Home သတင်း မြဝတီမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်‌ရေးဆန္ဒပြ ဖမ်းဆီးခံရသူ ၁၄ ဦး ပြန်လည်လွှတ်‌မြောက်

မြဝတီမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်‌ရေးဆန္ဒပြ ဖမ်းဆီးခံရသူ ၁၄ ဦး ပြန်လည်လွှတ်‌မြောက်

1754

‌ဖေ‌ဖော်ဝါရီ ၇ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့၌ ‌ဖေ‌ဖော်ဝါရီလ ၇ ရက် ‌နေ့လည်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဆန္ဒပြမှုတွင် ဖမ်းဆီးခံရသူ ၁၄ ဦး ယ‌နေ့ ည ၇ နာရီခွဲအချိန်ခန့်က ပြန်လည်လွတ်‌မြောက်လာပြီး ဖြစ်‌ကြောင်း သိရသည်။

ယ‌နေ့ မွန်းတည့် ၁ နာရီခွဲခန့်က မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ‌သောင်ရင်းခန်းမ‌ရှေ့ ဘုရင့်‌နောင်လမ်းမကြီး‌ပေါ်တွင် ပြည်သူ ၂၀၀‌ကျော်ခန့် က စစ်အာဏာရှင်ဆန့်ကျင်‌ရေးဆန္ဒ‌ဖော်ထုတ်ခဲ့ရာ ရဲတပ်ဖွဲ့မှ ‌သေနတ်ပစ်‌ဖောက်၍ ဖြိုခွဲခဲ့ပြီး ဆန္ဒပြသူထဲမှ အဲန်အယ်လ်ဒီ ခရိုင်ပါတီဝင် ‌ဒေါ်ခင်ခင်ထား အပါအဝင် ၁၄ ဦးအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရဲတပ်ဖွဲ့မှ အကြမ်းဖက်ဖြိုခွဲဖမ်းဆီးမှုများ ဖြစ်ပွားခဲ့ပြီး‌နောက် ဆန္ဒပြပြည်သူများမှာ တစ်စတစ်စများလာခဲ့ပြီး လူဦး‌ရေ ‌ထောင်နဲ့ချီ၍ လှည့်လည်ဆန္ဒ‌ဖော်ထုတ်မှုများကို ဆက်လက်လုပ်‌ဆောင်ခဲ့ပြီး ဖမ်းဆီးထားသူများ ပြန်လည်လွတ်‌ပေး‌ရေးအတွက် မြဝတီခရိုင်ရဲတပ်ဖွဲ့ရုံး‌ရှေ့ ဘုရင့်‌နောင် လမ်းမကြီး ‌ပေါ်တွင် ည‌နေ ၅ နာရီမှစ၍ ထိုင်သပိတ်ဆင်နွှဲကာ ‌တောင်းဆိုခဲ့ကြသည်။

၎င်း ဆန္ဒပြ‌တောင်းဆိုမှုပြုလုပ်ချိန် ၂ နာရီ‌ကျော်အကြာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားသူ ၁၄ ဦးအား ကိုယ်ပိုင်ခံဝန်ထိုး‌စေ၍ ပြန်လည်လွှတ်‌ပေးခဲ့ခြင်း ဖြစ်သည်။