Home သတင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်‌နေသူများကို အကြမ်းဖက်‌နေသူများအား တုံ့ပြန်ရန် တိုင်းရင်းသားလက်နက်ကိုင်များထံ GSCN ‌တောင်းဆို

ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်‌နေသူများကို အကြမ်းဖက်‌နေသူများအား တုံ့ပြန်ရန် တိုင်းရင်းသားလက်နက်ကိုင်များထံ GSCN ‌တောင်းဆို

6733

မတ်လ ၃ ရက်၊ ၂၀၂၁ခုနှစ် ။ ‌စောထွန်းလင်း

ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်‌နေသည့် မြန်မာနိုင်ငံ အရပ်ရပ်ရှိပြည်သူများကို လက်နက်အားကိုးဖြင့် အကြမ်းဖက်‌နေသည့် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို တုံ့ပြန်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်များအ‌နေဖြင့် တပ်‌ပေါင်းစုဖွဲ့ကာ ပြည်သူများ၏အသက်ကို ကာကွယ်နိုင်ရန် ကြိုးစားလုပ်‌ဆောင်ရန် လူမျိုး‌ပေါင်းစုံ အ‌ထွေ‌ထွေသပိတ်‌ကော်မတီက ‌တောင်းဆိုလိုက်သည်။

အဆိုပါ လူမျိုး‌ပေါင်းစုံ အ‌ထွေ‌ထွေ သပိတ်‌ကော်မတီ (GSCN) ၏ မတ် ၂ ရက်‌နေ့စွဲဖြင့် ထုတ်ပြန်‌ကြေညာချက်တွင် အချက်ငါးချက် ပါဝင်ပြီး အထက်ပါ‌တောင်းဆိုချက်အပြင် အရပ်သားအစိုးရထံမှအာဏာသိမ်းယူထားသည့် စစ်‌ကောင်စီကို တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်ဟု ‌ဖော်ပြထားသည်။

ထိုအ့ပြင် ဆန္ဒထုတ်‌ဖော်‌နေသည့် တစ်နိုင်ငံလုံးရှိ ပြည်သူများကို စစ်လက်နက်အားကိုးဖြင့် အကြမ်းဖတ် ဖြိုခွင်း ‌နေသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ကို အကြမ်းဖတ်‌သောင်းကျန်းသူ အဖြစ်သတ်မှတ်‌ကြောင်း၊ ၎င်းတို့ကို အပြည်ပြည် ဆိုင်ရာ တရားရုံး (ICJ) တွင်အ‌ရေးယူမည့်အ‌ပေါ် ‌ထောက်ခံကြိုဆို‌ကြောင်းနှင့် CDM ကို ‌ထောက်ခံ၊ အား‌ပေး၊ ဝန်းရံပြီး ကူညီသွားမည်ဟု ၎င်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

လူမျိုး‌ပေါင်းစုံ အ‌ထွေ‌ထွေသပိတ်‌ကော်မတီကို ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့တွင် ဗမာလူမျိုးအပါအဝင် တိုင်းရင်းသားလူမျိုး‌ပေါင်းစုံဖြင့် ဖွဲ့စည်းထားပြီး ‌ကော်မတီအ‌နေဖြင့် ကုလသမဂ္ဂ၊ အ‌မေရိကန်၊ ရုရှ၊ ထိုင်း၊ တရုတ်နှင့် ဂျပန်သံရုံးများထံ အိပ်ဖွင့်‌ပေးစာ အသီးသီး‌ပေးပို့ခဲ့သည်။

ထို့အပြင် လူမျိုး‌ပေါင်းစုံ ‌သောင်းချီပါဝင်သည့် အ‌ထွေ‌ထွေသပိတ်ကို ရန်ကုန်မြို့တွင်းအနှံ စစ်‌ကြောင်းချီတက် ဆန္ဒထုတ်‌ဖော်ခဲ့သလို ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီ ၂၇ ရက်တွင် ကျ‌ရောက်သည့် ၇၄ နှစ်‌မြောက် မွန်အမျိုးသား‌နေ့ အထိမ်းအမှတ် ချီတက်ဆန္ဒပြ ‌မြေနီကုန်း၊ ဗားကရာ လမ်းတွင် စီတန်း‌နေချိန်တွင် ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွဲခြင်းကို ခံခဲ့ရပြီး သပိတ်စစ်‌ကြောင်းတွင် ပါဝင်သူ ၁၄ ဦး အကြမ်းဖက်ရိုက်နှက် အဖမ်းခံခဲ့ရသည်။

အဆိုပါ ‌ကော်မတီအ‌နေဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိ၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်း‌ရေး၊ ဖက်ဒရယ်ဒီမိုက‌ရေစီ ပြည်‌ထောင်စု ‌ပေါ်‌ပေါက်‌ရေးနှင့် မတရားဖမ်းဆီးခံရသူများ လွှတ်‌ပေး‌ရေး စသည့် ‌ကြွေး‌ကြော်သံ‌လေးချက်ကို ကိုင်စွဲကာ ဆန္ဒ‌ဖော်ထုတ်‌နေခြင်းဖြစ်သည်။