမြို့နယ်) မာန်‌အောင်ရွာတွင် ယမန် ‌နေ့(ဧပြီ ၆ ရက်) ည‌နေက ဖြစ်ပွားခဲ့သည့် တိုက်ပွဲ‌ကြောင့် ရွာသား ၁ ဦး‌သေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။

ယမန်‌နေ့ည ၆ နာရီခွဲ‌ကျော်တွင် ‌ကေအဲန်ယူ၏ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် ( KNLA) တပ်ရင်း ၁၆ နှင့် စစ်‌ကောင်စီတပ် ‌ခြေလျင်တပ်ရင်း ခလရ -၂၃၈ တပ်ရင်းတို့အကြား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွာခဲ့ခြင်းဖြစ်သည်။

“မ‌နေ့ညက ၆ နာရီ မိနစ် ၄ဝ က‌နေစပြီး‌တော့ နာရီဝက်‌ကျော်‌ကျော်‌လောက် ဖြစ်ပွားခဲ့တယ်‌ပေါ့‌နော်။ အခု တိုက်ပွဲမှာ ရွာသားက ၁ ဦး‌သေတယ်။ တစ်ဦးက ‌ပေါင်မှာ ကျည်ထိဒဏ်ရာရရှိတယ်။ နှစ်‌ယောက်စလုံးက အမျိုးသား‌တွေပါပဲ။ ဒဏ်ရာရသူကို‌တော့ နီးစပ်ရာ‌ဆေးရုံမှာ ပို့‌ဆောင်ထားတယ်။”ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံရွာသားတစ်ဦးက ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း KNLA တပ်၏ ‌ကျေးရွာလုံခြုံ‌ရေးစခန်းတစ်ခု လက်လွတ်လိုက်ရသလို မာန်‌အောင်‌ကျေးရွာအပါအဝင် အနီးအနားရှိ ‌ကျေးရွာ‌ပေါင်း ၅ ရွာခန့်မှ ရွာသားများ မှာ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည်ဟု သိရသည်။

‌ကေအဲန်ယူ-ဒူးပလာယာခရိုင်၏ ယ‌နေ့သတင်းထုတ်ပြန်ချက်အရ လတ်တ‌လောအချိန်တွင် ဒူးပလာယာခရိုင်ရှိ ဝင်း‌ရေးမြို့နယ် ၊ နို့တ‌ကောမြို့နယ်၊ ‌ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့နယ်များအတွင်း စစ်‌ကောင်စီ တပ်များ စစ်‌ရေးလှုပ်ရှားမှုများ သိသိသာသာ တိုးမြင့်လာ‌နေသည်ဟု ‌ပြောဆိုထားသည်။