Home ဆောင်းပါး တူမီး‌သေနတ်သံ‌တွေနဲ့ ‌ပြောကြားလိုက်တဲ့ သတင်းစကား

တူမီး‌သေနတ်သံ‌တွေနဲ့ ‌ပြောကြားလိုက်တဲ့ သတင်းစကား

7838

တူမီး‌သေနတ်သံ‌တွေနဲ့ ‌ပြောကြားလိုက်တဲ့ သတင်းစကား
‌မောင်‌ကျော်စွာ
(၂၀၂၁ ခုနှစ်၊ ဧပြီ ၁ဝ ရက်)

ဒီက‌နေ့ (ဧပြီလ ၁ဝရက်‌နေ့) Myanmar Now က ‌ဖော်ပြထားတဲ့သတင်းအရဆိုရင် ပဲခူး(မဂ္ဂတစ်)မှာ အကြမ်း ဖက် စစ်‌ကောင်စီ၊ ခါးပိုက်‌ဆောင်တပ်‌တွေရဲ့ ပစ်ခတ်မှု‌ကြောင့် ကျဆုံးသူအ‌ရေအတွက်ဟာ ၈၂ဦးရှိလာပြီလို့ သိရှိရပါ တယ်။ ဒီအ‌ရေအတွက်ဟာ ထပ်ပြီး တိုးများလာစရာ ရှိ‌နေပါ‌သေးတယ်။ ဒီအ‌ရေအတွက်ဟာ အ‌ရေး‌တော်ပုံကြီး ဖြစ် ပွား‌နေတဲ့ ရက်‌ပေါင်း ၇ဝ ‌ကျော်ကာလအတွင်းမှာ အများဆုံးဖြစ်ဖွယ်ရှိပါတယ်။ တစ်ပြည်လုံး ကျဆုံးမှုက‌တော့ ၇၀ဝ ‌ကျော်သွားပြီး လူ ၃၀၀၀‌ကျော်ကို ဖမ်းဆီးထားပါတယ်။ ခါးပိုက်‌ဆောင်တပ်‌တွေက နိုင်ငံနဲ့အဝန်း ‌နေ့စဉ်နဲ့အမျှ အကြမ်း ဖက် ပစ်ခတ် သတ်ဖြတ် ဖမ်းဆီး လုယက်‌နေဆဲဖြစ်ပါတယ်။

ယခုအခါ ဆန္ဒပြမှု‌တွေဟာ နိုင်ငံနဲ့အဝန်း အရှိန်အဟုန်နဲ့ ဆက်လက်ဖြစ်ပွား‌နေပြီး အချို့‌နေရာ‌ဒေသ အ‌တော် များများမှာ ရရာလက်နက်နဲ့ ခုခံတွန်းလှန်တိုက်ခိုက်ရတဲ့ စစ်ပွဲအသွင်သို့ တစတစ ကူး‌ပြောင်းလာ‌နေပါပြီ။ သာဓက အားဖြင့် က‌လေးမြို့က တာဟန်း၊ ပင်လည်ဘူး၊ တန့်ဆည်၊ ပဲခူး(မဂ္ဂတစ်)တို့က ဖြစ်ရပ်‌တွေပါပဲ။

ဒီဖြစ်ရပ်‌တွေကို တင်းပြည့်ကျပ်ပြည့် တိုက်ပွဲကြီး‌တွေနဲ့‌တော့ သွားပြီးနှိုင်းယှဉ်လို့‌တော့ မဖြစ်ဘူး‌ပေါ့။ နှိုင်းယှဉ် ရင်လည်း ဘယ်လိုမှ မျှတမှုရှိမှာ မဟုတ်ပါဘူး။ ဒါ‌ပေမယ့် ‌လေ့ကျင့်ထားတဲ့၊ ‌ခေတ်မီလက်နက်ကိုင်ထားတဲ့ ခါးပိုက် ‌ဆောင်တပ်‌တွေရဲ့ အကြမ်းဖက်မှုကို ရရာလက်နက်ဖြစ်တဲ့ တူမီးများ၊ လုပ်‌သေနတ်များ၊ဒူး‌လေး၊ ဂျင်ဂလိ၊ ‌လေးခွ၊ မီးပု လင်းများနဲ့ ခုခံတိုက်ခိုက်‌နေကြရတာ မဟုတ်လား။ ရဲစွမ်းသတ္တိရှိမှုကို‌တော့ ဘယ်လိုနည်းနဲ့မှ အသိအမှတ် မပြုလို့မရပါ ဘူး။

အဲဒီလို ယှဉ်ပြိုင်ရင်ဆိုင်တိုက်ခိုက်ရင်း ပစ်ခတ်လိုက်တဲ့ ‘တူးမီး‌သေနတ်သံ‌တွေ’ ဟာ တကယ်‌တော့ ‌အောက်ပါ သတင်းစကားနှစ်ရပ်ကို တစ်ပြည်လုံးအနှံ့သို့ ‌အော်ဟစ်‌ပြောကြားလိုက်တာပါ။
– ကျ‌နော်တို့ ‌ဒေသအ‌နေအထားနဲ့ အ‌ခြေအ‌နေအရ ဘာကိုမှ မ‌စောင့်နိုင်‌တော့ဘဲ ရရာလက်နက်နဲ့ ခုခံ‌ရေးစစ်ပွဲကို စလိုက်ကြပြီ။
– ‌လေ့ကျင့်မှု၊ တိုက်ပွဲအ‌တွေ့အကြုံနဲ့ ‌ခေတ်မီ‌မောင်းပြန်‌သေနတ်‌တွေ ကိုယ်စီကိုင်‌ဆောင်ထားကြတဲ့ လူမျိုးစု ‌တော်လှန် ‌ရေးလက်နက်ကိုင်အင်အားစုများအ‌နေနဲ့ စစ်မျက်နှာဖွင့်ပြီး အခွင့်သာတဲ့‌နေရာက‌နေ အမြန်ဆုံး တိုက်ပွဲဝင်ကြပါ‌တော့ လို့ ‌ဝေဖန်‌ဆော်ဩ တိုက်တွန်းလိုက်တာပဲ ဖြစ်ပါတယ်။

ဒီက‌နေ့ တည်ရှိ‌နေတဲ့ ပြည်တွင်းပြည်ပ အခင်းအကျင်းအရ ‌ပြောမယ်ဆိုရင် ဗိုလ်မင်း‌အောင်လှိုင် ဦးစီးတဲ့ အာဏာသိမ်း စစ်‌ကောင်စီဟာ ဘယ်ကာလကထက်မဆို အထီးကျန် တစ်‌ကောင်ကြွက် အဖြစ်ဆုံး အ‌နေအထားကို ‌ရောက်ရှိ‌နေတာပါ။ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနဲ့ ကျန်ကမာ္ဘ့နိုင်ငံ‌တွေကို ဒင်းတို့ အုပ်စိုးမှုကို တရားဝင် အသိအမှတ်ပြုထားတဲ့ တိုင်းပြည်နဲ့ အစိုးရရယ်လို့ မရှိ‌သေးပါဘူး။ အဆင့်ဆင့်‌သော အုပ်ချုပ်ယန္တရားဟာ ရပ်ဆိုင်းသ ‌လောက်နီးပါးဖြစ်‌နေတာပါ။ ခါးပိုက်‌ဆောင်တပ်တချို့၊ ခါးပိုက်‌ဆောင်လူမျိုးစုတချို့နဲ့ ဟန်ကိုယ်ဖို့လုပ်‌နေရတဲ့ အ‌နေအ ထား ဖြစ်ပါတယ်။ ‌ပြောရမယ်ဆိုရင် ၁၉၈၈ခုနှစ် စက်တင်ဘာ ၁၈ရက် အာဏာသိမ်းပြီးတဲ့ အ‌ခြေအ‌နေထက်‌တောင် ပိုမို ဆိုးဝါး‌နေပါ‌သေးတယ်။

(CDM) လှုပ်ရှားမှုဟာ အင်မတန် ထိ‌ရောက်ပါတယ်။ ဒါ‌ကြောင့် (CDM) လှုပ်ရှားမှုကို သရုပ်မှုမျိုးစုံ၊ ‌သွေးခွဲမှုမျိုး စုံနဲ့ အရူးအမူး သရုပ်ဖျက်‌နေတာ ဖြစ်ပါတယ်။ ၁နှစ်ကြာရင် ‌ရွေး‌ကောက်ပွဲ ကျင်းပ‌ပေးပါ့မယ်ဆိုတဲ့ ဒင်းတို့စကားကို ဒင်းတို့ ကိုယ်တိုင်ချိုး‌ဖောက်ပြီး ၂နှစ်လို့ ဗ‌လောင်းဗလဲ ‌ပြောင်းလဲ‌ပြောဆိုလာ‌နေရပါပြီ။

ပြည်သူ‌တွေရဲ့ ဆုံးဖြတ်ချက်က ပြတ်သားပါတယ်။ ‌နောက်ဆုတ်လို့ မရဘူး၊ အရှုံး‌ပေး အညံ့ခံလို့ မဖြစ်ဘူး ဆိုတာကို မျိုးဆက်လိုက်ကြုံ‌တွေ့ခဲ့ရတဲ့ အ‌တွေ့အကြုံ‌တွေအရ ခါးသီးနာကျည်းစွာ သ‌ဘော‌ပေါက်‌နေကြပါပြီ။ ဒီလို နာကျည်းဖွယ်အတိ ခါးသီးမှုကို ‌နောက်မျိုးဆက်‌တွေထံ အ‌မွေအဖြစ် ‌ပေးမထားလို‌တော့ပါဘူး။ ဒါ‌ကြောင့် မျိုးဆက် ‌ဟောင်း မျိုးဆက်သစ်‌တွေ တ‌သွေးတည်းတသားတည်း ‌ပေါင်းပြီး စစ်အုပ်စုကို တွန်းလှန်‌နေကြရတာပါ။ စစ်အုပ်စုသာ တဖန်ပြန်ပြီး အနိုင်ရရှိသွားမယ်ဆိုရင် မျိုးဆက်နဲ့ချီတဲ့ စီးပွား‌ရေး၊ နိုင်ငံ‌ရေး၊ ပညာ‌ရေး၊ ကျန်းမာ‌ရေး စတဲ့ ဘက်‌ပေါင်းစုံ နစ်နာမှုကြီး‌တွေကို ရင်စည်းခါးစီးခံကြရမှာ မဟုတ်ပါလား။

ဒါ‌ကြောင့် သာမန်ပြည်သူ‌တွေထဲမှာ သူတို့ရဲ့‌ဘေးဒုက္ခကို ကူညီမယ့်သူကို သဘာဝကျစွာပဲ၊ လူပီသစွာပဲ ‌မျှော် ကြည့်မိပါတယ်။ တစ်ကိုယ်ချင်း ‌ရေနစ်သူ‌တောင် သူ့အသက်ရှင်သန်ဖို့အ‌ရေး ‌ကောက်ရိုး‌လေးတစ်မျှင်ဖြစ်‌စေ ဆွဲမိမှာပဲ မဟုတ်ပါလား။ အခုလည်း ရိုးသားတဲ့ ပြည်သူ‌တွေဟာ ကမာ္ဘ့ကုလသမဂ္ဂ အဖွဲ့အစည်းကြီးကို‌သော်လည်း‌ကောင်း၊ အ‌မေရိကန်ပြည်‌ထောင်စုကို‌သော်လည်း‌ကောင်း ‌မျှော်ကြည့်မိပါတယ်။ ဒါ‌ပေမယ့် ထင်သလိုမလွယ်ကူတာကို တစတစ သ‌ဘော‌ပေါက် လာ‌နေကြပါပြီ။ ဒါ‌ကြောင့် တချို့‌နေရာ‌တွေမှာ ရရာလက်နက်စွဲကိုင်ပြီး ခုခံစစ်ကို ရဲရင့်စွာ ဆင်နွှဲလာ ကြရတာပါ။ စစ်အတတ်ပညာ ကွာခြားတာ၊ စစ်လက်နက်ချင်း ကွာခြားတာ‌တွေကို ပြည်သူ‌တွေ၊ လူငယ်‌တွေ မသိလို့မှ မဟုတ်ဘဲ။ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလို ငုံ့ခံ‌နေလို့၊ လည်စင်း‌ပေးလို့ ဘယ်လိုမှမဖြစ်‌တော့ဘူးဆိုတာကို ကိုယ်ပိုင် အ‌တွေ့အကြုံအရ သိလာကြရပြီ‌လေ။

ဒီ‌တော့ အခုလို အချိန်ကာလမှာ ပြည်သူ‌တွေလှမ်း‌မျှော်ကြည့်ကြတဲ့ ပြည်တွင်းအင်အားစု‌တွေဖြစ်တဲ့ လူမျိုးစု လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း‌တွေရဲ့ ကူညီမှုဖြစ်ပါတယ်။ တစ်ခုက လက်နက်အကူအညီနဲ့ ‌လေ့ကျင့်သင် ကြား‌ပေးမှုဖြစ်ပြီး၊ ‌နောက်တစ်ခုက‌တော့ လူမျိုးစု‌တော်လှန်‌ရေးအဖွဲ့‌တွေက အကြမ်းဖက်စစ်‌ကောင်စီရဲ့ တပ်စခန်း‌တွေ ကို တိုက်ခိုက်‌ချေမှုန်း‌ပေးဖို့ဖြစ်ပါတယ်။ ဒီအကူအညီနှစ်ခုသာ အချိန်အခါကိုက် ဖြစ်‌ပေါ်လာမယ်ဆိုရင် ဒီက‌နေ့‌ခေါင်း မာပြီး အကြမ်းဖက်‌နေတဲ့ ခါးပိုက်‌ဆောင်တပ်‌တွေဟာ အပိုးကျိုး‌သေဝပ်လာမှာ အ‌သေအချာပါပဲ။ အခုရက်ပိုင်း‌တွေအ တွင်းမှာ (KNU) ၊ (KIA) နဲ့ ညီ‌နောင်မဟာမိတ် ၃ဖွဲ့တို့ရဲ့ တိုက်ပွဲ‌တွေက ပြည်သူ‌တွေကို အားတက်ရွှင်လန်း‌စေပါတယ်။

အကယ်၍သာ ‌မြောက်ပိုင်းက ‌ကေအိုင်‌အေ အ‌ရှေ့‌မြောက်ပိုင်းက ဝတပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့၊ အခါတပ်ဖွဲ့၊ တအာင်းပ‌လောင်တပ်ဖွဲ့‌တွေနဲ့ အ‌ရှေ့ဘက်နဲ့ အ‌ရှေ့‌တောင်ဘက်က ကရင်နီ၊ ကရင်နဲ့မွန်တပ်ဖွဲ့‌တွေကသာ အကြမ်း ဖက်စစ်‌ကောင်စီရဲ့ ခါးပိုက်‌ဆောက်တပ်‌တွေကို ဟန်ချက်ညီ တိုက်ခိုက်ထိုးစစ်ဆင်လာမယ်ဆိုရင် အ‌ခြေအ‌နေဟာ ‌ပြောင်းလဲသွားမှာပါ။ မြို့‌ပေါ်မှာ အကြမ်းဖက်ရမ်းကား‌နေတဲ့ ခါးပိုက်‌ဆောင်တပ်‌တွေရဲ့ သတ်ဖြတ်ယုတ်မာမှု‌တွေလည်း အရှိန်‌လျှော့ကျသွားမှာဖြစ်သလို ဧရာဝတီမြစ်ရိုး၊ ချင်းတွင်းမြစ်ရိုး အစုန်အဆန်တစ်‌လျှောက်က ပြည်သူ‌တွေရဲ့ ‌ပြောက် ကျားလှုပ်ရှားမှု‌တွေနဲ့ ဆက်စပ်မိသွားမယ်ဆိုရင် ပြည်သူ‌တွေရဲ့စကား၊ ပြည်သူ‌တွေရဲ့‌တောင်းဆိုချက်ဟာ သိပ်ကို တန်ခိုးပါဝါကြီးထွားလာမှာ အမှန်ပါပဲ။

ဒါ‌ကြောင့် “အကြမ်းဖက်စစ်အုပ်စုဆန့်ကျင် တိုက်ဖျက်‌ရေး ဒီမိုက‌ရေစီညီညွတ်‌ရေးတပ်‌ပေါင်းစု”ကို အမြန်ဆုံး ဖွဲ့စည်းကြပါ။ လှုပ်ရှားစစ်၊ ‌နေရာယူစစ်၊ ပြည်သူ့‌ပြောက်ကျားစစ်‌တွေကို ‌တောင်‌ပေါ် – ‌မြေပြန့် – ‌ကျေးလက်အနှံ့ လှုပ် ရှားကြပါ။ အင်အားစု အားလုံးအတွင်းက အခြား‌သော အခြား‌သော မတူကွဲလွဲမှု‌တွေကို ဆက်လက်ညှိနှိုင်းရန် ‌ခေတ္တ ခဏ ‌ဘေးဖယ်ထားပြီး ‘လသာတုန်း ဗိုင်းငင်’ ဆိုတာလို ပြည်သူတစ်ရပ်လုံး နိုးကြားတက်ကြွ‌နေချိန်မှာ အချိန်ဆွဲကြန့် ကြာမ‌နေ‌စေဘဲ ‌ဆောင်ရွက်ကြပါလို့ တိုက်တွန်းပန်ကြားလိုက်ပါတယ်။