Home သတင်း KNDP ပါတီဝင်အချို့ ပါတီမှ နုတ်ထွက်

KNDP ပါတီဝင်အချို့ ပါတီမှ နုတ်ထွက်

2549

‌ဖေ‌ဖော်ဝါရီ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်အ‌ခြေစိုက်‌ပေါင်းစည်းပါတီတစ်ခုဖြစ်သည့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP ၏ မြို့ နယ် ဒုဥက္ကဋ္ဌအပါအဝင် ပါတီဝင်အချို့မှာ ယခုရက်ပိုင်းအတွင်း ပါတီမှ နုတ်ထွက်‌နေ‌ကြောင်း ‌ကေအိုင်စီမှ စုံစမ်း သိရှိရသည်။

KNDP ၏ ကြာအင်းဆိပ်ကြီးမြို့နယ် ဒုဥက္ကဋ္ဌဖြစ်သူ စ‌ကျော်စွာမှာ ‌ဖေ‌ဖော်ဝါရီ ၂၅ ရက် ‌နေ့စွဲဖြင့် ပါတီမှ တရားဝင်နုတ်ထွက်စာတင်ခဲ့‌ကြောင်း ‌ကေအိုင်စီသို့ ယ‌နေ့(‌ဖေ ‌ဖော်ဝါရီ ၂၆ ရက်)တွင် ‌ပြောသည်။

“နုတ်ထွက်ရတဲ့အ‌ကြောင်းအရင်းက‌တော့ ‌ထွေ‌ထွေထူးထူးမရှိပါဘူး။ ကိုယ့်သ‌ဘောနဲ့ကိုယ် ပါတီထဲ က‌နေ မလုပ်နိုင်‌တော့လို့ နုတ်ထွက်ရတာပါပဲ။ ဘယ်သူတစ်ဦးတစ်‌ယောက်နဲ့မှ မဆိုင်ဘူး။ ကျ‌နော်ရဲ့ ဆုံးဖြတ် ချက်ပဲဖြစ်တယ်။ ကျန်တဲ့ပါတီဝင်‌တွေက‌တော့ သူသ‌ဘောနဲ့သူပဲ သွားလိမ့်ပါမယ်။” ဟု စ‌ကျော်စွာက ‌ပြောသည်။

စစ်‌ကောင်စီမှ ဖွဲ့စည်းထားသည့် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်(UEC)သစ်နှင့် ‌ဖေ‌ဖော်ဝါရီ ၂၆ ရက်၌ သွား‌ရောက်‌တွေ့ဆုံသည့် ပါတီများထဲတွင် KNDP ပါဝင်‌နေခြင်းအတွက် နုတ်ထွက်ရခြင်း အ‌ကြောင်း အရင်း တစ်ချက်အဖြစ်လည်း ပါဝင်‌ကြောင်း စ‌ကျော်စွာက ယခုလိုဆက်‌ပြောသည်။

“အဲဒီသ‌ဘော‌တော့လည်း ပါတာ‌ပေါ့‌လေ။ ပါတီဗဟိုအဖွဲ့က မဲခွဲဆုံးဖြတ်ပြီး သွား‌တွေ့ကြတာကိုး။ ပါတီ မြို့နယ် အလုပ်အမှု‌ဆောင်‌တွေရဲ့ သ‌ဘောထားလည်းမပါဘူး။ ပြည်သူ‌တွေရဲ့ ဆန္ဒလည်းမပါဘူး။ ညှိနှိုင်း‌ဆောင်ရွက်မှု မရှိဘဲနဲ့ သွားတဲ့အ‌နေအထား‌တော့ ‌တွေ့ရတာ‌ပေါ့။” ဟု ‌ပြောသည်။

သို့‌သော် KNDP ဗဟို‌ကော်မတီဝင်များမှ ဆုံးဖြတ်ပြီး UEC နှင့် သွား‌ရောက်‌တွေ့ဆုံခြင်းမှ ရရှိလာမည့် အကျိုး ရလဒ်ကို ‌စောင့်ကြည့်ရမည့်အ‌နေအထားသာ ဖြစ်ပြီး မြို့နယ်အလုပ်အမှု‌ဆောင် ပါတီဝင်‌ဟောင်း တစ် ဦးအ‌နေဖြင့် ‌ဝေဖန်မှတ်ချက်‌ပေးရန် မလိုအပ်‌ကြောင်းလည်း စ‌ကျော်စွာက ဖြည့်စွက်‌ပြောသည်။

စ‌ကျော်စွာသည် ၂၀၂ဝ ခုနှစ်၊ ပါတီစုံဒီမိုက‌ရေစီအ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ၌ ပြည်နယ်လွှတ်‌တော်၊ ကြာ အင်းဆိပ် ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)တွင် ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက် NLD ပါတီကိုယ်စား လှယ်ကို မဲရှုံးခဲ့‌သော်လည်း မဲရရှိမှု ဒုတိယ အများဆုံး‌နေရာတွင် ရပ်တည်ခဲ့သူ ဖြစ်သည်။

ထို့အပြင် KNDP ပါတီလူကြီးများသည် မြို့နယ်၊ အုပ်စုများ၏ သ‌ဘောထားဆန္ဒအားမခံယူဘဲ UEC အား သွား ‌ရောက်‌တွေ့ဆုံမည့်အစီအစဉ်ကို သိရှိသည့်အတွက် ပါတီဝင်အဖြစ်မှ နုတ်ထွက်‌ကြောင်း ‌ဖေ‌ဖော်ဝါရီ ၂၅ ရက် စွဲဖြင့် မြဝတီမြို့နယ်၊ ဖလူးအုပ်စုမှ KNDP ပါတီဝင်များကလည်း နုတ်ထွက်စာ တင်ခဲ့ကြသည်။

ကရင်(၄)ပါတီ ရှိသည့်အနက် ကရင်အမျိုးသားပါတီ (KNP)မှ လွဲ၍ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ် ပါတီ(PSDP)၊ ကရင်အမျိုးသား ဒီမိုကရက် တစ်ပါတီ(KNDP)၊ ကရင်ပြည်သူ့ပါတီ(KPP) တို့သည် စစ်‌ကောင်စီ၏ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သစ်အား သွား‌ရောက် ‌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။