Home သတင်း ကျုံဒိုးမြို့ ရဲစခန်း‌ရှေ့ ဆန္ဒထုတ်‌ဖော်သူများကို ပစ်ခတ်ဖြိုခွင်းခံရပြီး ၁၈ ဦးဒဏ်ရာရကာ ၂ ဦး ဖမ်းဆီးခံရ

ကျုံဒိုးမြို့ ရဲစခန်း‌ရှေ့ ဆန္ဒထုတ်‌ဖော်သူများကို ပစ်ခတ်ဖြိုခွင်းခံရပြီး ၁၈ ဦးဒဏ်ရာရကာ ၂ ဦး ဖမ်းဆီးခံရ

2445

မတ် ၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် ယမန်‌နေ့ မတ်လ ၂ ရက်‌နေ့ည၌ ဆန္ဒထုတ်‌ဖော်သည့် မြို့ခံလူထုများကို ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖြိုခွင်းခဲ့ရာ မျက်လုံးထိမှန်ခဲ့သည့် အမျိုးသမီးတစ်ဦးအပါအဝင် ၁၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦး ဖမ်းဆီးခံထားရ‌ကြောင်း မြို့ခံများက ‌ကေအိုင်စီသို့‌ပြောသည်။

စစ်အာဏာရှင် ဆန့်ကျင်‌ရေး သံပုံးတီးသည့်အစီအစဉ် ဦး‌ဆောင်သူ ကို‌ကျော်(ခ) င‌ကျော်အား ယမန်‌နေ့ည ၁ဝ နာ ရီခန့်တွင် ရဲမှဖမ်းဆီးလိုက်ခြင်းကို မ‌ကျေနပ်သည့် မြို့ခံများက ဆန္ဒထွက်ပြရာမှ အကြမ်းဖက် ပစ်ခတ်ခံရခြင်း ဖြစ်‌ကြောင်း ဆန္ဒပြမှုတွင် ပါဝင်သူ ‌စောရှားမူ‌ထောင်းက ‌ပြောသည်။

၎င်းက “ကို‌ကျော်ကို ဖမ်း‌တော့ အိမ်နီးနားချင်း‌တွေက သံပုံးတီးတယ်။ သံပုံးသံကြားလို့ လူထု‌တွေ ထွက်လာ ပြီး ကို‌ကျော်လွတ်‌မြောက်‌ရေးအတွက် ရဲစခန်းမှာ သွား‌ရောက် ဆန္ဒထုတ်‌ဖော်ရာက‌နေ အခုလို ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။” ဟု ယ‌နေ့(မတ် ၃ ရက်)တွင်‌ပြောသည်။

ယမန်‌နေ့ည ၁၁ နာရီဝန်းကျင်တွင် ရဲမှ ‌သေနတ်ကျည်ဆံအစစ်များဖြင့် မိုး‌ပေါ်‌ထောင်ပစ်အပြီး မျက်ရည်ယိုဗုံး နှင့် ရာဘာကျည်များဖြင့် ဆန္ဒထုတ်‌ဖော်သူများကို ပစ်ခတ်ခဲ့ပြီး‌နောက် ဆန္ဒပြသူများ၏ ကျန်ရှိ‌သော ဆိုင်ကယ် အစီး ၃ဝ ‌ကျော်ကိုလည်း စခန်းထဲသို့ သယ်ယူသွား‌ကြောင်း အခင်းဖြစ်ပွားရာ ‌နေရာတွင်ရှိ‌နေသည့် ‌စောအဲဖလုံ ထံမှ သိရသည်။

ထို့အပြင် ပစ်ခတ်မှုအပြီး ကျည်ဒဏ်ရာ‌ကြောင့် မ‌ပြေးနိုင်သည့် ‌ဂျောက်ဂျက်ဆိုသူ အမျိုးသားတစ်ဦးကို လည်း ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးလိုက်သဖြင့် ကို‌ကျော်အပါအဝင် ၂ ဦး အဖမ်းခံခဲ့ရ‌ကြောင်း ဖမ်းဆီး၊ ဒဏ်ရာရစာရင်းပြုစု ထားသူ ‌စောအဲဖလုံက ‌ပြောသည်။

ပစ်ခတ်မှုအတွင်း မျက်လုံးအ‌ခြေအ‌နေစိုးရိမ်ရသည့် နန်းမိ‌အေးကို လက်ရှိအချိန်၌ မွန်ပြည်နယ်၊ ‌မော်လမြိုင် ‌ဆေးရုံသို့ ပို့‌ဆောင်ထားပြီး ကျန် ၁၇ ဦးမှာ ပါး၊ ‌ခြေ‌ထောက်၊ လက်၊ ရင်ဘတ်များတွင် ရာဘာကျည်ဒဏ်ရာ အသီးသီး ရရှိခဲ့သည်ဟု သိရသည်။

‌ဖေ‌ဖော်ဝါရီ ၁ ရက်‌နေ့၌ စစ်တပ် အာဏာသိမ်းယူပြီး‌နောက် ကျိုဒုံးမြို့တွင် ပြည်သူများအား ယခုလို အကြမ်းဖက် ပစ်ခတ် ဖြိုခွဲမှုမှာ ပထမဦးဆုံးအကြိမ်ဖြစ်‌ကြောင်းလည်း ယမန်‌နေ့ညဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ‌စောရှားမူ‌ထောင်းက ‌ပြောဆိုသည်။