Home သတင်း စစ်အာဏာရှင် ဆန့်ကျင်‌ရေးဆန္ဒပြမှု KNU နယ်‌မြေတွင်း စု‌ပေါင်းသပိတ်များထွက်လာ၊ ဆန္ဒပြသူများကို KNLA တပ်ဖွဲ့ဝင်များ ဝန်းရံ

စစ်အာဏာရှင် ဆန့်ကျင်‌ရေးဆန္ဒပြမှု KNU နယ်‌မြေတွင်း စု‌ပေါင်းသပိတ်များထွက်လာ၊ ဆန္ဒပြသူများကို KNLA တပ်ဖွဲ့ဝင်များ ဝန်းရံ

3256

မတ် ၅ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်မျိုးသားအစည်းအရုံး နယ်‌မြေများဖြစ်သည့် ဖားအံခရိုင် (တပ်မဟာ-၇)၊ နှင့် မူ‌တြော်(ဖာပွန်)ခရိုင် (တပ်မဟာ -၅) နယ်‌မြေမှ သိန်းနှင့်ချီ‌သော ‌ဒေသခံ‌ကျေးရွာသူ ရွာသားများစု‌ပေါင်း၍ နီးစပ်ရာ‌ကျေးရွာများတွင် စု‌ပေါင်းသပိတ်များဖြင့် ယ‌နေ့ (မတ်လ ၅ရက်) တွင် အသီးသီးချီတက်ဆန္ဒ‌ဖော်ထုတ်မှုများပြုလုပ်‌နေကြ‌ကြောင်း သိရသည်။

KNU ဖားအံခရိုင်၏ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့နယ်၊ ‌ကောကရိတ်-နဘူး‌ဒေသမှ ‌သောင်းနှင့်ချီ‌သော ‌ဒေသခံ ပြည်သူများ၊ ကရင်လူငယ်များမှ အ‌ထွေ‌ထွေသပိတ်စစ်‌ကြောင်းများဖွင့်၍ နီးစပ်‌ကျေးရွာချင်းဆက်လမ်းမများ‌ပေါ်တွင် ‌ကြွေး‌ကြော် ချီတက် ဆန္ဒ‌ဖော်ထုတ်ခဲ့ကြသည်။

၎င်းဆန္ဒ‌ဖော်ထုတ်ပွဲတွင် ပါဝင်သူကရင်လူငယ်တစ်ဦးက“ဒီစစ်အာဏာရှင်က ကျ‌နော်တို့ ပြည်သူ‌တွေကို အနိုင်ကျင့်တဲ့ သူ‌တွေပဲ။ အာ့‌ကြောင့် လူငယ်တစ်‌ယောက်အ‌နေနဲ့အများအတွက် လာ‌ရောက်ပူး‌ပေါင်းပါဝင် ဆန္ဒ‌ဖော်ထုတ်တယ်။ ဘာ‌ကြောင့်လဲဆို‌တော့ စစ်အာဏာရှင်‌တွေက ကျ‌နော်တို့ပြည်သူ‌တွေကို ဖျက်ဆီးလာခဲ့တာ ဆယ်စုနှစ်‌ပေါင်းများစွာရှိ‌နေပြီးမိုလို့ပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖားအံခရိုင်တွင် ယ‌နေ့တစ်ရက်ထဲတွင် ၄ ‌နေရာခွဲ၍ သပိတ်စစ်‌ကြောင်းများ ထွက်‌ပေါ်လာခဲ့ပြီး ‌သောင်းနှင့်ချီသည့် ‌ဒေသခံ များမှစစ်အာဏာရှင်ချုပ်ငြိမ်း‌ရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံရသူများ လွတ်‌မြောက်‌ရေး၊ ဒီမိုက‌ရေစီရရှိ‌ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်း‌ရေး၊ ဒီမိုက‌ရေစီ ဖက်ဒရယ် ပြည်‌ထောင်စု ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေတစ်ရပ် ‌ပေါ်‌ပေါက်‌ရေးနှင့် ဘဝတူတိုင်းရင်းသားများ ညီညွတ်‌ရေးဟူ၍ ‌ကြွေး‌ကြော် ဆန္ဒ‌ဖော်ထုတ်ခဲ့ကြပြီး ၎င်းပြည်သူများကိုလည်း သက်ဆိုင်ရာ KNU၏ လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များမှ လမ်းတစ်‌လျှောက် လုံခြုံ‌ရေး ယူ‌ပေးခဲ့ကြသည်။

အလားတူ မူ‌တြော်(ဖာပွန်)ခရိုင် ဒွယ်လိုးမြို့နယ် နှင့် ဘူးသို့မြို့နယ်မှ ‌ကျေးရွာ ၁၃ ရွာရှိ ‌ဒေသခံ နှစ်‌သောင်း‌ကျော်သည် ဖာပွန်-ကမ‌မောင်းလမ်းမ‌ပေါ်တွင် ယ‌နေ့ စစ်အာဏာရှင် စနစ်ကျရှုံး‌ရေးနှင့် စစ်တပ်စခန်းရုပ်သိမ်း‌ရေးအတွက်လည်း ချီတက်ဆန္ဒ‌ဖော်ထုတ်ခဲ့ကြသည်။

ထိုသို့ဆန္ဒပြရာတွင် မဟာလူမျိုးကြီးဝါဒနှင့်စစ်အာဏာရှင်စနစ်ကျရှုံးရန်၊ ဖမ်းဆီးထားသည့်‌ခေါင်း‌ဆောင်များ အား လုံးပြန်လွှတ်‌ပေးရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေဖျက်သိမ်းရန်၊ ဖက်ဒရယ်ဒီမိုက ‌ရေစီနှင့်ကိုယ်ပိုင်ပြဌာန်း ခွင့်ရရှိရန် ၊ ‌ဒေသအတွင်းတပ်စခန်းအားလုံးရုပ်သိမ်း‌ပေးရန်၊ကမာ္ဘ့ ကုလသမဂ္ဂ အ‌နေဖြင့် တရားမဝင်စစ်‌ကောင်စီ နှင့် ပူး‌ပေါင်း ‌ဆောင်ရွက်မှုမပြုရန်စသည့် အချက်များကို ‌တောင်းဆိုခဲ့ကြသည်။

အလားတူ ပြီးခဲ့သည့် ရက်များတွင်လည်း KNU တပ်မဟာ(၆)၊ ဒူပလာယာခရိုင် ၊ တပ်မဟာ(၂) ‌တောင်ငူခရိုင် နှင့် တပ်မဟာ(၃) ‌ညောင်‌လေးပင် ခရိုင်ရှိ ‌ဒေသခံများမှလည်း စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒ‌ဖော်ထုတ်မှုများ ပြုလုပ်ခဲ့ ကြ‌သေးသည်။ ထို့အတူ ယ‌နေ့တွင်လည်း ဖားအံမြို့နယ်၊ ဇွဲကပင် ‌တောင်‌ခြေ ဒုံရင်း ‌ဒေသခံပြည်သူများ နှင့်ကရင်လူငယ်များစု‌ပေါင်း၍ ချီတက်ဆန္ဒ‌ဖော်ထုတ်ခဲ့ကြသည်။