Home အယ်ဒီတာ့အာဘော် ငြိမ်းချမ်းလိုက နည်းလမ်း‌ဟောင်းကို စွန့်လွှတ်ပါ (အယ်ဒီတာ့အာ‌ဘော်)

ငြိမ်းချမ်းလိုက နည်းလမ်း‌ဟောင်းကို စွန့်လွှတ်ပါ (အယ်ဒီတာ့အာ‌ဘော်)

2222

(အယ်ဒီတာ့အာ‌ဘော်)

နှစ်သစ်ရဲ့ ဒုတိယလ ‌ဖေ‌ဖော်ဝါရီ (၁)ရက် မနက်ခင်း ကြီးမားသည့်သတင်းဆိုးတစ်ခု ပြည်သူများအတွက် ‌ရောက်ရှိလာ သည်။ နိုင်ငံ‌တော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သမ္မတ၊ အစိုးရဝန်ကြီးများ၊ လွှတ်‌တော်ကိုယ်စားလှယ်များနှင့် တက်ကြွလှုပ်ရှား သူအချို့ကို မြန်မာစစ်တပ်က ထိန်းသိမ်းလိုက်သည့်သတင်းပင်။ ဤ‌နေ့မတိုင်ခင် တစ်ပတ်အလိုကပင် စစ်အာဏာ သိမ်းမသိမ်း ‌ဝေဖန်သုံးသပ်မှုများ၊ စိုးရိမ်မှုများ ဖြစ်‌ပေါ်ခဲ့‌သော်လည်း ယခုမူ လက်‌တွေ့ဖြစ်လာ‌ပေပြီ။

ယင်းသို့ ထိန်းသိမ်းခဲ့ပြီးချိန်‌နောက်ပိုင်း ဆက်သွယ်‌ရေးလိုင်းများ ‌ခေတ္တပြတ်‌တောက်သွားခြင်း‌ကြောင့် မြန်မာ့ရုပ်မြင်သံ ကြားနှင့် မြန်မာ့အသံ ‌ရေဒီယို အစီအစဉ်များ ပုံမှန် ထုတ်လွှင့်နိုင်မှု မရှိ‌သေး‌ကြောင်းပင် အစီရင်ခံ တင်ပြထားသည်အ ထိ ဖြစ်ရှိခဲ့သလို သတင်းဌာနကြီးများ၏ သတင်းဦးများကလည်း ဆက်တိုက် ထွက်ရှိလာခဲ့သည်။ သို့‌သော် မြဝတီရုပ် သံလွှင့်ဌာန၏ မနက် ၈နာရီသတင်း၌လည်း‌ကောင်း၊ တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ်ရုံး၏ ‌ကြေညာချက်အမှတ် (၁/ ၂၀၂၁)တွင် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ၏ ပုဒ်မ(၄၁၇)အရ နိုင်ငံတစ်ဝှမ်းလုံး အ‌ရေး‌ပေါ် အ‌ခြေအ‌နေကို ထုတ်ပြန်‌ကြေညာ လိုက်သည်။

အ‌ကြောင်းရင်းမှာ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ မဲရလဒ်ကွာခြားမှုအ‌ပေါ် ‌ဖြေရှင်း‌ဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ဒုတိယအ ကြိမ် ပြည်‌ထောင်စုလွှတ်‌တော် အထူး အစည်းအ‌ဝေးကို ‌ခေါ်ယူမ‌ဖြေရှင်း‌ပေးခြင်း၊ အမျိုးသားကာကွယ်‌ရေးနှင့် လုံခြုံ ‌ရေး‌ကောင်စီ အစည်းအ‌ဝေး‌ခေါ်ယူ‌ပေးရန် တင်ပြမှုနှစ်ကြိမ်ကို နိုင်ငံ‌တော် သမ္မတက ငြင်းပယ်ခဲ့ခြင်း‌ကြောင့်ဟု ‌ပြောဆို ထားသည်။ ထို့အပြင် နိုင်ငံ‌တော်သမ္မတ အိမ်‌တော်၌ ယ‌နေ့မနက်ပိုင်း၌ပင် နိုင်ငံ‌တော်ယာယီ သမ္မတအဖြစ် ဦးမြင့်‌ဆွေ၊ ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အပါအဝင် နိုင်ငံ‌တော်၏ အမျိုးသားကာကွယ် ‌ရေးနှင့် လုံခြုံ‌ရေး‌ကောင်စီ အစည်းအ‌ဝေးကို ကျင်းပပြုလုပ်‌ကြောင်းလည်း တပ်မ‌တော်သတင်းမှန်ပြန်ကြား‌ရေးအဖွဲ့က မွန်းလွှဲပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

“နှစ်သစ်ကို စစ်‌ရေးနှင့်ကြိုမလား၊ ငြိမ်းချမ်း‌ရေးနှင့် ကြိုမလား” ဆိုသည့် ကရင်လူငယ်များ၏ မကြာ‌သေးခင်က လှုပ် ရှားမှုတစ်ခု၏‌ခေါင်းစဉ်ကဲ့သို့ တပ်မ‌တော်နှင့် နိုင်ငံ‌တော်တာဝန်ရှိသူများသည် ပြည်သူလူထု အထိတ်တလန့် မဖြစ်‌စေ ရန်၊ နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းလမ်းဖြင့် ‌ဖြေရှင်း‌ဆောင်ရွက်ကြ‌စေချင်သည်။ အဘယ်‌ကြောင့်ဆို‌သော် ကိုဗစ် ကပ်‌ရောဂါကာလ မကင်းစင်‌သေးခြင်း၊ ကာကွယ်‌ဆေးများ နိုင်ငံအတွင်း ‌ရောက်ရှိလာ‌သော်လည်း လူတိုင်း တစ်‌ပြေးညီ ကုသမှု မခံယူပြီး‌သေးခြင်း၊ ၂၀၂၁ခု နှစ်အစ ‌ကေအဲန်ယူနှင့် မြန်မာစစ်တပ်တို့အကြား ဖြစ်ပွားခဲ့ကြသည့် တစ်‌ကျော့ပြန် တိုက်ပွဲများ‌ကြောင့် ကရင်ပြည်နယ်၊ ဖာပွန်နှင့် ပဲခူးတိုင်း‌ဒေသကြီး၊ ‌ကျောက်ကြီးမြို့နယ်များတွင် လူထု‌ထောင်ချီ၍ ‌တော‌တောင်များ၌ ပင်ပမ်းဆင်းရဲစွာ စစ်‌ဘေး‌ရှောင်‌နေရခြင်း၊ လက်နက်ကြီး‌ကြောင့် က‌လေးငယ်တစ်ဦး ဦး‌ခေါင်းဒဏ် ရာရခဲ့ပြီး ပြည်သူများ အပြစ်မဲ့ ပစ်သတ်ခံရသည့် သတင်းများသာ ကြားသိ‌နေရသည်။

ယခုလို ပဋိပက္ခဖြစ်ရပ်များက တိုင်းသိပြည်သိသာမက ကမာ္ဘသိဖြစ်ရာ ပြဿနာများကို အပြန်အလှန် အပြစ်ဖို့ကာ NCA ကို လိုသလို အဓိပ္ပါယ်ဖွင့် လုပ်‌ဆောင်‌နေခြင်းများမှာ မဖြစ်သင့်‌ပေ။ တရားဝင် အပစ်ရပ်စာချုပ် လက်မှတ်ထိုးခဲ့ သည့် ၆နှစ်တာအတွင်းသို့ နှစ်ဖက်အကြား ထိုက်သင့်သည့် ယုံကြည်မှု တည်‌ဆောင်နိုင်ခြင်းမရှိဘဲ ‌နောက်‌ကြောင်းပြန် လှည့်‌နေခြင်းနှင့် နိုင်ငံ့‌ခေါင်း‌ဆောင်များကို ရုတ်ချည်း ထိန်းသိမ်းလိုက်ခြင်းမှာ ယခင် နည်းလမ်း‌ဟောင်းအတိုင်း ‌ဖြေရှင်း လုပ်‌ဆောင်ခြင်း ဖြစ်‌နေ‌ပေသည်။

အမှန်တကယ် ငြိမ်းချမ်း‌ရေး လိုလားပါက နည်းလမ်း‌ဟောင်းများကို စွန့်လွှတ်ပြီး တဖက်နှင့်တစ်ဖက် အပြန်အလှန် ယုံကြည်မှုတည်‌ဆောက်ကာ ဒီမိုက‌ရေစီ အင်အားစုများ၊ တိုင်းရင်းသားပြည်သူလူထုများ၏ နိုင်ငံ‌ရေး‌မျှော်မှန်းချက်ကို အသိအမှတ်ပြုပြီး မိမိပြည်နယ်၊ တိုင်း‌ဒေသ၊ နိုင်ငံနှင့် အပ်စပ်သည့် နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီ‌သော ဖက်ဒရယ် ဒီမို က‌ရေစီနိုင်ငံ‌တော်ကို လက်‌တွေ့ကျကျ ညှိနှိုင်း‌ဖြေရှင်း ‌လျှောက်လှမ်းကြရန် တိုက်တွန်းလိုပါသည်။