Home သတင်း ကိုရီးယား မြန်မာ့‌နွေဦး‌တော်လှန်‌ရေး‌ထောက်ခံသူများအဖွဲ့ ဆိုးလ်မြို့ တရုတ်သံရုံးသို့ အိတ်ဖွင့်‌ပေးစာပို့ကာ ဆန္ဒထုတ်‌ဖော်

ကိုရီးယား မြန်မာ့‌နွေဦး‌တော်လှန်‌ရေး‌ထောက်ခံသူများအဖွဲ့ ဆိုးလ်မြို့ တရုတ်သံရုံးသို့ အိတ်ဖွင့်‌ပေးစာပို့ကာ ဆန္ဒထုတ်‌ဖော်

2022

ဧပြီလ ၁၁ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကိုရီးယား‌ရောက် မြန်မာ့‌နွေဦး‌တော်လှန်‌ရေး‌ထောက်ခံသူများအဖွဲ့က ဦး‌ဆောင်၍ ‌တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ တရုတ်သံရုံးသို့ အိတ်ဖွင့်‌ပေးစာ ပို့‌ပေးပြီး‌နောက် သံရုံး‌ရှေ့တွင် ဧပြီလ ၁၁ရက်‌နေ့၊ မနက် ၁၁နာရီမှ မွန်းလွဲ ၂နာရီအထိ ဆန္ဒပြကာ ‌ဖော်ထုတ်ခဲ့ကြသည်။

ယ‌နေ့ပြုလုပ်သည့် တရုတ်သံရုံး‌ရှေ့ ဆန္ဒပြပွဲ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ၏ သ‌ဘောထားဆန္ဒများကို တရုတ်အစိုးရသိ‌စေရန်အတွက် အိတ်ဖွင့်‌ပေးစာ ‌ပေးပို့ခဲ့ခြင်းဖြစ်‌ကြောင်း မြန်မာ့‌နွေဦး‌တော်လှန်‌ရေး ‌ထောက်ခံသူများ အဖွဲ့မှ ကိုယ်တိုင် သွား‌ရောက်‌ပေးပို့ခဲ့ကြပြီး စည်းကမ်းသတ်မှတ်ချက်အရ သံရုံးနှင့် ကိုက် ၂၀ဝ အကွာတွင် ‌ကြွေး‌ကြော် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

“UN အစည်းအ‌ဝေးမှာ တရုတ်အစိုးရဟာ မြန်မာ့အ‌ရေးကို နိုင်ငံတကာ အကူအညီမ‌ပေးနိုင်‌အောင် အမြဲ‌နှောက်ယှက် ‌နေပါတယ်။ ဒါဟာ အပြစ်မဲ့လူများစွာ ‌သေဆုံးခြင်းကို လျစ်လျူရှုပြီး စစ်တပ်(စစ်‌ကောင်စီ)ရဲ့ ရက်စက်တဲ့လုပ်ရပ်‌တွေနဲ့ ရာဇဝတ်မှု‌တွေကို ‌ထောက်ခံသ‌ဘောတူတာပဲ။ မြန်မာပြည်သူရဲ့ ဆန္ဒနဲ့ဆန့်ကျင်ပြီး စစ်သူပုန်‌တွေနဲ့ လက်ရှိအ‌ခြေအ‌နေ ထိ ဆက်သွယ်မှု အသွားအလာရှိ‌နေခြင်းဟာ လူ့တန်ဖိုး၊ လူ့အခွင့်အ‌‌ရေးကို နားမလည်ဘဲ မိမိအကျိုးစီးပွားသာ ဦးစား ‌ပေးတဲ့ တရုတ်အစိုးရရဲ့ လုပ်ရပ်‌တွေကို ရှုတ်ချဖို့ ဒီ‌နေ့ ဆန္ဒထုတ်‌‌ဖော်ပွဲ ပြုလုပ်ရတာဖြစ်ပါတယ်။”ဟု ပါဝင်ခဲ့သူ ကရင် လူငယ်တစ်ဦးက ‌ပြောသည်။

၎င်းတို့၏ အိတ်ဖွင့်‌ပေးစာထဲတွင် “ပြည်သူလူထု အလိုဆန္ဒမပါဘဲ အာဏာသိမ်းယူခဲ့သည့် စစ်အစိုးရ ချက်ချင်း ပြုတ်ကျ ‌ရေး၊ နိုင်ငံ‌တော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်း ဆီးထားသည့် နိုင်ငံ‌တော်အရာရှိများ၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ အလွှာအသီးသီးမှ လူ့အခွင့်အ‌ရေး တက်ကြွလှုပ် ရှားသူများနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့‌သော မြန်မာပြည်သူများ အမြန်ဆုံး လွတ်‌မြောက်‌ရေး၊ CRPH ကိုသာလျှင် တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြု‌ရေး” စသည့်အချက်များ ပါဝင်‌ကြောင်းလည်း ၎င်းက ‌ပြောသည်။

အထူးသဖြင့် ယ‌နေ့အချိန်ထိ အကြမ်းဖက်စစ်တပ်၏ ရက်စက်စွာ ပစ်ခတ်မှု‌ကြောင့် က‌လေးများ အပါအဝင် မြန်မာနိုင်ငံ သား ၆၀၀‌ကျော် ‌သေဆုံးခဲ့ရခြင်း၊ မတရားမှုကို တိုင်တန်းစရာ‌နေရာမရှိ အားကိုးရာမဲ့‌နေ‌သော မြန်မာပြည်သူများကို နိုင်ငံတကာက ကူညီ‌စေလိုခြင်း၊ တရုတ်အစိုးရအ‌နေဖြင့် မြန်မာ့အ‌ရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံ‌ရေး‌ကောင်စီ နှင့် ပြည်ပအင်အားစုတချို့ ဝင်‌ရောက်စွက်ဖက်မှု မပြုလုပ်ရန် တားဆီးဖို့လို‌ကြောင်း တရုတ်နိုင်ငံခြား‌ရေးဝန်ကြီး ဝမ်ယိ က ပြီးခဲ့သည့်ရက်ပိုင်းတွင် စင်ကာပူ၊ မ‌လေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများမှ နိုင်ငံခြား‌ရေးဝန်ကြီးများကို ‌ပြော ကြားခဲ့ခြင်းအ‌ပေါ် တရုတ်သံရုံး‌ရှေ့ ဆန္ဒပြသူများက ‌ထောက်ပြ‌ဝေဖန်ခဲ့ကြသည်။

ထို့အပြင် ‌တောင်ကိုရီးယားသမ္မတနိုင်ငံ အပါအဝင် ကုလသမဂ္ဂနှင့် နိုင်ငံအသီးသီး၏ အစိုးရများကလည်း စစ်အာဏာ ရှင်ကို ပြတ်ပြတ်သားသား အ‌ရေးယူပြီး မြန်မာနိုင်ငံ ဒီမိုက‌ရေစီအ‌ရေးအတွက် ပူး‌ပေါင်းပါဝင်‌‌ကူညီ‌ပေးရန်လည်း ‌တောင်းဆိုခဲ့ကြသည်။

ဆိုးလ်မြို့တွင် Covid-19 ဥပ‌ဒေအရ ၉ဦးစီဖွဲ့ကာ အလှည့်ကျစနစ်ဖြင့် “တရုတ်နိုင်ငံက အကြမ်းဖက်စစ်အုပ်စုကို ‌ထောက်ပံ့မှုများ ချက်ချင်းရပ်၊ CRPH တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြု၊ တရုတ်နိုင်ငံ မြန်မာ့ဒီမိုက‌ရေစီအ‌ရေးကို မ‌နှောက်ယှက်နှင့်၊ တရုတ်နိုင်ငံ မြန်မာ့ဒီမိုက‌ရေစီကို အသိအမှတ်ပြု၊ အာဏာရှင်စနစ် အလိုမရှိ၊ UN တင်ပြချက်ကို လက်ခံ‌ပေး၊ မြန်မာပြည် အာဏာရှင်စနစ်မှ လွတ်‌မြောက်ပါ‌စေနှင့် အ‌ရေး‌တော်ပုံ ‌အောင်ရမည်”ဟူ‌သော ‌ကြွေး‌ကြော်သံ များနှင့် တရုတ်သံရုံး‌ရှေ့တွင် ဆန္ဒပြခဲ့ကြပြီး ကိုရီးယားအစိုးရနှင့် ကိုရီးယားပြည်သူများက မြန်မာ့ဒီမိုက‌ရေစီအ‌ရေးကို ပိုမို ကူညီအား‌ပေး‌ရေး ‌ထောက်ခံလက်မှတ်များ ‌ကောက်ခံခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲသို့ တက်‌ရောက်လာသူ စုစု‌‌ပေါင်း ၈ဝခန့်ရှိပြီး ကိုရီးယားနိုင်ငံတဝှမ်း ဆိုးလ် အပါအဝင် ဘူး‌ဖျောင်း၊ ဘူဆန်၊ ဒဲဒူး၊ ဒဲချွန်း၊ ဆူဝန် စသည့်မြို့နယ်များတွင်လည်း မြန်မာနိုင်ငံသားများနှင့်အတူ ကိုရီးယားပြည်သူများကလည်း မြန်မာ့ဒီမိုက‌ရေစီ‌ရေးအတွက် အသီးသီး ပါဝင်ပူး‌ပေါင်းကာ ဆန္ဒ‌ဖော်ထုတ်ခဲ့ကြသည်။