Home သတင်း “စစ်သားနှင့်ရဲများ” ဆန္ဒပြပြည်သူများကို ‌နှောက်ယှက်‌ခြောက်လှန့်ပါက ကာကွယ်‌ပေးရန် တာဝန်ရှိ‌ကြောင်း KNU ‌ပြောဆို

“စစ်သားနှင့်ရဲများ” ဆန္ဒပြပြည်သူများကို ‌နှောက်ယှက်‌ခြောက်လှန့်ပါက ကာကွယ်‌ပေးရန် တာဝန်ရှိ‌ကြောင်း KNU ‌ပြောဆို

4855

မတ်လ ၅ ရက်၊ ၂၀၂၁ခုနှစ် ။ ‌ကေအိုင်စီ

ငြိမ်းချမ်းစွာ ဆန္ဒပြမှုအ‌ပေါ် အာဏာသိမ်းစစ်‌ကောင်စီ၏ စစ်သားနှင့်ရဲတပ်ဖွဲ့၏ လက် ‌အောက်ခံ လက်နက်ကိုင်‌ဆောင် ထားသူများက ‌နှောက်ယှက်‌ခြောက်လှန့်ခြင်း တစုံတရာရှိ မည်ဆိုပါက ၎င်းတို့အ‌နေဖြင့် ခုခံကာကွယ်‌ပေးရန် တာဝန်ရှိ သည်ဟု ‌ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး၊ မူ‌တြော်ခရိုင် တပ်မဟာ-၅ က ယ‌နေ့ ထုတ်ပြန်‌ကြေညာလိုက်သည်။

“ပြည်သူလူထုများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအ‌ပေါ် ‌နှောင့်ယှက်‌ခြောက်လှန့်ခြင်း တစုံတရာ ရှိလာခဲ့မည်ဆိုပါက ကျွန်ုပ် တို့၏ အုပ်ချုပ်‌ရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့တို့မှ ကရင်ပြည်သူလူထုအားလုံးတို့နှင့်အတူ မြန်မာပြည်တွင်းရှိ နိုင်ငံသား အားလုံးတို့အတွက် ခုခံကာကွယ်‌ပေးရန် တာဝန်ရှိပါသည်”ဟု ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

‌ကေအဲန်ယူဘက်က ယခုကဲ့သို့ ထုတ်‌ဖော်‌ပြောဆိုလာ‌သော်ငြားလည်း ၎င်းတို့အုပ်ချုပ်‌ရေး လက်လှမ်းမမီသည့် တိုင်းနှင့် ပြည်နယ်အချို့တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက်နှိမ်နှင်းမှု‌ကြောင့် ထိခိုက်‌သေဆုံးခဲ့သူများရှိ‌နေပြီ ဖြစ်သည်။

ထို့အပြင် အာဏာဖီဆန်‌ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှု(CDM)သည် မှန်ကန်သည့်အတွက်‌ကြောင့် မြို့‌နေဆန္ဒပြ ‌သော ပြည်သူလူထုများအား တွန်းအားဖြစ်‌စေရန် ‌ကေအဲန်ယူနယ်‌မြေအတွင်း ‌နေထိုင်ကြ‌သော ‌ဒေသခံပြည်သူလူထု လည်း ဆန္ဒထုတ် ‌ဖော်ခဲ့သလို လိုအပ်ပါက တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဝိုင်းဝန်းကူညီ‌ပေးကြရန် လိုအပ်‌ကြောင်းလည်း ‌ကေအဲန်ယူ၊ မူ‌တြော်(ဖာပွန်)ခရိုင်(တပ်မဟာ-၅)က ‌ပြောသည်။

ဗမာစစ်တပ်၏ မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်သည် တိုင်းရင်းသား လူနည်းစုများအတွက် ကြီးမားသည့် အခက်အခဲကို ဖြစ်‌စေ‌သော‌ကြောင့် နိုင်ငံအတွင်းရှိ ပြည်သူလူထုများ၊ တိုင်းရင်းသားများနှင့် နိုင်ငံတကာက အတူတကွ လက်တွဲကာ မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်အား အမြစ်ပြတ် သုတ်သင်ရှင်းလင်းရန်လည်း ‌ကေအဲန်ယူ မူ‌တြော်ခရိုင်၏ ထုတ်ပြန်‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှု ၃၃ ရက်‌မြောက် ယ‌နေ့တွင် ရန်ကုန်မြို့ အပါအဝင် ပြည်နယ်နှင့်တိုင်း ‌တော်‌တော်များများ၌ စစ်အာဏာရှင်စနစ် ကျရှုံး‌ရေးအတွက် ဆန္ဒထုတ်‌ဖော်မှုများ လုပ်‌ဆောင် သကဲ့သို့ ‌ကေအဲန်ယူ မူ‌တြော်(ဖာပွန်)ခရိုင်ရှိ ဘူးသိုနှင့် ဒွယ်လိုးမြို့နယ်ရှိ ‌ကျေးရွာအုပ်စု ၁၂အုပ်စုမှ ‌ဒေသခံ နှစ်‌သောင်းခန့်မှာလည်း နံနက် ၈နာရီမှ ည‌နေ ၄နာရီအထိ ဖာပွန် နှင့် ကမ‌မောင်းမြို့ကြားရှိ လမ်းမကြီးတစ်‌လျှောက် စု‌ဝေးကာ လမ်း‌လျှောက်ဆန္ဒ‌ဖော်ထုတ်ခဲ့ကြသည်။

ယ‌နေ့ ဆန္ဒထုတ်‌ဖော်မှုတွင် မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ကျရှုံးရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ဖျက် သိမ်းရန်၊ ဖက်ဒရယ်ဒီမိုက‌ရေစီဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ‌ပေါ်‌ပေါက်ရန်၊ တန်းတူညီမျှမှုရှိရန်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိ‌စေ ရန်၊ ကမာ္ဘ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအ‌နေဖြင့် အာဏာသိမ်းစစ်တပ်နှင့် ပူး‌ပေါင်း‌ဆောင်ရွက်မှုမပြုရန်၊ မိမိ‌ဒေသ တွင်းရှိ ဗမာစစ်တပ်စခန်းများ ရုပ်သိမ်းရန်နှင့် ဖမ်းဆီးထား‌သော အဲန်အယ်လ်ဒီ‌ခေါင်း‌ဆောင်များနှင့် ဆန္ဒပြပြည်သူလူ ထုများအား ပြန်လွှတ်‌ပေးရန် စသည့်အချက် ၇ချက်ကို အဓိက ‌တောင်းဆိုခဲ့ကြသည်။

ယင်း‌ဒေသတွင် လမ်း‌လျှောက်ကာ ဆန္ဒထုတ်‌ဖော်ကြသူများကို စစ်တပ်၏ တပ်ရင်း(၄၃၄)က တားဆီးဟန့်တားမှုရှိ သည့်အတွက် တစ်နာရီ‌ကျော် ကြန့်ကြာခဲ့‌သော်လည်း ‌ကေအဲန်ယူဘက်က ဝင်‌ရောက်ညှိနှိုင်း‌ပြောဆိုမှုများ‌ကြောင့် ရွာသူရွာသားများမှာ ဆန္ဒထုတ်‌ဖော်ပွဲကို ပြီးဆုံး‌အောင် ‌ဆောင်ရွက်နိုင်ခဲ့သည်။

ပြည်နယ်နှင့်တိုင်းအချို့တွင် ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်‌ရေးဆန္ဒပြမှုအတွင်း စစ်‌ကောင်စီ၏ လက်‌အောက်ခံ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့၏ အကြမ်းဖက်ပစ်ခတ်နှိမ်နင်း မှု‌ကြောင့် ‌ဖေ‌ဖေါ်ဝါရီ ၁ ရက်မှ မတ်လ ၄ရက်‌နေ့အထိ ဆန္ဒပြသူ စုစု‌ပေါင်း (၅၀)ဦး‌ကျော်‌သေ ဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ ၁၅၀၇ ဦးရှိသည်ဟု နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ‌စောင့်‌ရှောက် ‌ရေးအသင်း-AAPP က ထုတ်ပြန်ထားသည်။