Home သတင်း လှိုင်းဘွဲတွင် သံပုံးတီးသည့် လူငယ်တစ်ဦး ‌ထောင် ၇ ရက်ကျ

လှိုင်းဘွဲတွင် သံပုံးတီးသည့် လူငယ်တစ်ဦး ‌ထောင် ၇ ရက်ကျ

3095

‌ဖေ‌ဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ (ဂ)ရပ်ကွက်တွင် ‌နေထိုင်‌သော စ‌အောင်မိုးဟိန်းဆိုသည့် လူငယ်သည် စစ်အာဏာရှင်ကို ဆန့်ကျင် သည့်အ‌နေဖြင့် ၎င်း၏‌နေအိမ်၌ သံပုံးတီးခဲ့သဖြင့် ‌ဖေ‌ဖော်ဝါရီ ၁၆ ရက်‌နေ့တွင် ‌ထောင်ဒဏ် ၇ရက် ချမှတ်ခံခဲ့ရသည်ဟု သိရသည်။

စ‌အောင်မိုးဟိန်းမှာ ‌ဖေ‌ဖော်ဝါရီ ၅ ရက်‌နေ့ညတွင် သံပုံးတီးခဲ့ခြင်း‌ကြောင့် လှိုင်းဘွဲမြို့မရဲစခန်း၊ ဒုရဲအုပ်မှ တရား လိုပြုလုပ်ပြီး ‌ထောင်ဒဏ်(၇)ရက် ချမှတ်ခံခဲ့ရ‌ကြောင်း စ‌အောင်မိုးဟိန်း၏ သူငယ်ချင်းတစ်ဦးက ‌ကေအိုင်စီသို့ ယ‌နေ့(‌ဖေ‌ဖော်ဝါရီ ၁၈ ရက်)တွင် ‌ပြောသည်။

“၅ ရက်ညက သူတီးလည်းပြီး‌ရော ရဲ‌တွေ‌ရောက်လာပြီး ရဲစခန်း‌ခေါ်သွားတယ်။ ရဲစခန်း‌ရောက်‌တော့ ခံဝန်ကတိ ထိုးပြီးပြန်လာတယ်။ ၁ဝ ရက်‌နေ့‌လောက်မှ ရဲစခန်းက‌နေ ဖုန်းထပ်ဆက်လာတယ်။ ‘ကျ‌နော်တို့ဖက်က အမှုတင်လိုက်မယ် တရားရုံးမှာ လက်မှတ်သွားထိုးခိုင်းလိုက်ရင်ပြီးပြီ’ လို့ ရဲက ‌ပြောတယ်။ ၁၆ ရက်‌နေ့ကျ‌တော့ လှိုင်းဘွဲ တရားရုံးမှာ လက်မှတ်သွားထိုးပြီး သူပြန်ထွက်လာတာနဲ့ ‌တောင်က‌လေး‌ထောင် တိုက်ရိုက်‌ခေါ်သွားခံရတယ်။” ဟု စ‌အောင်မိုးဟိန်း၏ သူငယ်ချင်းက ‌ပြောသည်။

ပထမအကြိမ် ခံဝန်ကတိထိုးပြီး ‌နောက်တွင် သံပုံးမတီး‌တော့ပါဟု စ‌အောင်မိုးဟိန်းက ရဲအား‌ပြောဆိုကာ အမှုပြီး ‌မြောက်သွားမည်ဟု ထင်ခဲ့ကြ‌သော်လည်း ယခုလို ‌ထောင်(၇)ရက်ကျခံရန် အမိန့်ချမှတ်ခံခဲ့ရခြင်းအ‌ပေါ် တရား မျှတမှု မရှိ‌ကြောင်း အမည်မ‌ဖော်လိုသူ လှိုင်းဘွဲမြို့ခံတစ်ဦးက ယခုလို ‌ပြောသည်။

“ကျ‌နော်တို့က ဒီဖြစ်စဉ်အ‌ကြောင်းစုံသိရဖို့အတွက် အမှုတွဲကို ‌တောင်း‌ပေမယ့် ရဲဖက်က မ‌ပေး‌သေးပါဘူး။ ခံဝန် ကတိနဲ့ ပြီးရမယ့်ဟာကို အမှုပါတင်လိုက်တယ်။ ရဲဖက်ကလည်း ပထမဦးဆုံး တီးတဲ့သူကို အဖမ်းပြလိုက်တယ် လို့ ထင်တယ်။ အခုဆို တစ်မြို့လုံးတီးတာ ဘယ်သူ့ကိုမှ မဖမ်း‌တော့ဘူး‌လေ။” ဟု ဖြစ်စဉ်တွင် လိုက်ပါခဲ့သူ အဆိုပါ မြို့ခံက ‌ပြောသည်။

လှိုင်းဘွဲမြို့တွင် ပထမဦးဆုံး သံပုံးတီးခဲ့သည့်ည၌ စ‌အောင်မိုးဟိန်းနှင့်အတူ အခြား‌သော အိမ်များမှ သံပုံး တီး ခဲ့ခြင်းများ ရှိ‌သော်လည်း စ‌အောင်မိုးဟိန်းတစ်ဦးကိုသာ အမှုစွဲ ‌ထောင်ချခံခဲ့ရခြင်း ဖြစ်‌ကြောင်းလည်း သိရ သည်။

ဖားအံမြို့၊ ‌တောင်က‌လေး အကျဉ်း‌ထောင်၌ ‌ရောက်ရှိ‌နေ‌သော အသက်(၂၂)နှစ်အရွယ် စ‌အောင်မိုးဟိန်းသည် ဖက်ဒရယ်ဒီမိုက‌ရေစီစနစ် ‌ပေါ်ထွန်း‌ရေးအတွက် အ‌ထောက်အကူပြုနိုင်ရန် ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းထား‌သော လှိုင်းဘွဲလူငယ်ကွန်ရက်၏ နည်းပညာပိုင်းကူညီ‌ပေး‌နေသူတစ်ဦး ဖြစ်‌ကြောင်းလည်း သိရသည်။