Home သတင်း ထားဝယ်-ထီးခီးလမ်းရှိ KNU ဂိတ်များကို ဖျက်သိမ်း‌ပေးရန် အာဏာသိမ်း စစ်‌ကောင်စီစာပို့

ထားဝယ်-ထီးခီးလမ်းရှိ KNU ဂိတ်များကို ဖျက်သိမ်း‌ပေးရန် အာဏာသိမ်း စစ်‌ကောင်စီစာပို့

14492

ဧပြီ ၁၂ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

တနသင်္ာရီတိုင်း‌ဒေသကြီး ထားဝယ်-ထီးခီးလမ်းတွင် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၄ က ဖွင့်လှစ်ထားသည့် ‌ငွေ‌ကြေး‌ကောက်ခံဂိတ်များကို ပိတ်သိမ်း‌ပေးရန်အတွက် တနသင်္ာရီတိုင်း‌ဒေသကြီး၏ အာဏာသိမ်း‌ကောင်စီမှ ဧပြီလ ၈ ရက်‌နေ့တွင် KNU တပ်မဟာ ၄ (ဘိတ်ထားဝယ်ခရိုင်)ထံ တားမြစ်အ ‌ကြောင်းကြားစာ ‌ပေးပို့ထားသည်ဟု သိရသည်။

KNU တပ်မဟာ ၄ မှ ဂိတ်ဖွင့်လှစ်ထားသည့် ဂိတ်သည် တရားမဝင်ဂိတ်ဖြစ်သည်ဟုဆို၍ ပိတ်သိမ်းဖယ်ရှား ‌ပေးရန်အတွက် ယခင်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ကတည်းက KNU တပ်မဟာ ၄ (ဘိတ်ထားဝယ်ခရိုင်) တာဝန် ရှိသူနှင့်‌တွေ့ဆုံသည့် အစည်းအ‌ဝေးတွင်လည်း‌ကောင်း၊ တိုင်း‌ဒေသကြီးအစိုးရုံးအဖွဲ့ရုံးမှ (၉.၆.၂၀၂၀) ရက်‌နေ့ ရည်ညွှန်းစာတွင်လည်း‌ကောင်း ကန့်ကွက်အ‌ကြောင်းကြားထားခြင်းရှိခဲ့ပြီဖြစ်သည်ဟု အာဏာသိမ်းစစ် ‌ကောင်စီ၏ ‌ပေးပို့သည့်စာတွင် ‌ဖော်ပြထားသည်။

ထို့အပြင် ၎င်းဂိတ်များကို KNU ဘက်မှ ဆက်လက်‌ကောက်ခံ‌နေဆဲဖြစ်‌သော‌ကြောင့် ဧပြီလ ၈ရက်‌နေ့မှစ၍ ‌ငွေ‌ကြေး‌ကောက်ခံမှုများကို ‌ဆောင်ရွက်ခြင်း မပြုလုပ်ရန်အတွက် တားမြစ်အ‌ကြောင်းကြားသည်ဟုလည်း အာဏာသိမ်းစစ်‌ကောင်စီဘက်မှ KNU ဘိတ်ထားဝယ်ခရိုင် ဥက္ကဋ္ဌ နှင့် ထားဝယ်မြို့ ဆက်ဆံ‌ရေးရုံး တာဝန်ခံ ထံ‌ပေးပို့သည့် အ‌ကြောင်းကြားစာတွင် ‌ပြောဆိုထားသည်။

အဆိုပါ ဂိတ်ဖွင့်ထားခြင်းနှင့်ပတ်သက်၍ အစိုးရသစ်တက်လာသည့်‌နောက်ပိုင်းမှတရားမဝင်ဂိတ်ဖြစ်သည်ဟု ‌ပြောဆို‌သော်လည်း ငြိမ်းချမ်း‌ရေး‌ပြောဆို‌ဆွေး‌နွေးသည့် ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက KNU တပ် မဟာ ၄ ရံပုံ‌ငွေအတွက် လုပ်ပိုင်ခွင့်‌ပေးထားသည့်ဂိတ်ဖြစ်သည်ဟု KNU ဘိတ်ထားဝယ်ခရိုင် ဆက်ဆံ‌ရေးရုံး တာဝန်ခံ ပဒို‌စောဖလို့စိုးဝင်းက ‌ပြောသည်။

“သူတို့စာပို့တာနဲ့ပတ်သက်ပြီး ကျ‌နော်တို့ဘက်က‌တော့ အခုဘာမှပြန်‌ပြောတာမရှိ‌သေးဘူး။ အစိုးရကလည်း တစ်ဆက်နှစ်ဆက်ရှိပြီးဆို‌တော့ သူတို့က ကျ‌နော်တို့ ဝင်‌ငွေလမ်း‌ကြောင်းကို ပိတ်ချင်တဲ့သ‌ဘောဖြစ်မယ်။ အဲဒီ နယ်‌မြေ‌တွေက နှစ်ဖက်အုပ်ချုပ်နယ်‌မြေ ၊ သူတို့လည်း ‌နေတယ်။ ကျ‌နော်တို့လည်း ‌နေတာပဲ‌လေ။ အဲဒီဂိတ်က ဦးသိန်းစိန်အစိုးရ‌ခေတ်ကတည်းက ဖွင့်ထားတာ။ ဦး‌အောင်မင်းကိုယ်တိုင်က ကျ‌နော်တို့ကို လုပ်ခွင့်‌ပေးထား တယ်”ဟု ၎င်းက ‌ကေအိုင်စီသို့‌ပြောသည်။

ထားဝယ်မှ ထိုင်း-မြန်မာနယ်စပ် ထီးခီးသွားသည့် ထိုလမ်း‌ကြောင်းတွင် KNU တပ်မဟာ ၄ ဘက်မှ ‌ငွေ‌ကြေး ‌ကောက်ခံသည့် အ‌ကောက်ခွန်ဂိတ်ကို ထိုင်းနယ်စပ်ထီးခီးနယ်တွင် ၁ ဂိတ်နှင့် ထားဝယ်လမ်းတွင် ၁ ဂိတ်ဖွင့် လှစ်ထားခြင်းဖြစ်သည်ဟု ပဒို‌စောဖလို့စိုးဝင်းက ဖြည့်စွက်‌ပြောသည်။

အဆိုပါလမ်း‌ကြောင်းသည် ထိုင်းနိုင်ငံ‌တောင်ပိုင်းမှတစ်ဆင့် စား‌သောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံးပစ္စည်း၊ ‌ဆောက်လုပ်‌ရေးပစ္စည်းများကို ထီးခီးနယ်စပ်ကုန်သွယ်‌ရေးဇုံကို ဖြတ်‌ကျော်၍ ထားဝယ်မှ မြန်မာပြည်တွင်းထဲကို ဝင်လာသည့် လမ်း‌ကြောင်းတစ်ခုလည်း ဖြစ်သည်။