Home သတင်း အာဏာသိမ်း စစ်‌ကောင်စီနှင့် နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှု ရပ်ဆိုင်းမည်ဟု အပစ်ရပ်အဖွဲ့များ ထုတ်ပြန်

အာဏာသိမ်း စစ်‌ကောင်စီနှင့် နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှု ရပ်ဆိုင်းမည်ဟု အပစ်ရပ်အဖွဲ့များ ထုတ်ပြန်

2175

‌ဖေ‌ဖော်ဝါရီ ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

လက်ရှိ ကာလတွင် အာဏာသိမ်း စစ်‌ကောင်စီနှင့် နိုင်ငံ‌ရေးအရ ‌တွေ့ဆုံ ညှိနှိုင်းမှုများကို ရပ်ဆိုင်းထား မည်ဖြစ်‌ကြောင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ်-NCA လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားအဖွဲ့အစည်းများ၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့ (PPST) ယ‌နေ့ ‌ဖေ‌ဖော် ဝါရီလ ၂ဝရက်‌နေ့ ရက်စွဲဖြင့် ထုတ်ပြန်‌ကြေညာလိုက်သည်။

ယမန်‌နေ့ ‌ဖေ‌ဖော်ဝါရီလ ၁၉ ရက်‌နေ့က PPST အဖွဲ့ဝင် ‌ခေါင်း‌ဆောင်များမှ အထူးအစည်းအ‌ဝေးပွဲတစ်ရပ် ‌ခေါ်ယူကျင်းပခဲ့ပြီး စစ်အာဏာသိမ်းမှု‌ကြောင့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ဆက်လက်‌ဖော်‌ဆောင်သင့် မ‌ဖော် ‌ဆောင်သင့်အ‌ပေါ် သ‌ဘောထားရယူညှိနှိုင်း‌ဆွေး‌နွေးခဲ့ရာမှာ ယခုလို ဆုံးဖြတ်ချက်ထွက်‌ပေါ်လာခဲ့ခြင်း ဖြစ်သည်ဟု PPST ထုတ်ပြန်ချက်၏ ‌ပြောခွင့်ရ ပဒို‌စော‌တောနီးက ယခုလို‌ပြောသည်။

၎င်းက “ကျ‌နော်တို့ နိုင်ငံ‌ရေး ‌ဆွေး‌နွေးမှုလုပ်တဲ့အချိန်က စစ်တပ်က အာဏာမသိမ်းခင်က ဖြစ်တယ်။ လက်ရှိ အာဏာသိမ်းတဲ့ အစုအဖွဲ့ကလည်း တရားမဝင်သလို နိုင်ငံ‌ရေး‌ပြောဆို‌ဆွေး‌နွေးဖို့လည်း မဖြစ်နိုင်ဘူး။ ‌နောက် တစ်ဖက်မှာကလည်း နိုင်ငံ‌ရေးကိစ္စ‌ပြောမယ်ဆိုရင် ‌ပြောဆိုရမယ့် အစုအဖွဲ့အ‌နေနဲ့ အစိုးရဆိုရင် လွှတ်‌တော် လည်းရှိရမယ်၊ အစိုးရလည်းရှိရမယ် တပ်လည်းရှိရမယ်။ အခုက သူတို့ (စစ်‌ကောင်စီ)အဖွဲ့မှာ ဘယ်ဟာက အစိုးရမှန်းမသိဘူး။ လွှတ်‌တော်လည်းမရှိ‌တော့ဘူး။ ဒါ‌ကြောင့် နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှုအဆင့်က ပြီး ပြည့်စုံ တဲ့ဖွဲ့စည်းပုံရှိရမယ်။ တရားဝင်လို့ ‌ပြော‌နေ‌ပေမဲ့လည်း ဖွဲ့စည်းပုံမပြည့်ရင် လုပ်ဖို့ မဖြစ်နိုင်ဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အာဏာရှင်စနစ်အ‌နေဖြင့် အာဏာသိမ်းယူမှု ဖြစ်သည့်အတွက် ၎င်းကို လက်မခံနိုင်သလို တရားဝင်မှု လည်းမရှိ‌သော‌ကြောင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးနိုင်ရန် လုံးဝမဖြစ်နိုင်‌ကြောင်း ပဒို ‌စော‌တောနီးက ဖြည့်စွက်‌ပြော သည်။

PPST အ‌နေဖြင့် လက်ရှိ ဖြစ်‌ပေါ်‌နေသည့် နိုင်ငံ‌ရေး အ‌ခြေအ‌နေ၊ ပြည်တွင်း အ‌ခြေအ‌နေနှင့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များကို အ‌ကြေအလည်‌ဆွေး‌နွေးပြီး‌နောက် ဘုံးသ‌ဘောထားရပ်တည်ချက် (၅)ရပ်ကို ထုတ်ပြန်ရာ တွင် အာဏာသိမ်း စစ်အစိုးရ နှင့် နိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးမှု ရပ်ဆိုင်းသွားမည့် အချက်လည်းပါဝင်လာခဲ့ခြင်း ဖြစ်သည်။

အခြားသ‌ဘောထား ရပ်တည်ချက်များအ‌နေဖြင့် စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုများကို ‌ထောက်ခံ သလို လိုအပ်သည့် ပံ့ပိုးကူညီများလည်း နည်းလမ်းရှာ‌ဖွေ ပံ့ပိုးသွားမည်ဖြစ်‌ကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒ‌ဖော် ထုတ်သူများအား အကြမ်းဖက်နှိမ်နှင်းမှုများကိုလည်း ဆန့်ကျင်‌ကြောင်းလည်း ၎င်းတို့၏ ထုတ်ပြန်ချက်၌ ဆက်လက်‌ဖော်ပြထားသည်။

ထို့အပြင် ဖမ်းဆီး ထိန်းသိမ်းထားသူများကိုလည်း အမြန်ဆုံးလွှတ်‌ပေးရန် ‌တောင်းဆိုထားသလို အာဏာရှင် စနစ် ချုပ်ငြိမ်း‌ရေး နှင့် လက်ရှိ နိုင်ငံ‌ရေး ပြဿနာများကို နည်းလမ်းရှာ ‌ဖြေရှင်းရန် အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း အပါအဝင် ပြည်တွင်းပြည်ပ အင်အားစုများနှင့် ပူး‌ပေါင်း‌ဆောင်ရွက် သွားမည်ဟုလည်း သ‌ဘောထားထုတ်ပြန်ခဲ့သည်။

“လက်ရှိ စစ်တပ်နဲ့‌တော့ နိုင်ငံ‌ရေး‌ဆွေး‌နွေးလို့ မရဘူး။ ဒါ‌ပေမဲ့ နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲ‌တွေ ဆက်လက်‌ပေါ်‌ပေါက်ဖို့ အတွက်က‌တော့ ကျ‌နော်တို့ ပြည်တွင်း ပြည်ပအားလုံးနဲ့ နည်းလမ်းရှာ‌ဖွေသွားမယ်။ ဒါ‌ပေမဲ့ ဘယ်လို ပုံစံ ဖြစ် လာ မလဲဆိုတာ‌တော့ မ‌ပြောနိုင်‌သေးဘူး။ အမြဲတမ်း‌တော့ အတူတကွ နည်းလမ်းရှာ ‌ဆွေး‌နွေးသွားမှာပဲ။ အဓိ က က‌တော့ အစိုးရက တရားဝင်မှုရှိမှ ဖြစ်မယ်” ဟု ပဒို ‌စော‌တောနီးက ဆက်လက်‌ပြောသည်။

ယမန်‌နေ့က ပြုလုပ်သည့် (PPST) ‌ခေါင်း‌ဆောင်များ၏ အထူးအစည်းအ‌ဝေး ပွဲကို Video Conferencing ဖြင့် ပြုလုပ်ခဲ့ပြီး အာဏာသိမ်းစစ်အုပ်ချုပ်‌ရေးကာလတွင် ငြိမ်းချမ်း‌ရေး ဆက်လက် ‌ဆွေး‌နွေးသင့် မသင့်ကို ‌ဆွေး‌နွေး ညှိနှိုင်းဆုံးဖြတ်သွားမည်ဖြစ်‌ကြောင်း PPST ၏ ယာယီအဖွဲ့‌ခေါင်း‌ဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ၎င်း အစည်းအ‌ဝေးအဖွင့်မိန့်ခွန်း၌ ‌ပြောဆိုထားခဲ့ခြင်းဖြစ်သည်။