Home သတင်း စစ်‌ကောင်စီတပ်မှ ရွာထဲလက်နက်ကြီးပစ်ခတ်မှု‌ကြောင့် ရွာသားတစ်ဦးကို ထိမှန်‌သေဆုံး၊ ‌ကေအဲန်ယူနယ်‌မြေအတွင်း ကရင်စစ်‌ရှောင် ၃၀,၀၀ဝ ‌ကျော်ပြီ

စစ်‌ကောင်စီတပ်မှ ရွာထဲလက်နက်ကြီးပစ်ခတ်မှု‌ကြောင့် ရွာသားတစ်ဦးကို ထိမှန်‌သေဆုံး၊ ‌ကေအဲန်ယူနယ်‌မြေအတွင်း ကရင်စစ်‌ရှောင် ၃၀,၀၀ဝ ‌ကျော်ပြီ

1779
Photo: CJ

ဧပြီ ၉ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မူ‌တြော်(ဖာပွန်)ခရိုင်၊ ‌ပေါ်‌ခေးခို အာဏာသိမ်းစစ်‌ကောင်စီ တပ်စခန်းမှ စစ်‌ကောင်စီတပ်များသည် ယမန်‌နေ့ ( ဧပြီ ၈ ရက်)က ‌ကျေးရွာထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့မှု‌ကြောင့် ရွာသားတစ်ဦး‌သေဆုံးခဲ့သည်ဟု ‌ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ဧပြီလ ၈ ရက်‌နေ့ ည‌နေ ၁၈း၃၅ မိနစ်ခန့်အချိန်တွင် ‌ပေါ်‌ခေးခို အ‌ခြေစိုက်တပ်စခန်းမှ စစ်‌ကောင်စီတပ်များသည် ယဲမူပ‌လောရွာထဲသို့ ၃ လုံး ၊ တဲဘိုးပ‌လော ရွာထဲသို့ ၄ လုံး နှင့် ‌စောမူပ‌လောရွာထဲသို့ ၅ လုံး စုစု‌ပေါင်း ၁၂ လုံး ပစ်ခတ်ခဲ့မှု‌ကြောင့် လူ‌သောမြို့နယ် ယဲမူပ‌လောအုပ်စု ‌မေဖွဲထာ‌ကျေးရွာမှ အသက် ၆ဝ နှစ်ရှိ ‌စောကီဘူးကို ထိမှန်‌သေဆုံးခဲ့သည်ဟု ‌ဖော်ပြထားသည်။

ထို့အပြင် ယမန်‌နေ့က ‌ကေအဲန်ယူ တပ်မဟာ ၅ ဌာနချုပ်အနီး ‌ဒေပူးနိုရွာတွင် စစ်‌ကောင်စီတပ်မှ ဂျက်တိုက်စစ်‌လေယာဉ်ဖြင့် နှစ်ကြိမ် လာ‌ရောက် ပျံဝဲလာ‌သော‌ကြောင့် ထပ်မံဗုံးကြဲတိုက်ခိုက်လာမည်ကို ‌ဒေသခံများမှ စိုးရိမ်‌ကြောက်ရွံ့လျက်ရှိသည်ဟု စစ်‌ရှောင်ပြည်သူများထံမှ သိရသည်။

မတ်လ ၂၇ရက်‌နေ့မှစ၍ ဧပြီ ၈ရက်‌နေ့အထိ စစ်‌ကောင်စီတပ်၏ ဂျက်‌လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ‌ကြောင့် ‌ဒေသခံရွာသား ၂ဝ ဦး‌သေဆုံးပြီး ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှုကွန်ရက် KESAN ၏ မှတ်တမ်းအရ သိရသည်။

Photo: CJ

လက်ရှိတွင် KNU မူ‌တြော်ခရိုင် တပ်မဟာ (၅) နယ်‌မြေအာဏာသိမ်းစစ်‌ကောင်စီတပ်ဖွဲ့၏ စစ်ဆင်‌ရေး တပ်ရင်း‌ပေါင်း (၂၆) ရင်း ခန့်ရှိ‌နေပြီး စစ်ဆင်‌ရေးများကို တိုးမြှင့်လုပ်‌ဆောင်လာကာ ‌ကျေးရွာအတွင်း လက်နက်ကြီးများဖြင့်‌နေ့စဉ် ပစ်ခတ်‌နေမှုနှင့် ‌လေ ‌ကြောင်းတိုက်ခိုက်မှုများ‌ကြောင့် ‌ဒေသခံ‌ကျေးရွာသား (၂၀,၀၀၀) ‌ကျော် အိုးအိမ်စွန့်ခွာ ထွက် ‌ပြေးပုန်း‌အောင်း‌နေကြရသည်ဟု ဧပြီလ ၅ ရက်‌နေ့ ရက်စွဲဖြင့် Free Burma Ranger (FBR)က သတင်းထုတ်ပြန်ခဲ့သည်။

စစ်အာဏာသိမ်းသည့် ‌ဖေ‌ဖေါ်ဝါရီ ၁ ရက်‌နေ့မှစ၍ ‌ကေအဲန်ယူ သထုံခရိုင် (တပ်မဟာ ၁) ၊ ‌တောင်ငူခရိုင် (တပ်မဟာ ၂ )၊ ‌ညောင်‌လေးပင်ခရိုင် ( တပ်မဟာ ၃)၊ ဘိတ်ထားဝယ်ခရိုင်( တပ်မဟာ ၄)၊ မူ‌တြော်ခရိုင်( တပ်မဟာ ၅)၊ ဒူးပလာယာခရိုင် (တပ်မဟာ ၆)နှင့် ဖာပွန်ခရိုင်( တပ် မဟာ ၇) နယ်‌မြေများတွင် စစ်‌ကောင်စီတပ်မှ ပိုမိုလှုပ်ရှားလာသည့်အတွက် နှစ်ဘက်ပစ်ခတ်မှု အကြိမ်‌ပေါင်း ၂၀၀‌ကျော်ရှိသည်ဟု ‌ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် စစ်‌ကောင်စီတပ်သည် ပြည်သူများ ‌နေထိုင်ရာ ‌ကျေးရွာ၊ ‌နေအိမ်၊ လုပ်ကိုင်စား‌သောက်ရာ‌နေရာများသို့ ‌နေ့စဉ်ရက်ဆက် လက်နက်ကြီးများပစ်ခတ်မှု‌ကြောင့် ရွာသားများ ထိခိုက်‌သေဆုံးမှုအပြင် စာသင်‌ကျောင်း၊ လူ‌နေအိမ်၊ လုပ်ကိုင်စား‌သောက်ရန်‌နေရာအ‌မြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ‌ကေအဲန်ယူက ‌ပြောသည်။

စစ်‌ကောင်စီတပ်၏ ‌လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်မှု‌ကြောင့် ‌ကေအဲန်ယူ ခရိုင် /တပ်မဟာ ၇ ခုအ တွင်း ထွက်‌ပြေးတိမ်း‌ရှောင်ရသည့် ကရင်ပြည်သူ စုစု‌ပေါင်း ၃၀၀၀ဝ ‌ကျော်ပြီဟု ‌ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။