Home သတင်း အကြမ်းဖက် စစ်‌ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှု‌ကြောင့် ‌ဒေသခံ တစ်‌သောင်း‌ကျော် ‌ဘေးလွတ်ရာ ထွက်‌ပြေး‌နေရ

အကြမ်းဖက် စစ်‌ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှု‌ကြောင့် ‌ဒေသခံ တစ်‌သောင်း‌ကျော် ‌ဘေးလွတ်ရာ ထွက်‌ပြေး‌နေရ

1916
Photo:_‌လေ‌ကြောင်းရန်‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည့် ‌ဒေသခံ ကရင်တိုင်းရင်းသားများကို ‌တွေ့မြင်ရစဉ်

မတ်လ ၂၉ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ပြီးခဲ့သည့် မတ်လ ၂၇၊ ၂၈ ရက်အတွင်း အကြမ်းဖက် စစ်‌ကောင်စီ၏ ‌လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ‌ကြောင့် မူ‌တြော်(ဖာပွန်) ‌ဒေသခံ ‌ကျေးရွာသား တစ်‌သောင်း‌ကျော် ‌ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရ‌ကြောင်း ယ‌နေ့မတ်လ ၂၉ရက်‌နေ့တွင် ကရင်အမျိုးသားအစည်းအရုံး-KNU က သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်‌ကောင်စီမှ KNU ထိန်းချုပ်နယ်‌မြေအတွင်းရှိ ‌ဒေပူနို၊ တ‌နေးလူ‌တောင်ကုန်း၊ ကလို‌ဘောထာ၊ ‌မောယူနီ၊ သယ်ဘိုးပ‌လော၊ သီး‌ကောထာနှင့် ဟို‌ကေ စသည့် ‌ကျေးရွာ (၇) ရွာအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်‌ကြောင်း KNUက ယ‌နေ့ (မတ် ၂၉) ‌နောက်ဆုံးအ‌ခြေအ‌နေကို သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

၂ ရက်တာဗုံးကြဲတိုက်ခိုက်မှုအပြီး လူ‌နေအိမ် ၂ လုံးမီး‌လောင်ပြာကျသွားခဲ့ပြီး အရပ်သား (၃) ဦး ‌သေဆုံးခဲ့ကာ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ‌ဒေသခံ ရွာသားတစ်‌သောင်း‌ကျော် အိုးအိမ်စွန့်ခွာ၍ ‌ဘေးလွတ်ရာ ‌ဒေသများနှင့် သံလွင်မြစ်တစ် ဖက်ကမ်းရှိ ထိုင်းနိုင်ငံဘက်သို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရ‌ကြောင်း KNU ကဆိုသည်။

လတ်တ‌လော ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရသူများအ‌နေဖြင့် အ‌ရေး‌ပေါ် စားနပ်ရိက္ခာ အကူအညီများလိုအပ် လျက်ရှိပြီး လက်ရှိအချိန်အထိ တစ်စုံတစ်ရာကူညီ‌ထောက်ပံ့မှုများ မရရှိကြ‌သေး‌ကြောင်း သိရသည်။