Home သတင်း စစ်‌ကောင်စီ၏ ‌လေ‌ကြောင်းတိုက်ခိုက်ခံရမှုအပြီး အထက်တန်း‌ကျောင်းတစ်လုံးပါဝင်၍ ထိခိုက်ပျက်စီးခဲ့

စစ်‌ကောင်စီ၏ ‌လေ‌ကြောင်းတိုက်ခိုက်ခံရမှုအပြီး အထက်တန်း‌ကျောင်းတစ်လုံးပါဝင်၍ ထိခိုက်ပျက်စီးခဲ့

6331
Photo: KECD

ဧပြီလ ၇ ရက်၊ ၂၀၂၁ ခုနှစ်။ စအိုင်ဆူး

ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှစ၍ ဧပြီလဆန်းပိုင်းအထိ စစ်‌ကောင်စီ၏ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မ ဟာ(၅)အ‌ပေါ် ‌လေ‌ကြောင်းတိုက်ခိုက်မှုတွင် လူ‌နေအိမ်များအပြင် အထက်တန်း‌ကျောင်းတစ်လုံးပါဝင်ထိခိုက် ပျက်စီးသွားသည့် ပုံရိပ်များ ယမန်‌နေ့ ဧပြီလ ၆ ရက်‌နေ့က လူမှုကွန်ရက် သတင်းစာမျက်နှာ‌ပေါ်တွင် ပျံ့နှံ့‌ပေါ် ထွက်လာခဲ့သည်။

KNU တပ်မဟာ(၅)၏ ခရိုင်ဌာနချုပ်ဖြစ်သည့် ‌ဒေပူးနို ‌ကျေးရွာအတွင်း တည်‌ဆောက်ထားသည့် ‌ဒေပူးနို အထက်တန်း‌ကျောင်းမှာ စစ်‌ကောင်စီ၏ ‌လေ‌ကြောင်းတိုက်ခိုက်မှု‌ကြောင့် ကျည်စနှင့် ဗုံးစ ထိမှန်ပျက်စီးသွား သည့် ဓါတ်ပုံများနှင့် ရုပ်သံများ ယမန်‌နေ့ မတ်လ ၆ ရက်‌နေ့က ‌ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထိခိုက်ပျက်စီးမှုကို ကိုယ်တိုင်သွား‌ရောက် ရိုက်ကူးခဲ့သည့် ရုပ်သံတစ်ခုကို Wah Fish Paste ၏ facebook နှင့် Youtube စာမျက်နှာတွင် တင်ပြထားပြီး စာသင်‌ကျောင်းတစ်ခုလုံး၏ ပျက်စီးမှု အတိုင်းအတာ များနှင့် ပျက်စီးရသည့် အ‌ကြောင်းအရာများကို ‌ပြောဆိုတင်ပြထား‌ကြောင်း‌တွေ့ရသည်။

ကိုယ်တိုင်ရိုက်ယူခဲ့သူ မူလရုပ်သံပိုင်ရှင်က ၎င်း၏ ရုပ်သံတွင် “သူတို့(စစ်တပ်)က ‌ကျောင်းကို တည့်တည့်ပဲ ပစ်ချသွားတာပဲ။ ရိက္ခာပစ္စည်း‌တွေ သင်‌ထောက်ကူပစ္စည်းထားတဲ့ ‌နေရာတစ်ခုလုံး ရစရာမရှိ‌တော့ဘူး။ အမိုး တစ်ခု လုံးလည်း ပွင့်ထွက်သွားတာပဲ။ ဒါက စစ်တပ်က‌နေ ‌ကျောင်းကို ‌လေ‌ကြောင်းက‌နေ လက်နက်ကြီးနဲ့ ပစ်ချ သွားတာ။”ဟု ရုပ်သံရိုက်ယူရင်း‌ပြောဆိုသွားခဲ့သည်။

၎င်းရုပ်သံအရ ‌ကျောင်းတစ်ခုလုံးအ‌နေဖြင့် လက်နက်ကြီးကျ‌ရောက် ‌ပေါက်ကွဲထားမှု‌ကြောင်း လုံးဝနီးပါ ပျက်စီး‌နေပြီး ‌လေယာဉ်‌ပေါ်မှ စက်‌သေနတ်အကြီးစားများဖြင့် ပစ်ခတ်ထားသည့် အရာများ၊ ‌ကျောင်းခန်း အတွင်းရှိ သင်‌ထောက်ကူ ပစ္စည်းများအားလုံးနီးပါး ပျက်စီးသွားမှုများအပြင် ‌ကျောင်းပတ်ဝန်းကျင်ရှိ အိမ်သာများ၊ ‌ရေသို‌လှောင်ကန်များ နှင့် ‌နေအိမ်များ အားလုံး ထိခိုက်ပျက်စီးမှုမြင်ကွင်းများကို ‌တွေ့ရသည်။

၎င်း စာသင်‌ကျောင်းအ‌ပေါ် ပစ်မှတ်ထား တိုက်ခိုက်ချိန်တွင် ‌ကျောင်းသူ၊ ‌ကျောင်းသားများ လစ်လပ်‌နေချိန်ဖြစ် ‌သော‌ကြောင့် ထိခိုက်မှုမရှိ‌သော်လည်း ယခုလို လူ‌နေအိမ်၊ စာသင်‌ကျောင်း၊ ‌ဆေးရုံနှင့် ဘာသာ‌ရေး အ‌ဆောက် အအုံများကိုပစ်မှတ်ထား တိုက်ခိုက်မှုမှာ နိုင်ငံတကာ လူသားချင်းစာနာ‌ထောက်ထားမှု ဥပ‌ဒေ ချိုး‌ဖောက်မှု ‌မြောက်‌ကြောင်း လူ့အခွင့်အ‌ရေး အဖွဲ့များက ဆိုသည်။

ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG) ဒါရိုက်တာ ‌နော်ထူးထူး က “လူ့အခွင့်အ‌ရေး ရှု‌ထောင့်က‌နေ ကြည့်ရင် ဒါက တကယ့် နိုင်ငံတကာ လူသားချင်းစာနာ‌ထောက်ထားမှု ဥပ‌ဒေကို ကျူးလွန်တာပါပဲ။ ဘာဖြစ်လဲဆို‌တော့ စစ် သား‌တွေက စစ်ဖြစ်တဲ့အချိန်မှာ ‌ကျောင်း‌တွေကို ပစ်မှတ်ထားတိုက်ခိုက်လို့မရဘူး၊ ‌ဆေးရုံ‌တွေကို ပစ်မှတ်ထား လို့မရဘူး၊ ဘာသာ‌ရေး အ‌ဆောက်အအုံ‌တွေကို ပစ်မှတ်ထားလို့မရဘူး။ ဒီလိုမျိုး ပစ်ခတ်တာက နိုင်ငံတကာ တရားရုံး‌တွေတင်တဲ့အခါ ဒါက လုံးဝသက်‌သေ‌တွေ ဖြစ်လာမှာပါ။ ဒါကလည်း စစ်ရာဇဝတ်မှု ‌မြောက်ပါ တယ်”ဟု ‌ကေအိုင်စီသို့‌ပြော သည်။

ထို့အပြင် KHRG အ‌နေဖြင့် ၎င်းလိုမျိုး ထိခိုက်ပျက်စီးမှု အချက်အလက်မှတ်တမ်းများကို စု‌ဆောင်းမှုများ ပြုလုပ်‌နေပြီး သက်ဆိုင်ရာ တရားရုံးတင်မည့်အဖွဲ့အစည်းများကို သက်‌သေများအဖြင့် တင်ပြနိုင်ရန် ပို့‌ဆောင် ‌ပေး‌နေ‌ကြောင်းလည်း ‌နော်ထူးထူးက ကဆက်‌ပြောသည်။

အလားတူ ဧပြီလ ၅ရက်‌နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် Free Burma Ranger ၏ ထုတ်ပြန်ချက်အရ ‌လေ‌ကြောင်း တိုက်ခိုက်ခံရမှု‌ကြောင့် ကရင်ပြည်နယ်အတွင်း ‌ဒေသခံ အရပ်သား ၂၀,၀၀ဝ (နှစ်‌သောင်း ) ထွက်‌ပြေး ပုန်း‌အောင်း‌နေရပြီး အရပ်သား ထိခိုက်‌သေဆုံးမှုများဖြစ်‌ပေါ်‌စေသည့် ‌မြေပြင်ထိုးစစ်ဆင်မှုများလည်း ဆက်လက် ပြုလုပ်‌နေ‌ကြောင်း ထုတ်ပြန်ထားသည်။