Home သတင်း အမျိုးသား ညီညွတ်‌ရေး အစိုးရ တစ်ရပ်ဖွဲ့စည်းရန် လိုအပ်ပြီးဖြစ်‌ကြောင်း KNU ‌ပြော

အမျိုးသား ညီညွတ်‌ရေး အစိုးရ တစ်ရပ်ဖွဲ့စည်းရန် လိုအပ်ပြီးဖြစ်‌ကြောင်း KNU ‌ပြော

2733

မတ် ၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

လက်ရှိ စစ်အာဏာရှင် ပြုတ်ကျ‌ရေးအတွက် ဆန္ဒ‌ဖော်ထုတ်‌နေကြသည့် နိုင်ငံ‌ရေး ပြဿနာအ‌ဖြေသည် ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေ‌အောက်တွင် မရှိ‌သော‌ကြောင့် မတူကွဲပြားသည့် အစုအဖွဲ့အားလုံးပါဝင်‌သော အမျိုးသား ညီညွတ်‌ရေးအစိုးရ တစ်ရပ်ကို ဖွဲ့စည်းရန် လိုအပ်‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNUက ယ‌နေ့ တိုက်တွန်း ‌ပြောဆိုလိုက်သည်။

လက်ရှိ လမ်း‌ပေါ်ထွက် ဆန္ဒပြ‌နေကြသည့် ဆယ်‌ကျော်သက်လူငယ်များ၏ အသက်ဆုံးရှုံမှု ဖြစ်‌ပေါ်‌စေသည်အထိ ‌ပေးဆပ် ရမှုများအပြင် Civilian Disobedient Movement (CDM) ပြုလုပ်‌နေကြသည့် ဝန်ထမ်းများ၏ ဒုက္ခခံ‌နေကြမှုသည် အာဏာရှင်နှင့်စစ်အာဏာရှင်စနစ်၏ သက်ဆိုးရှည်မှုများ‌ကြောင့်သာဖြစ်၍ အနာဂတ်တွင် ၎င်းစနစ်များ ထပ်မံ မ‌ပေါ် ‌ပေါက်‌စေရန် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ ‌ဘောင်က‌နေ‌ကျော်၍ စဉ်းစားလုပ်‌ဆောင်သင့်ပြီးဖြစ်‌ကြောင်း KNU အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမူး ယခုလို‌ပြောသည်။

၎င်းက “ပြည်တွင်းမှာ အကြမ်းမဖက်ဘဲနဲ့ ဒီမိုက‌ရေစီနဲ့ အနာဂတ်အတွက် ‌တောင်းဆိုတဲ့ ဆန္ဒပြထုတ်‌ဖော်မှု ‌တွေဟာ ၂၀၀၈ ‌ဘောင်ထဲမှာ အ‌ဖြေမရှိဘူး။ အဲ့အတွက်‌ကြောင့် အားလုံးရဲ့ ‌တောင်းဆိုချက်နဲ့ ပိုပြီး‌တေ့ာ သဟဇာတ ဖြစ်‌စေမယ့် အ‌ဖြေကို ရှာဖို့လိုမယ်။ အဲ့ဒီအ‌ဖြေက‌တော့ အမျိုးသား ညီညွတ်‌ရေးအစိုးရ တစ်ရပ်ကို ဖွဲ့စည်းဖို့လိုတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အမျိုးသားညီညွတ်‌ရေး အစိုးရကို ဖွဲ့စည်းရာတွင်လည်း ‌ရွေး‌ကောက်ခြင်းမ‌ကောက်ခြင်းနှင့် မသက်ဆိုင်ဘဲ လက်ရှိ တိုက်ပွဲဝင်‌နေကြသည့် သပိတ်‌ခေါင်း‌ဆောင်များအပြင် NLD ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်၊ တိုင်းရင်း သားပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ စသည်ဖြင့် အတူတကွ လက်ခံနိုင်သူများပါဝင်၍ ဖွဲ့စည်းသွား မည်ဆိုပါက ပိုမိုနည်းလမ်းကျမည်ဖြစ်‌ကြောင်းလည်း ပဒို‌စောတာဒိုမူး က ဆက်‌ပြောသည်။

လတ်တ‌လော ဖြစ်‌ပေါ်‌နေသည့် ဆန့်ကျင်ဆန္ဒ‌ဖော်ထုတ်မှုများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ(EAOs) ၏ ပါဝင်လာ‌စေမှုနှင့်ပတ်သက်ပြီး လူမှုကွန်ရက်‌ပေါ်တွင် ‌ဝေဖန်မှုများရှိ‌နေသလို ပြည်‌ထောင်စုလွှတ်‌တော်ကိုယ်စား ပြု‌ကော်မတီ( CRPH)မှ စစ်‌ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်း‌နေအဖြင့် ‌ကြေညာလိုက်သည့်အ‌ပေါ် EAOs အဖွဲ့များ အ‌နေဖြင့် တစ်စုံတစ်ရာတုန့်ပြန်ရန်လည်း တိုက်တွန်း‌ပြောဆိုမှုများလည်းရှိ‌နေသည်။

သို့‌သော် စစ်‌ကောင်စီကို အကြမ်းဖက် အုပ်စုအ‌နေဖြင့် ‌ကြေညာလိုက်ခြင်းနှင့်ပတ်သက်၍လည်း CRPH အ‌နေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံဥပ‌ဒေ ‌ဘောင်အတွင်းမှ မိမိ၏ တရားဝင်မှုကိုသာ ဆက်လက် ကြိုးပမ်း ‌ဆောင်ရွက်‌နေ ခြင်းသာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ ‌ဘောင်က‌နေ ‌ကျော်လွန်၍ စဉ်းစားလုပ်‌ဆောင်သင့်ပြီးဖြစ်‌ကြောင်းနှင့် EAOs အ‌နေဖြင့်လည်း လက်ရှိပါဝင်သင့်သည့်ကဏ္ဍမှ ပါဝင်‌နေ‌ကြောင်းလည်း KNU က ဆိုသည်။

ထို့အပြင် အာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ် ‌နောက်ထပ် မ‌ပေါ်‌ပေါက်‌စေရန် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို အသစ်ပြန် လည်‌ရေးဆွဲသွားရန်လိုအပ်ပြီး ထိုသို့‌ရေးဆွဲရာတွင်လည်း အာဏာရှင်စနစ် ထပ်မံ မ‌ပေါ်‌ပေါက် ရန်အတွက် ဖက်ဒရယ်နိုင်ငံ ထူ‌ထောင်နိုင်မည့် ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေသာဖြစ်‌ကြောင်းလည်း KNU က ထပ်မံ တိုက်တွန်း‌ပြောဆိုခဲ့သည်။