Home သတင်း KNU နယ်‌မြေရှိ မြန်မာ့တပ်မ‌တော်သား ၁ဝ ဦး‌ကျော် CDM လှုပ်ရှားမှုတွင် ပါဝင်လာ

KNU နယ်‌မြေရှိ မြန်မာ့တပ်မ‌တော်သား ၁ဝ ဦး‌ကျော် CDM လှုပ်ရှားမှုတွင် ပါဝင်လာ

4825
photo-knu mutraw

မတ်လ ၂ ရက်၊၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

လတ်တ‌လော စစ်အာဏာရှင် ဆန့်ကျင်‌ရေး အာဏာဖီဆန်မှု (CDM) လှုပ်ရှားမှုတွင် ‌ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး (တပ်မဟာ ၅) နယ်‌မြေတွင်း အ‌ခြေချသည့် မြန်မာ့တပ်မ‌တော်သား ၁ဝ ဦး‌ကျော် ပါဝင်လာသည်ဟု သိရသည်။

‌ကေအဲန်ယူ တပ်မဟာ ၅ ‌ပြောခွင့်ရသူ ပဒိုမန်းမန်းမန်းက “ အခုက‌တော့ ၁ဝ ‌ကျော်ပြီး‌ပေါ့ ‌နော်။ ‌နောက်ထပ် လာနိုင်မယ့် အလားအလာ‌တွေလည်း ရှိနိုင်ပါ‌သေးတယ်။ အကြမ်းဖက် စစ်အုပ်စုရဲ့ လုပ်ရပ်‌တွေ‌ပေါ်မှာက‌တော့ သာမန်ဌာနဆိုင်ရာဝန်ထမ်း‌တွေမကဘဲနဲ့ တပ်မ‌တော် သား‌တွေကလည်းပဲသိလာပါပြီး။ အဲဒါကို အားရကြိုဆိုတယ်လို့ပဲ ‌ပြောရမှာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ အတည်ပြု‌ပြောသည်။

အဆိုပါ CDM လှုပ်ရှားမှုတွင် ပါဝင်လာသည့် တပ်မ‌တော်သားများထဲတွင် ဆယ်‌ကျော် သက်အရွယ် တပ်သားအဆင့်အများစု ဖြစ်ပြီး အချို့မှာ လက်နက်ခဲယမ်းများအတူ ယူ‌ဆောင်လာကာ လက်ရှိတွင် ၎င်းတို့ ၏ လုံခြုံ‌ရေးနှင့် ‌နေထိုင်စား‌သောက်‌ရေးကို ‌ကေအဲန်ယူ တပ်မဟာ ၅က စီစဉ်ထားသည်ဟုလည်း ပဒိုမန်းမန်းမန်းက ဆက်‌ပြောသည်။

‌ဖေ‌ဖေါ်ဝါရီလ ၂၆ ရက်‌နေ့က ထုတ်ပြန်သည့် ‌ကေအဲန်ယူ မူ‌တြော်ခရိုင် (တပ်မဟာ ၅ ) ထုတ်ပြန်ချက်တွင် စစ်အာဏာသိမ်းမှု‌ကြောင့် ဖြစ်‌ပေါ်လာ‌သော အကြမ်းမဖက်သည့် ငြိမ်း ချမ်းစွာ ဆန္ဒထုတ်‌ဖော်‌သော လူထုလှုပ်ရှားမှုမှန်သမျှကို ‌ထောက်ခံဝန်းရံပံ့ပိုးသွားမည်ဖြစ်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်‌ဖော်‌သော လူထုလှုပ်ရှားမှုများအား အာဏာသိမ်းအစိုးရမှ အကြမ်းဖက် နှိမ်နင်းခြင်းများ၊ ဖမ်းဆီးခြင်းများနှင့် တရားစွဲဆိုခြင်းများအား မပြုလုပ်ရန် ‌တောင်းဆို ထားသည်။