Home သတင်း KNU တပ်မဟာ ၅ နယ်‌မြေတွင် စစ်အာဏာရှင်ကျရှုံး‌ရေး လူထုတစ်‌သောင်း‌ကျော်ဆန္ဒပြ

KNU တပ်မဟာ ၅ နယ်‌မြေတွင် စစ်အာဏာရှင်ကျရှုံး‌ရေး လူထုတစ်‌သောင်း‌ကျော်ဆန္ဒပြ

1836

မတ်လ ၅ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင် နယ်‌မြေ တပ်မဟာ ၅ တွင် စစ်အာဏာရှင်ကျရှုံး‌ရေးနှင့်တပ်စခန်းပြန်ရုပ်သိမ်း‌ရေးအတွက် ဖာပွန်၊ ကမ‌မောင်းလမ်းမ‌ပေါ်တွင် ယ‌နေ့ မတ်လ ၅ ရက်‌နေ့တွင် လူထု ၁ ‌သောင်း‌ကျော် ဆန္ဒပြ‌တောင်းဆိုသည်။

အဆိုပါ‌‌ဒေသတွင်ရှိသည့်တပ်စခန်းများပြန်ရုပ်သိမ်း‌ရေးအတွက်မကြာခဏ‌တောင်းဆိုဆန္ဒပြမှုများရှိခဲ့သလို စစ်အာဏာသိမ်းယူခြင်းကိုလည်းဆန့်ကျင်သည့်အတွက် ထပ်မံဆန္ဒပြ‌တောင်းဆိုခြင်းလည်းဖြစ်သည်ဟု ပါဝင်သူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းဆန္ဒပြသူများကို KNU မူ‌တြော်ခရိုင် ဒွယ်လိုးမြိုနယ်နှင့်ဘူးသိုမြို့နယ်အတွင်းရှိ ‌ကျေးရွာအုပ်စု ၁၃ စုပါဝင်ပြီး လူထုများ‌အေးချမ်းစွာ ဆန္ဒထုတ်‌ဖော်နိုင်ရန်အတွက် အနီးအနားတွင် KNU တပ်ဖွဲ့မှ လုံခြုံ‌ရေးယူထား‌ပေးမှုများကို ‌တွေ့ရှိရသည်။

ထို့သို့ဆန္ဒပြရာတွင် မဟာလူမျိုးကြီးဝါဒနှင့်စစ်အာဏာရှင်စနစ်ကျရှုံးရန်၊ ဖမ်းဆီးထားသည့်‌ခေါင်း‌ဆောင်များအားလုံးပြန်လွှတ်‌ပေးရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေဖျက်သိမ်းရန်၊ ဖက်ဒရယ်ဒီမိုက‌ရေစီနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရန် ၊ ‌ဒေသအတွင်းတပ်စခန်းအားလုံးရုပ်သိမ်း‌ပေးရန်နှင့်ကမာ္ဘ့ ကုလသမဂ္ဂနှင့် တရားမဝင်စစ်‌ကောင်စီနှင့် ပူး‌ပေါင်‌ဆောင်ရွက်မှုမပြုရန်စသည့် အချက်များကို ‌တောင်းဆိုခဲ့ကြသည်။

ထို့အပြင် KNU ထိန်းချုပ်နယ်‌မြေတပ်မဟာ ၅ တွင် မဲထည့်ခွင့် ရရှိသည့်‌ဒေသနည်း‌သော်လည်း လူထုများ‌ရွေး‌ကောက်တင်‌မြောက်ထားသည့် ဒီမိုက‌ရေစီအစိုးရ‌ခေါင်း‌ဆောင်များကို ဖမ်းဆီးအာဏာသိမ်းယူခြင်းသည် ကန့်ကွက်သည့်အတွက် ဆန္ဒပြကြခြင်းလည်းဖြစ်သည်။