Home သတင်း ဘုရားသုံးဆူတွင် အဖမ်းခံရသည့် ဆန္ဒထုတ်‌ဖော်သူ ကိုသိန်းစံကို ပုဒ်မ ၅၀၅ ဖြင့် တရားစွဲ

ဘုရားသုံးဆူတွင် အဖမ်းခံရသည့် ဆန္ဒထုတ်‌ဖော်သူ ကိုသိန်းစံကို ပုဒ်မ ၅၀၅ ဖြင့် တရားစွဲ

1165

ဧပြီ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ပြီးခဲ့သည့် ဧပြီ ၁၇ ရက်‌နေ့က အဖမ်းခံခဲ့ရသည့် စစ်အာဏာရှင် ဆန့်ကျင်‌ရေး ဆန္ဒထုတ်‌ဖော်မှုအတွင်း ပါဝင်သူ ကိုသိန်းစံကို ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုထား‌ကြောင်း သိရသည်။
ကိုသိန်းစံကို ဧပြီ ၁၇ ရက်‌နေ့တွင် ပရိတ်ရွတ်ပွဲအပြီး ဖမ်းဆီးခံခဲ့ရပြီး ၎င်းမတိုင်မီ စစ်အာဏာရှင်စနစ် ဆန့်ကျင် ‌ရေးဆန္ဒထုတ်‌ဖော်ပွဲတွင် ပူး‌ပေါင်းပါဝင်သည့်အတွက် ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးမှုခံရခြင်းဖြစ်သည်ဟု သမီးဖြစ်သူ က ‌ကေအိုင်စီသို့ ယ‌နေ့(ဧပြီ ၁၉ ရက်) ‌ပြောသည်။

“ရဲ‌တွေက‌တော့‌ပြောတယ်။ ဒီမှာက ဘာမှ‌တော့မလုပ်ဘူး၊ ဒါ‌ပေမယ့် အချုပ်ထဲမှာပဲ ‌နေ‌နေရတယ် ။ မိသား စုနဲ့‌ပေး‌တွေ့တယ်၊ အချိန်တိုင်း‌တော့ မဟုတ်ဘူး။ ‌တောင်းဆိုပြီးမှ‌တွေ့ရတာတို့ ‌နေ့လည် ထမင်းစား ချိန် တချိန်‌ပေး‌တွေ့တာတို့ ရှိတယ်။ အ‌ဖေက ‌နေ့တိုင်းဆန္ဒပြလို့ရယ် အဲ့လိုမျိုး‌တွေ‌ကြောင့်၊ အ‌ဖေ့ကို ဖမ်းဝရမ်း ထုတ်ထားတာ ကြာ‌တော့ကြာပြီး ” ဟု ‌ပြောသည်။

ကိုသိန်းစံကို ဖမ်းဝရမ်းထုတ်ထားခြင်းကြာပြီးဖြစ်‌သော်လည်း ဧပြီ ၁၇ ရက်‌နေ့မှ ပုဒ်မ ၅၀၅ ဖြင့် စစ်‌ကောင်စီ၏ အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်များက အတင်းအဓမ္မဝင်‌ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ‌နေ့စဉ်‌နေ့တိုင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်‌ရေးဆန္ဒပြပွဲ များပြု လုပ် လျက်ရှိသည်။ ယမန်‌နေ့တွင်လည်း ဆန္ဒပြသပိတ်စစ်‌ကြောင်းကို စစ်‌ကောင်စီလက်နက်ကိုင် တပ်၊ ရဲနှင့် နယ်ခြား‌စောင့်တပ်-BGF များက ပိတ်ပင်တားဆီးမှုအမျိုးမျိုးပြုလုပ်လျက်ရှိပြီး ယ‌နေ့တွင်လည်း သပိတ် စစ်‌ကြောင်းကို BGF နှင့် ရဲများ ကရင်စုယာဉ်ရပ်နားစခန်းတွင် ပိတ်ထားပြီး ဖမ်းဆီးမှုများလုပ်‌ဆောင်လျက်ရှိသည်ဟု သိရသည်။

နိုင်ငံ‌ရေးအကျဉ်းသားကူညီ‌စောင့်‌ရှောက်‌ရေးအသင်း (AAPP)၏ မှတ်တမ်းပြုချက်များအရ မြန်မာနိုင်ငံတွင် စစ်အာ ဏာသိမ်းသည့် ‌ဖေ‌ဖော်ဝါရီလ ၁ ရက်မှ ဧပြီလ ၁၈ ရက်‌နေ့အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်း ခံရသည့် နိုင်ငံ‌ရေးအကျဉ်းသား စုစု‌ပေါင်း (၃,၂၂၉ ) ဦးရှိ‌ကြောင်း ‌ဖော်ပြထားသည်။