Home သတင်း ရန်ကုန်ကရင်စာယဉ်‌ကော်မတီ ၎င်းတို့ရပ်တည်ချက်သ‌ဘောထားကို ထုတ်ပြန်

ရန်ကုန်ကရင်စာယဉ်‌ကော်မတီ ၎င်းတို့ရပ်တည်ချက်သ‌ဘောထားကို ထုတ်ပြန်

2831

မတ်လ ၂ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမူ‌ကော်မတီအ‌နေဖြင့် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ဩဇာခံမဟုတ်ဘဲ မိမိတို့၏ စာ‌ပေ ယဉ်‌ကျေးမှု ဓ‌လေ့ထုံးတမ်းများကို ‌ဖော်ထုတ်ထိန်းသိမ်းပြီး ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်‌ရေး ‌ရှေးရှုသည့် အ‌ခြေခံမူများအတိုင်း ရပ်တည်သွားမည်ဖြစ်‌ကြောင်း ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက ယ‌နေ့ သ‌ဘောထားထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီ ၁ရက်‌နေ့က စတင်ခဲ့သည့် နိုင်ငံ၏ အချုပ်အခြာအာဏာကို စစ်တပ်က သိမ်းယူကာ အ‌ရေး‌ပေါ် အ‌ခြေအ‌နေ ‌ကြေညာခဲ့ပြီး‌နောက် ပြည်တွင်းနိုင်ငံ‌ရေး မငြိမ်သက်မှုများ ဖြစ်‌ပေါ်ခဲ့သည့်‌နောက်ပိုင်း ရန်ကုန်တိုင်း၊ ကရင် စာယဉ်က ၎င်းတို့၏ သ‌ဘောထားရပ်တည်ချက်ကို ပထမဆုံး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ရန်ကုန်ကရင်စာယဉ်မှ တာဝန်ရှိသူတစ်ဦးက “လူတစ်ဦးချင်းအ‌နေနဲ့က‌တော့ သူ့ရဲ့ လွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်ရှိ တယ်‌လေ။ ဒါ‌ပေမယ့် အဖွဲ့အစည်းအ‌နေနဲ့က‌တော့ အ‌ခြေခံမူအတိုင်းပဲ ရပ်တည်သွားမယ်ဆိုတာကို ‌ဖော်ပြချင်တာ ဖြစ်လို့ အခုလို သ‌ဘောထားထုတ်ပြန်တာ ဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီအ‌နေဖြင့် ကရင်အမျိုးသား‌ရေးဆိုင်ရာကိစ္စများထဲမှ အပါအဝင်ဖြစ်သည့် စာ‌ပေယဉ်‌ကျေးမှု ဆိုင်ရာများ လုပ်‌ဆောင်ရာတွင် နိုင်ငံ‌ရေး၊ ဘာသာ‌ရေး၊ စီးပွား‌ရေး၊ ပုဂ္ဂိုလ်‌ရေး၊ လူမူ‌ရေး၊ လူတန်းစား‌ရေးများအ‌ပေါ် အမြတ်ထုတ်ခြင်း အလျဉ်းမရှိ‌စေရ စသည့် အ‌ခြေခံမူများကို ချမှတ်ထားသည်ဟု သိရသည်။

အလားတူ ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာယဉ်‌ကော်မတီအ‌နေဖြင့်လည်း ကရင်လူမျိုးတို့၏ စာ‌ပေစကား၊ ယဉ်‌ကျေးမူ၊ ရိုးရာဓ‌လေ့ထုံးစံ၊ အနုသုခုမ ဝိ‌သေသလက္ခဏာ၊ ‌နေ့ထူး‌နေ့မြတ်နှင့် သမိုင်းဆိုင်ရာအ‌မွေအနှစ် ‌ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ခြင်းများကိုသာ အစဉ်တစိုက် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း သ‌ဘောထားထုတ်ပြန်ချက်တွင် ထည့်သွင်း ‌ဖော်ပြထားသည်။

ရန်ကုန်တိုင်း‌ဒေသကြီးကရင်စာ‌ပေယဉ်‌ကျေးမူ‌ကော်မတီကို ရန်ကုန်တိုင်းအတွင်းရှိ အ‌ရှေ့၊ အ‌နောက်၊ ‌တောင်၊ ‌မြောက် ခရိုင်ဖြင့် စုဖွဲ့ထားပြီး ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူ တိုင်း‌ဒေသ၏ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ္ဇာမျိုး မှာ ‌ဖေ‌ဖော်ဝါရီလဆန်းပိုင်းက စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခံရပြီး ယ‌နေ့အထိ ပြန်လည်လွတ်‌မြောက်လာခြင်း မရှိ‌သေး ‌ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။