Home သတင်း စစ်‌ကောင်စီ ထိုးစစ်များပြုလုပ်လာမည့်အ‌ပေါ် ပြည်သူများကို KNU တပ်မဟာ(၅) သတိ‌ပေးညွှန်ကြားထား

စစ်‌ကောင်စီ ထိုးစစ်များပြုလုပ်လာမည့်အ‌ပေါ် ပြည်သူများကို KNU တပ်မဟာ(၅) သတိ‌ပေးညွှန်ကြားထား

12840

ဧပြီ ၁၇ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

အာဏာသိမ်း စစ်‌ကောင်စီမှ ‌မြေပြင်ထိုးစစ်ဆင်မှုများ ပြုလုပ်လာမည့်အ‌ပေါ် မြို့နှင့် ‌ကျေးရွာ‌နေ ‌ဒေသခံ ပြည်သူများကို KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅)က ယ‌နေ့ ဧပြီလ ၁၇ ရက် ‌နေ့စွဲဖြင့် သတိ‌ပေးစာတစ်‌စောင်ထုတ်ပြန်လိုက်သည်။

KNU တပ်မဟာ(၅)အ‌ပေါ် အာဏာသိမ်းစစ်‌ကောင်စီမှ ‌ဝေဟင်တိုက်ခိုက်မှုများ ပြုလုပ်ပြီး‌နောက် လက်ရှိတွင် ‌မြေပြင်ထိုးစစ်ဆင်မှုများ ပြုလုပ်ရန် ပြင်ဆင်‌နေ‌ကြောင်း သတင်းရရှိထားသည့်အ‌ပေါ် မြို့‌နေ ပြည်သူများနှင့် ‌ကျေးရွာ‌နေ ပြည်သူများကို ယခုလို သတိ‌ပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

စစ်‌ကောင်စီ၏ လက်ပါး‌စေတပ်များ ထိုးစစ်ဆင်မှုများ ပြုလုပ်လာပါက KNU တပ်မဟာ (၅)အ‌နေဖြင့် မိမိ ပြည်သူနှင့် (CDM)လှုပ်ရှားမှုအ‌ပေါ် အား‌ပေး‌ထောက်ခံ ကာကွယ်‌ပေးသွားရန် တာဝန်ရှိသည့်အ‌လျောက် ၎င်းတို့ လုပ်‌ဆောင်နိုင်သည်များကို လုပ်‌ဆောင်ရန်ရှိသည့်အတွက် မြို့နှင့်‌ကျေးရွာ‌နေ ပြည်သူများအ‌နေဖြင့် ၎င်းအ‌ပေါ်သိရှိနားလည်ပြီး ပူး‌ပေါင်းပါဝင်နိုင်ရန် အမိန့်စည်းကမ်းသတ်မှတ်ချက် (၁၁)ချက်ကို KNU တပ်မဟာ(၅)မှ ညွှန်ကြားထားသည်။

မြို့ နှင့် ‌ကျေးရွာ‌နေ ပြည်သူများအ‌နေဖြင့် KNU ‌ရှေ့တန်းတပ် တာဝန်ရှိသူများ၏ အသိ‌ပေးတားမြစ်ထားသည့် ‌နေရာများသို့ မသွားလာရန်၊ စစ်‌ကောင်စီ တပ်စခန်းအနီးသို့ သွားလာခြင်းမပြုရန်၊ ဖာပွန်-ကမ‌မောင်း ကားလမ်မကြီး တစ်ဖက်စီရှိ သွားလာ‌နေကျ လူဖြတ်ကူးသည့်လမ်းမှအပ ‌ဘေးသို့ မသွားရန်၊ ဖာပွန်-‌ခေါ ပုပ်ကြား ကားလမ်း ‌ဘေးတစ်ဖက်တစ်ချက်စီနှင့် စစ်‌ကောင်စီတပ်များ၏ လှုပ်ရှားမှုနှင့် ကင်းပုန်း ဝပ်‌လေ့ ရှိသည်‌နေရာများသို့ သွားလာခြင်းမပြုရန်၊ ဖာပွန်နှင့် ကမ‌မောင်းမြို့၏ ရပ်ကွက်အပြင် စစ်‌ကောင်စီတပ်များ ကင်းပုန်းကင်းဝပ်တတ်သည့် ‌နေရာများသို့ မသွားလာရန် သွားလာမှုကို ကနဦး သတိ‌ပေးထားသည်။

ထို‌နောက် မြို့တွင်း‌နေပြည်သူများ ‌ကျေးရွာအတွင်း သွားလာရန်အ‌ကြောင်းရှိသည်ဖြစ်‌စေ၊ KNU တာဝန် ရှိသူ များနှင့် ‌တွေ့ဆုံရန် အ‌ကြောင်းရှိသည်ဖြစ်‌စေ သက်ဆိုင်ရာ‌ရှေ့တန်း တာဝန်ရှိသူများမှတဆင့် အသိ‌ပေး အ‌ကြောင်းကြားသွားလာရန်နှင့် ‌ကျေးရွာ‌နေ ပြည်သူများအ‌နေဖြင့်လည်း မြို့‌ပေါ်သို့ သွားလာလိုလျှင် တာဝန်ရှိသူများထံသို့ အသိ‌ပေးအ‌ကြောင်းကြား ခွင့်‌တောင်းသွားလာရန်လည်း ဆက်လက် သတိ‌ပေး ထားသည်။

ထို့အပြင် ၎င်းတို့၏ လှုပ်ရှားနယ်‌မြေနှင့် တားမြစ်‌နေရာများအား စစ်‌ကောင်စီတပ်များထံသို့ သတင်း‌ပေးခြင်း မပြုရန်၊ စစ်‌ကောင်စီ၏ လှုပ်ရှား‌ဆောင်ရွက်မှုမှန်သမျှကိုလည်း ၎င်းတို့ကို အသိ‌ပေးသွားရန်၊ ပစ်ခတ်မှု ဖြစ်စဉ် များတွင်လည်း မြို့၊ ရပ်ကွက် နှင့် ‌ကျေးရွာများသို့ လက်နက်ကြီးကျည်ကျ‌ရောက်မှုများသည် စစ်‌ကောင်စီ တပ် များ၏ ပစ်ခတ်မှုဖြစ်‌ကြောင်း ရှင်းလင်းစွာသိမြင်ရန်အပြင် စစ်‌ကောင်စီတပ်များ ထိုးစစ်ဆင်လာလျှင် ‌ပေါ်တာ အဖမ်းခံရမှုများမရှိ‌စေရန် ‌ပေါ်တာထမ်းနိုင်သူမှန်သမျှ ‌ရှောင်ထွက်ထားရန်လည်း အသိ‌ပေးညွှန်ကြား ထားသည်။

စစ်‌ကောင်စီ တပ်အ‌နေဖြင့် KNU တပ်မဟာ (၅)အ‌ပေါ် ပြီးခဲ့သည့် မတ်လ(၂၇) ရက်‌နေ့မှ ဧပြီလ (၁)ရက်‌နေ့အထိ ‌ကျေးရွာ‌ပေါင်း ၁၂ရွာအ‌ပေါ် စစ်တိုက်‌လေယာဉ် နှစ်စင်းဖြင့် ၁၂ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့‌ကြောင်း နှင့် ဗုံးကြဲမှု အပြီးတွင်လည်း ‌နေ့စဉ် အနည်းဆုံး (၂)ကြိမ်ခန့် ‌လေယာဉ်ဝဲပျံ ခြိမ်း‌ခြောက်မှု ပြုလုပ်‌နေပြီး လက်နက်ကြီးများ ဖြင့်လည်း ‌ကျေးရွာများထဲသို့ ပစ်ခတ်မှုများ ပြုလုပ်‌နေ ‌ကြောင်းလည်း KNU တပ်မဟာ (၅)က ဆိုသည်။

စစ်အာဏာသိမ်းမှုကို လက်မခံသည့် KNU တပ်ဖွဲ့ဝင်များနှင့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များအကြား စစ်‌ရေး တင်းမာလျက်ရှိပြီး အထူးသဖြင့် KNU တပ်မဟာ(၅) နှင့် ၎င်း၏ ထိစပ်နယ်‌မြေ တပ်မဟာ(၃)၊ တပ်မ ဟာ(၁) နယ်‌မြေများတွင် အာဏာသိမ်းချိန်မှစ၍ ထိ‌တွေ့တိုက်ခိုက်မှုများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။ အဆိုပါ ပစ်ခတ်မှုတွင် နှစ်ဖက်ထိခိုက်‌သေဆုံးမှုများအပြင် ‌ဒေသခံထိခိုက်‌သေဆုံးမှုများရှိခဲ့ပြီး ‌သောင်းနှင့်ချီသည့် ‌ဒေသခံများ ‌ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရဆဲဖြစ်သည်။