Home သတင်း နယ်အသီးသီးမှ KNDP ပါတီတာဝန်ရှိသူများ နုတ်ထွက်‌နေ

နယ်အသီးသီးမှ KNDP ပါတီတာဝန်ရှိသူများ နုတ်ထွက်‌နေ

2556

မတ် ၅ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်အ‌ခြေစိုက်‌ပေါင်းစည်းပါတီတစ်ခုဖြစ်သည့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP ၏ ခရိုင်၊ မြို့နယ် ဥက္ကဋ္ဌ၊ အတွင်း‌ရေးမှူးများ အပါအဝင် ပါတီဝင်များမှာ ယခုရက်ပိုင်းအတွင်း ပါတီမှအသီးသီး နုတ်ထွက် ‌နေ‌ကြောင်း သိရှိရသည်။

၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် KNDP ၏ ဖာပွန်မြို့နယ် လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းလည်းဖြစ် ဖားအံမြို့နယ် ပါတီဝင် တစ်ဦးလည်းဖြစ်ခဲ့သူ ‌စောခ‌နောင်ထွန့်(ခ)‌စောခင်‌မောင်‌အေးမှာ မတ်လ ၂ ရက် ‌နေ့စွဲဖြင့် ပါတီမှ တရားဝင် နုတ်ထွက်စာတင်ခဲ့‌ကြောင်း ‌ကေအိုင်စီသို့ ယ‌နေ့(မတ် ၅ ရက်)တွင် ‌ပြောသည်။

‌စောခ‌နောင်ထွန့်က “ကျ‌နော်တို့ သွားချင်တဲ့ လမ်း‌ကြောင်းနဲ့ နိုင်ငံ‌ရေးအ‌ပြောင်းအလဲဖြစ်‌ပေါ်တဲ့အချိန် သူတို့ (ပါတီဗဟိုအလုပ်အမှု‌ဆောင်)သွား‌နေတဲ့ လမ်း‌ကြောင်း ရည်ရွယ်ချက်ချင်းမတူလို့ ကျ‌နော့် ဆန္ဒနဲ့ ကျ‌နော် နုတ် ထွက်ရခြင်းဖြစ်ပါတယ်။ ပါတီနဲ့ တာဝန်ရှိလူကြီး‌တွေအ‌ပေါ် ပုဂ္ဂိုလ်‌ရေးအရ မလိုမုန်းထားတာ တစ်ခုမှမရှိပါဘူး။” ဟု ‌ပြောသည်။

အာဏာသိမ်းစစ်‌ကောင်စီမှ ဖွဲ့စည်းထားသည့် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်(UEC)နှင့် ‌ဖေ‌ဖော်ဝါရီ ၂၆ ရက်၌ သွား‌ရောက်‌တွေ့ဆုံခဲ့သည့် ပါတီများထဲတွင် KNDP ပါဝင်‌နေခြင်းသည် ပါတီဝင်များ နုတ်ထွက်ရခြင်း အ‌ကြောင်းရင်း ဖြစ်ခဲ့‌ကြောင်းလည်း သိရသည်။

KNDP ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့က စစ်‌ကောင်စီထံတွင် တိုင်းရင်းသားအ‌ရေးအားရနိုင်သည့်ဖက်မှ ယူရန် ဆန္ဒရှိ‌နေ‌သော်လည်း မိမိအ‌နေဖြင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးမှ လက်မခံသည့် စစ်‌ကောင်စီနှင့် ‌တွေ့ဆုံ ခဲ့သည့်ကိစ္စကို သ‌ဘောမ‌တွေ့‌ကြောင်းလည်း ‌စောခ‌နောင်ထွန့်က ဖြည့်စွက်‌ပြောသည်။

၂၀၂ဝ ‌ရွေး‌ကောက်ပွဲမတိုင်မီ ပါတီနာယကတစ်ဦးက ပါတီ၏ ဆန္ဒသ‌ဘောထားကို မခံယူဘဲ စစ်တပ်‌ခေါင်း ‌ဆောင်နှင့်သွား‌ရောက်‌တွေ့ဆုံခဲ့သည့်ကိစ္စရပ်များ၊ ပြည်သူလူထုနှင့် ပါတီဝင်များ၏ ဆန္ဒသ‌ဘောထားကို နား‌ထောင် လက်ခံ‌ပေးရန် အားနည်းခဲ့မှုများအ‌ပေါ်တွင်လည်း စိတ်ပျက်ခဲ့မိ‌ကြောင်း နုတ်ထွက် ပါတီဝင်များက ‌ပြောသည်။

‌ဖေ‌ဖော်ဝါရီ ၂၅ ရက်‌နေ့တွင် KNDP ၏ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဒုဥက္ကဋ္ဌ စ‌ကျော်စွာမှ မိမိဆန္ဒသ‌ဘောအရ နုတ်ထွက်စာတင်ခဲ့သလို မြဝတီမြို့နယ်၊ ဖလူး‌ကျေးရွာအုပ်စုမှ KNDP ပါတီဝင်များကလည်း ပါတီလူကြီးများ သည် မြို့နယ်၊ အုပ်စုများ၏ သ‌ဘောထားဆန္ဒအားမခံယူဘဲ UEC အသစ်အား သွား‌ရောက် ‌တွေ့ဆုံမည့် အစီအစဉ်ကို သိရှိသည့်အတွက် ပါတီဝင်အဖြစ်မှ နုတ်ထွက်‌ကြောင်း စာတင်ခဲ့ကြသည်။

‌ဖေ‌ဖော်ဝါရီ ၂၆ ရက်စွဲဖြင့် KNDP မြဝတီခရိုင်လူငယ်တာဝန်ခံ ‌စောသန်းနိုင် နုတ်ထွက်ခဲ့သလို ‌ဖေ‌ဖော်ဝါရီ ၂၈ ရက်စွဲဖြင့် KNDP မြဝတီခရိုင် ဥက္ကဋ္ဌ၊ အတွင်းအ‌ရေးမှူးများ အပါအဝင် တာဝန်ရှိသူ၊ ပါတီဝင်များ ၂၉၃ ဦး(အား လုံးနီးပါး) ကလည်း ထပ်မံ၍ နုတ်ထွက် စာတင်ခဲ့ကြ‌ကြောင်း သိရသည်။

ထို့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့မှ KNDP ပါတီဝင်များအ‌နေဖြင့်လည်း ပါတီမှ နုတ်ထွက်ရန် ပြင်ဆင်‌နေကြပြီး အခြားမြို့နယ်မှ ပါတီဝင်အချို့လည်း နုတ်ထွက်ရန် အလားအလာရှိ‌နေ‌ကြောင်း ဖားအံမြို့ နယ် KNDP ပါတီဝင်တစ်ဦးထံမှ သိရသည်။

ကရင်(၄)ပါတီ ရှိသည့်အနက် ကရင်အမျိုးသားပါတီ (KNP)မှလွဲ၍ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ က ရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP)၊ ကရင်ပြည်သူ့ပါတီ(KPP) တို့သည် အာဏာသိမ်း စစ်‌ကောင်စီ၏ UEC အား သွား‌ရောက်‌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။