Home သတင်း အာဏာသိမ်းမှုအ‌ပေါ် ‌ထောက်ခံလက်မှတ်ထိုးရန် ဖိအား‌ပေးခံ‌နေရဟု သံ‌တောင်ကြီးမြို့နယ် ဝန်ထမ်းများ‌ပြောဆို

အာဏာသိမ်းမှုအ‌ပေါ် ‌ထောက်ခံလက်မှတ်ထိုးရန် ဖိအား‌ပေးခံ‌နေရဟု သံ‌တောင်ကြီးမြို့နယ် ဝန်ထမ်းများ‌ပြောဆို

2343

‌ဖေ‌ဖော်ဝါရီ ၈ ရက်၊ ၂ဝ၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် သံ‌တောင်ကြီးမြို့နယ် အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများကို ‌ဖေ‌ဖော်ဝါရီ ၇ ရက်‌နေ့က ‌ခေါ်ယူ‌တွေ့ဆုံပြီး စစ်အုပ်စုမှ အာဏာသိမ်းမှုအ‌ပေါ် ‌ထောက်ခံလက်မှတ် ထိုးခိုင်းလာသည်ဟု ဝန်ထမ်းများက ‌ပြောသည်။

မြို့နယ်အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာန လက်‌ထောက်ညွှန်ကြား‌ရေးမှူး ဦး‌ဇော်မိုး‌အောင်မှ ဌာနဆိုင်ရာဝန်ထမ်းများကို စစ်အာဏာသိမ်းမှုအ‌ပေါ် ‌ထောက်ခံလက်မှတ်ထိုးရန်နှင့် ဝန်ထမ်းများလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကိုပါ လက်မှတ်ထိုး‌ပေးရန် ‌ပြောဆိုလာသည့်အတွက် အများစု ငြင်းဆန်ထားသည်ဟု အမည်မ‌ဖော်လိုသူ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“မြို့နယ်‌ထွေအုပ်က လက်ရှိအာဏာသိမ်းထားတဲ့ အစိုးရကို ‌ထောက်ခံ‌ကြောင်း လက်မှတ်ထိုးခိုင်းတယ်။ ဓာတ်ပုံမှတ်တမ်းကဒ် ‌တောင်းတယ်။ ‌ထောက်ခံပါတယ်ဆိုတဲ့ စာကိုကိုင်ပြီး ဓာတ်ပုံရိုက်ခိုင်းတယ်။ ဝန်ထမ်းစည်းမျဉ်း‌တွေ လိုက်နာပါ့မယ်ဆိုပြီး လက်မှတ်ထိုး‌ပေးဖို့ ‌ပြောလာတယ်။ အချို့‌တော့ ထိုးဖို့ရှိတယ်။ အားလုံးက ငြင်းတယ်။ လုံးဝမ‌ထောက်ခံပါဘူး။ ဗုဒ္ဓဟူး‌နေ့ ပြန်ချိန်းထားတယ်” ဟု ၎င်းက ယ‌နေ့ ‌ဖေ‌ဖော်ဝါရီ ၈ ရက်တွင် ‌ပြောသည်။

ရဲ၊ မီးသတ်၊ လဝက၊ စည်ပင်၊ ကျန်းမာ‌ရေး၊ လျှပ်စစ်၊ ပညာ‌ရေး၊ သာသနာ‌ရေး၊ ‌မွေးကု၊ စိုက်ပျိုး‌ရေးနှင့် အခြားဌာနဆိုင်ရာများကို မြို့နယ်‌ထွေအုပ်ရုံးတွင် ‌ခေါ်ယူ‌တွေ့ဆုံကာ ဌာနဆိုင်ရာအများစု လက်မှတ်ထိုးရန် ငြင်းဆန်ထားပြီး ဝန်ထမ်းအချို့မှာလည်း လက်မှတ်ထိုးသွားရန် ရှိသည်ဟု ဝန်ထမ်းများထံမှ သိရသည်။

စစ်အုပ်ချုပ်‌ရေးကို မလိုလားသည့် ဌာနဆိုင်ရာဝန်ထမ်းများမှ ဆန္ဒထုတ်‌ဖော်သည့်အ‌နေဖြင့် မိမိတို့ဌာနအလုပ်များ ရပ်တန့်ထားမှုရှိသလို ပြည်သူ့‌ဆေးရုံများတွင်လည် လက်ကျန်လူနာများမှအပ အပြင်လူနာများကို ကုသမှု‌တွေ ရပ်တန့်ထားလိုက်ပြီးဟု ဝန်ထမ်းများထံမှ သိရသည်။

“ကျ‌နော်တို့ အနာဂတ်‌ပျောက်သလို ခံစားရတယ်။ အ‌ကြောက်တရား‌တွေနဲ့ ရှင်သန်ရမှာကို မလိုလားဘူး။ စစ်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့အ‌နေနဲ့ CDM ကန်ပိန်း လုပ်တယ်။ ဒီအ‌ပေါ်မှာ ပြည်သူ‌တွေ့အ‌နေနဲ့ ကျန်းမာ‌ရေး ဝန်ထမ်း‌တွေကို နားလည်‌ပေးပါဗျာ။ ‌ရွေး‌ကောက်ပွဲရလဒ်ကို လက်ခံ‌ပေးဖို့နဲ့ လွှတ်‌တော်ချက်ချင် ပြန်‌ခေါ်ဖို့ ‌တောင်းဆိုပါတယ်”ဟု ကရင်ပြည်နယ် လက်‌ထောက်ကျန်းမာ‌ရေး ဝန်ထမ်းတစ်ဦးက ‌ဖေ‌ဖော်ဝါရီ ၆ ရက်‌နေ့ ‌ကေအိုင်စီ သို့‌ပြောသည်။

မတရားဖမ်းဆီးထားသူများကို ပြန်လွှတ်‌ပေးရန်နှင့် ‌ရွေး‌ကောက်ပွဲအနိုင်ရသည့် အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုအတိုင်းသာ လိုလားကြပြီး စစ်အုပ်ချုပ်မှုကို လုံးဝဆန့်ကျင်သည်ဟု ဌာနဆိုင်ရာဝန်ထမ်းများက ‌ကေအိုင်စီ သို့‌ပြောသည်။

လက်ရှိအချိန်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အ‌နေဖြင့် အစိုးရဝန်ထမ်းအချို့အပါအဝင် အလွှာအသီးသီးမှ ပြည်သူများသည် ‌ဖေ‌ဖော်ဝါရီလ ၆ရက်မှစတင်ကာ ယ‌နေ့အထိ နိုင်ငံအနှံ့ ဆန္ဒပြလျက်ရှိသည်။