Home သတင်း တစ်လ‌ကျော်ဖမ်းဆီးခံထားရသူ ရန်ကုန် ကရင်‌ရေးရာဝန်ကြီးသတင်း စုံစမ်းမရ၍ မိသားစုဝင်များစိုးရိမ်

တစ်လ‌ကျော်ဖမ်းဆီးခံထားရသူ ရန်ကုန် ကရင်‌ရေးရာဝန်ကြီးသတင်း စုံစမ်းမရ၍ မိသားစုဝင်များစိုးရိမ်

2028

မတ်လ ၇ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ရန်ကုန်တိုင်း‌ဒေသကြီး၏ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ္ဇာမျိုး ဖမ်းဆီးထိန်းသိမ်းခံရသည်မှာ တစ်လ ‌ကျော် ကြာမြင့်ပြီဖြစ်‌သော်လည်း သူမနှင့်ပတ်သက်၍ မည်သည့်သတင်းမျှ စုံစမ်းမရသည့်အတွက် မိသားစုဝင်များက စိုးရိမ်ပူပန်မိ‌ကြောင်း မိသားစုနှင့်နီးစပ်သူက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌နော်ပန်းသဉ္ဇာမျိုးကို ‌ဖေ‌ဖော်ဝါရီ ၁ရက်‌နေ့က သူမ‌နေထိုင်ရာ ဝန်ကြီးအိမ်ရာတွင် လာ‌ရောက်ဖမ်းဆီးကာ ထိန်းသိမ်းခံခဲ့ ရပြီး‌နောက် သုံးရက်‌မြောက်‌နေ့တွင် ၎င်း၏ အဝတ်အစားနှင့် အသုံးအ‌ဆောင်ပစ္စည်းအချို့ကို အာဏာပိုင်များက လာ‌ရောက်ယူ‌ဆောင်ခဲ့ပြီး ‌နောက်ပိုင်း ယ‌နေ့အထိ သတင်းစုံစမ်း၍ မရ‌တော့‌ကြောင်း မိသားစုဝင်တစ်ဦးက ‌ကေအိုင်စီ သို့ ‌ပြောသည်။

၎င်းက “၁ရက်‌နေ့ ‌ခေါ်သွားပြီးကတည်းက သူနဲ့ တိုက်ရိုက် အဆက်သွယ် မရ‌တော့ဘူး။ ၃ရက်‌နေ့မှာ သူ့အဝတ်အစား၊ အသုံးအ‌ဆောင်နဲ့ စားစရာအချို့ကို ဗိုလ်ကြီးတစ်‌ယောက်က လာယူပြီး‌နောက်ပိုင်း ဘာမှမသိရ‌တော့ဘူး။ နီးစပ်ရာ စုံစမ်း‌တော့လည်း ဘယ်မှာထားလဲ၊ ဘယ်‌နေရာမှာရှိလဲ အခုထိ ဘာတစ်ခုမှ မသိရ‌သေးဘူး။”ဟု ‌ပြောသည်။

ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းက အင်းစိန်‌ထောင်သို့ သွား‌ရောက်စုံစမ်းခဲ့ရာ ၎င်း‌နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားခြင်း မရှိ‌ကြောင်းသာ သိရှိရသည့်အတွက် သူမ၏ကျန်းမာ‌ရေးအတွက်လည်း စိုးရိမ်ပူပန်မိ‌ကြောင်း မိသားစုဝင်များက ‌ပြော သည်။

‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့တွင် မွန်ပြည်နယ်နှင့် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနသင်္ာရီတိုင်း‌ဒေသများမှ ကရင်တိုင်းရင်းသား ‌ရေးရာဝန်ကြီးများကို တစ်ပြိုင်နက်တည်း ‌ခေါ်ယူထိန်းသိမ်းခံခဲ့ကြ‌သော်လည်း ‌နော်ပန်းသဉ္ဇာမျိုးမှလွဲ၍ အခြားကရင် ‌ရေးရာဝန်ကြီးများမှာ ပြန်လည်လွတ်‌မြောက်ပြီဖြစ်ပြီး ၎င်းတို့မှာ ‌နေအိမ်အကျယ်ချုပ်များဖြင့် ‌နေထိုင်ကြရသည်ဟု သိရသည်။